Chapter (22-1)   ( Zawgyi + Unicode)

ကျိုးယွန်ရှန့်က ညသန်းခေါင်မှာ နိုးလာခဲ့တယ်။ သူနိုးလာတော့သူ့ ရင်ဘတ်က တင်းကြပ်နေတယ်လို့ ခံစားလိုက်ရလို့ စည်းနှောင်ထားတဲ့ ပတ်တီးကို ဖယ်ရှားပြစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရင်ဘတ်က ဓါးဒဏ်ရာက ဆေးကုစရာမလိုပဲ တလခွဲလောက်ဆိုရင် အလိုလိုပျောက်သွားမှာဖြစ်တယ်။

ဇီရွှမ်က သူ့ဘေးမှာထိုင်နေပြီး သွေးနီရောင်ရဲနေတဲ့ မျက်ဝန်းတွေနဲ့ ကျိုးယွင်ရှန့်ပျောက်ကွယ်သွားမှာကို ကြောက်ရွံ့တဲ့ အကြည့်တွေနဲ့ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေတယ်။ ကျိုးယွင်ရှန့်နိုးလာတာကို တွေ့တော့ သူက ချက်ချင်းပဲ သူ့ရင်ဘတ်ထဲမှာ သိမ်းဆည်းထားတဲ့ သိုင်းကျမ်းကို ကမ်းပေးပြီး အသံအက်အက်နဲ့ပြောလိုက်တယ်။

"Wuji Xinjing သိုင်းကျမ်းက ဒီမှာပါ။ ငါ မင်း အတွက် သေချာသိမ်းဆည်းပေးထားတယ်။ ဒီသိုင်းကျမ်းကို စောင့်ရှောက်ဖို့ ငါ ကူညီပေးမယ်။"
သူ့လေသံက ချီးမွမ်းစကားဆိုမှာကို မျှော်လင့်နေပုံရတယ်။   ကျိုးယွင်ရှန့်က သိုင်းကျမ်းကို အသာယာ လှမ်းယူလိုက်တယ်။

"စိတ်မပူနဲ့တော့။ နောင်ခါမှာ တယောက်ယောက်က မင်းကို အနှောက်ယှက်ပေးချင်ရင် ငါ့ကို အရင်ဖြတ်ကျော်ပြီးမှ မင်းဆီကို ရောက်လာစေရမယ်။ "
ဇီရွှမ်က ကျိုးယွင်ရှန့်ကို အကြိမ်ကြိမ်အခါခါ စိတ်အားထက်သန်စွာ ကတိပေးနေတယ်။ နောက်ဆုံးတော့ သူ အချိန်မှီသွားခဲ့ပြီ။ ဒီလူငယ်လေးကို စောင့်ရှောက်ဖို့ အချိန်မှီလေး သူ ရောက်ရှိလာခဲ့ပြီ။ သူက လူငယ်လေးရဲ့ ဖြူဖျော့တဲ့ ပါးပြင်ကို ပွတ်သပ်ပေးချင်ပေမယ့် နည်းနည်းလေးမှ မလှုပ်ရဲဘူးဖြစ်နေတယ်။

ကျိုးယွင်ရှန့်က မပြုံးပဲ မနေနိုင်ဘူး။ သူက စိတ်ဆိုးမာန်ဆိုးနဲ့ ညင်ညင်သာသာလေးပြောလိုက်တယ်။
"အရူး"

"ဟုတ်တယ်။ ငါက တကယ့်ကို ရူးမိုက်တဲ့သူပါ။ "
သူသာ မရူးမိုက်ဘူးဆိုရင် သူချစ်တဲ့ လူငယ်လေးကို သေလုမျောပါး အဖြစ်ပျက်ကြားထဲ တွန်းချခဲ့မှာတဲ့လား။

"ခင်ဗျားသိရဲ့လား...."
ကျိုးယွင်ရှန့်က သိုင်းကျမ်းကို ခေါက်ပြီး ဘုန်းကြီးရဲ့မျက်နှာကို လှမ်းရိုက်လိုက်ချိန်မှာ မတော်တဆ ဒဏ်ရာကို ထိမိပြီး သူ့လည်ချောင်းထဲ သွေးတွေပြည့်လာလို့ ပြောလက်စ စကားကို ဆက်မပြောနိုင်တော့ဘူး။ သူ့ပါးစပ်ထဲက သွေးတွေက နူတ်ခမ်းထောင့်ကနေ စီးကျလာခဲ့တယ်။

"တောင်ကြားသခင်က မင်းရဲ့နှလုံးကို ပြန်ကောင်းအောင် ကုသပေးထားတာ။ အခု လက်လွှတ်စပယ် လှုပ်ရှားတာတွေ၊ စကားများများပြောတာတွေ မလုပ်သေးနဲ့ဦး။ နောင်အခါ မင်း နေကောင်းသွားရင် ငါ့ကို ကြိုက်သလောက် ဆူလို့၊ ရိုက်လို့ရတယ်။ အခုတော့ မင်း သေချာအနားယူလိုက်ဦး။ "

ဇီရွှမ်က ကျိုးယွင်ရှန့်မလှုပ်ရှားနိုင်အောင် အကြောပိတ်လိုက်ပြီး သိုင်းကျမ်းကို သူ့ရဲ့ င်္အကျီလက်ထဲ သေချာသိမ်းဆည်းပေးပြီး တင်းတင်းကျပ်ကျပ်ဖက်ထားရင်း ပြောလိုက်တယ်။ ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ တောက်ပစိုစွတ်တဲပ့ မက်မုံပွင့်မျက်ဝန်းလေးတွေကို ကြည့်ပြီး အူယားသွားလို့ ကိုယ်ကို ငုံ့ကိုင်းလိုက်တယ်။
ဒီအပြုမူလေးက ဇီရွှမ်ရဲ့ ရင်ထဲက ပြင်းထန်တဲ့ စိတ်တွေကို လှစ်ဟပြနေသလိုပဲ။ သူက သူ့လက်တွေကို ကျိုးယွင်ရှန့်ရဲ့ မျက်နှာဘေးမှာ ထောက်ထားပြီး သူ့ ကိုယ်အလေးချိန် ကျိုးယွင်ရှန့်ပေါ် မဖိမိအောင် သတိထားလိုက်တယ်။ ပြီးတော့ နမ်းဖို့ ခေါင်းကို နှိမ့်လာတယ်။

ဇီရွှမ်ရဲ့ စိတ်နှလုံးတစ်ခုလုံးက ပုံမှန်မဟုတ်ပဲ ပြင်းစွာခုန်လာပြီး သူ့စိတ်ဝိဉာဉ် စုပ်ယူခံလိုက်ရသလို တကိုယ်လုံးကို တုန်ယင်သွားစေတယ်။ ဒီလူငယ်လေးရဲ့ နူတ်ခမ်းနဲ့ လျှာတွေက ဘာကြောင့် ဒီလောက်ထိအောင် ခံစားရစေတာလဲ။ သူ့တကိုယ်လုံး လေထဲ မြောက်တက်သွားသလို၊ ရေထဲက မှီတွယ်ရာမဲ့ မျောနေတဲ့ လှေလေးလို ခံစားသွားရစေတယ်။ လျှာနှစ်ခု ယှက်နွယ်သွားတော့ ခံစားချက်တွေက တခါတလေ ပျော်ရွှင်မှု၊ တခါတလေ ကြောက်ရွံ့မှုနဲ့ တွန့်ဆုတ်မှုတွေကို ခံစားလာရစေတယ်။ ဇီရွှမ်က ဒီလူငယ်လေးနဲ့ နှစ်ကိုယ်တစ်စိတ်ပူးပေါင်းလိုက်ချင်တယ်။ သူ့နှလုံးသားအောက်ခြေမှာ ဒီလူငယ်လေးကို သိုဝှက်သိမ်းဆည်းထားချင်တော့တယ်။

ပထမ ကျိုးယွင်ရှန့်က ဒီလူရဲ့ လျှာ သူ့အာခံတွင်းထဲ အတင်းထိုးဖောက်လာတဲ့အထိ ခုခံနေသေးတယ်။ နောက်တော့ သူ့အာခံတွင်းထဲ ရောက်လာတော့ သူ လိုသလို ထိန်းချုပ်တော့တယ်။

ဇီရွှမ်က သူ့ကိုယ်အောက်မှာရှိတဲ့ လူငယ်လေးကို ဘယ်လောက်တောင်စွဲလမ်း တပ်မက်မိသလဲဆိုတာ ကိုယ့်ဖာသာ သတိပြုမိတော့ အမှတ်တမဲ့နဲ့ လူငယ်လေးရဲ့ နားရွက်ဖျားက အဖုလေးကို အသာယာပွတ်သပ်ရင်း ဒေတာတွေကို လွှွဲပြောင်းပေးနေမိတယ်။

အခန်းထဲမှာ ညင်သာသိမ်မွေ့တဲ့ နူတ်ခမ်းခြင်းထိတွေ့သံတွေ ထွက်ပေးလာတယ်။ နောက်ဆုံး မီးငြိမ်းသွားတဲ့အချိန်ထိ သူတို့နှစ်ယောက် သည်းသည်းမည်းမည်းနမ်းနေမိကြတယ်။ မီးငြိမ်းလို့ မှောင်သွားတော့ ဇီရွှမ်က လူငယ်လေးရဲ့ နူတ်ခမ်းကနေ ခွာလိုက်တယ်။ သူ့မျက်နှာပေါ်မှာ ပြုံးနေပြီး ရွင်မြူးရိပ်တွေ ထင်ဟပ်နေတယ်။

ဇီရွှမ်က လူငယ်လေးရဲ့ အေးစက်တဲ့ လည်ပင်းကို အသာထိတွေ့လိုက်ပြီး ခေါင်းကို လက်နဲ့ အသာယာပွေ့ပြီး ညင်သာတဲ့ အနမ်းကို ထပ်ပေးလိုက်ပြန်တယ်။ သူက ကျိုးယွင်ရှန့်ရဲ့ နှာခေါင်းထိပ်ဖျားလေးကို အသာယာနမ်းလိုက်ပြီး အိပ်ယာပေါ်က ထလိုက်တယ်။ သူက မီးလင်းဖိုထဲ ထင်းတွေ ထပ်ထည့်လိုက်တော့ အခန်းထဲ လင်းလာခဲ့တယ်။ သူ ဝတ်ထားတဲ့ ဘုန်းကြီး ဝတ်ရုံက လျော့ရဲနေပြီး သူ့ရင်အုပ်ကို အထင်းသားပေါ်လွင်နေစေတယ်။ ဒါ့အပြင် သူ့ဝတ်ရုံအောက်ပိုင်းက စိတ်လှုပ်ရှားတက်ကြွတဲ့အတွက် စိုစွတ်တဲ့ အကွက်တစ်ကွက်ဖြစ်နေတယ်။ ဒါကို ဇီရွှမ်က ဖုံးကွယ်မယ့် ပုံမပေါ်သလို စိတ်အနှောက်ယှက်ဖြစ်ပုံလည်း မပေါ်ဘူး။

ကျိုးယွင်ရှန့်က တကိုယ်လုံး လှုပ်ရှားလို့မရအောင် အကြောပိတ်ထားခံရလို့ မလှုပ်မယှက်နေနေရပြီး ဇီရွှမ်အဝတ်ပေါ်က အကွက်ကို စိုက်ကြည့်နေလိုက်တယ်။ ဇီရွှမ်က ရှက်တဲ့ပုံနည်းနည်းလေးမှ မပေါ်ပဲ အဝတ်ကို ချွတ်လိုက်ပြီး အစောင်အောက်ကို တိုးဝင်လိုက်တယ်။ ပြီးတော့ ကျိုးယွင်ရှန့်ကို လက်မောင်းကြားထဲ ညင်သာစွာ ထွေးပွေ့ထားပြီး ကြင်ကြင်နာနာပြောလိုက်တယ်။

"အိပ်ကြစို့နော်...."
ဇီရွှမ်က စောင်ကို သူ့ကျန်းချီတွေနဲ့ အပူပေးလိုက်လို့ အိပ်ယာက အရမ်းကို သက်တောင့်သက်သာဖြစ်သွားလို့ ကျိုးယွင်ရှန့်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့တယ်။  ဇီရွှမ်ကတော့ တညလုံး မအိပ်ပဲ ကျိုးယွင်ရှန့်ကို သွေးနီရောင်မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။ ကျိုးယွင်ရှန့်နိုးလာတဲ့အခါ ဇီရွှမ်ရဲ့ မျက်ဝန်းတွေကို တွေ့တော့ အံ့အားသင့်သွားတယ်။ သူထင်ထားတာက ဇီရွှမ်က မကောင်းဆိုးဝါးချီတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်ပဲ အတွင်းအား ကမောက်ကမဖြစ်နေတယ်လို့ထင်ထားတာ။ ကြည့်ရတာ သူထင်တာ လွဲနေပြီထင်တယ်။ တညလုံး သူ့ကို ထွေးပွေ့ပြီး ကျန်းချီတွေနဲ့အပူပေးနေတာတောင် ဇီရွှမ်ကို ကြည့်ရတာ နည်းနည်းလေးမှ အားယုတ်တဲ့ပုံမတွေ့ရဘူး။ ကျင့်စဉ်ဖောက်ပြန်သွားမယ့် ပုံလည်း မတွေ့ရဘူး။

ကျိုးယွင်ရှန့်က သူ့ကို အကြောပိတ်ထားတာ ကောင်းကောင်းမပွင့်သေးတော့ စကားမပြောနိုင်သေးပဲ တီးတိုး အသံလေးပြုပြီး အချက်ပြလိုက်တယ်။ ဇီရွှမ်က သူ့ကို အကြောဖွင့်မပေးပဲ သမားတော်ကို ကျိုးယွင်ရှန့်ရဲ့ ပတ်တီးတွေကို ပြန်လဲပေးပြီး ဆေးထည့်ပေးဖို့ အမိန့်ပေးလိုက်တယ်။ သူက အိပ်ယာထက်က ထပြီး ဆေးကျိုထားတဲ့ အိုးထဲကနေ ပန်းကန်ထဲကို ဆေးဌဲ့ထည့်ပြီး မပူအောင် သေချာမှုတ်ပေးတယ်။ ပြီးမှ ကျိုးယွင်ရှန့်ရဲ့ကိုယ်ကို ထူမပေးပြီး တဇွန်းခြင်း ဝင်အောင ်တိုက်တယ်။

ကျိုးယွင်ရှန့်က ဆေးတွေကို ထွေးထုတ်ချင်ပေမယ့် အကြောပိတ်ထားလို့ ဘယ်လိုမှ ထွေးထုတ်လို့မရပဲ ဆေးတွေကို မြိုချရတော့တယ်။ ဆေးတွေက အရမ်းခါးလွန်းလို့ ဒီဆေးကို မြိုချလိုက်ချိန်မှာ သူ့မျက်ဝန်းထဲက မျက်ရည်တွေ ဝေ့တက်လာတယ်။ သူ့ပုံက ငိုသံမထွက်ပဲ ငိုကြွေးနေသလိုဖြစ်လို့ ဇီရွှမ်က ဆေးပန်းကန်ကို ချလိုက်ပြီး ကျိုးယွင်ရှန့်မျက်နှာ ကို အတော်ကြာအောင် ငေးမောကြည့်လိုက်ပြီး ဘယ်လိုမှ မချုပ်ထိန်းနိုင်တော့ပဲ လူတွေရှိနေတာတောင် သူက ကျိုးယွင်ရှန့်ကို နမ်းရှိုက်လိုက်တော့တယ်။

ဗုဒ္ဓဘာသာရဲ့စည်းကမ်းထဲမှာ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ဘယ်လိုခွဲခြားထားတယ်ဆိုတာ သူ ဂရုမစိုက်ဘူး။ သူ သိတာ ဒီလူငယ်လေးကို သူ သေလုမတတ် စွဲလမ်းနေတယ်ဆိုတာပဲ။ ဒါကြောင့် လူငယ်လေးကို အလောတကြီး နမ်းလိုက်တယ်။ တလောကလုံးက လူတွေက သူတို့ကို တားမြစ်ဆန့်ကျင်တယ်ဆိုရင်တောင်မှ ဒီလူငယ်လေးကို သူ အသက်ပေးပြီး ကာကွယ်ပေးသွားဦးမှာပဲ။

အခန်းထဲမှာ ရှိနေတဲ့ အလုပ်သင် သမားတော်လေးက ဒီမြင်ကွင်းကို တွေ့တော့ ထိတ်လန့်သွားပြီး လက်ထဲ ကိုင်ထားတဲ့ လင်ဗန်းကို ဖြစ်ညစ်လိုက်မိလို့ အသံကျယ်လောင်စွာမြည်သွားတော့တယ်။ ဒီလောက်ကျယ်တဲ့ အသံထွက်တာတောင် ဇီရွှမ်က အလေးမထားပဲ ဆက်လက်နမ်းနေတဲ့အတွက် ကျန်တဲ့သူတွေက မျက်လုံးအကြည့်ကိုလွဲပြီး အခန်းထဲက အလိုက်တသိ ထွက်သွားကြတော့တယ်။  အပြင်ကို ရောက်တော့မှ ပဲ သူတို့က ကျောပြင်မှာ ချွေးအေးတွေထွက်ပြီး ထိတ်လန့်နေကြတယ်။

ဒီလူက တကယ်ပဲ ဘုန်းကြီးဇီရွှမ်ပဲလား။ သူက ဘာကြောင့် လူငယ်လေးကို နမ်းနေရတာလဲ။

အဲ့ဒီအချိန်မှာ တောင်ကြားသခင်ရဲ့ အခန်းပြတင်းတံခါးမှာ ခိုတစ်ကောင် လာနားပြီး ပျော်ရွင်စွာ အသံပြုလိုက်တယ်။ နောက်သုံးရက်ကြာတော့ ကျိုးယွင်ရှန့်ရဲ့ ဒဏ်ရာက နည်းနည်းသက်သာစပြုလာပေမယ့် သူ့ ကိုယ်ထဲက အဆိပ်ကတော့ ထိန်းရုံပဲ ထိန်းထားနိုင်သေးတယ်။ အဆိပ်က အချိန်မရွေးပြန့်ပြီး သူ့အသက်ကို နူတ်ယူသွားနိုင်တယ်။

ဇီရွှမ်က နေ့တိုင်း ကျိုးယွင်ရှန့်သောက်ဖို့ ဆေးကို သွားယူတိုင်း တောင်ကြားသခင်ကို အေးစက်တဲ့ မျက်ဝန်းတွေနဲ့ကြည့်ပြီး သူ့အပေါ် ဖိအားတွေကို ပိုပို တိုးလာစေတယ်။ ဒီကနေ့ အလုပ်သင် သမားတော်လေးက ဆေးပန်းကန်ထည့်လာတဲ့ လင်ဗန်းကို သယ်လာပြီး စားပွဲပေါ်တင်ပေးထားတယ်။ ဇီရွှမ်က ဆေးပန်းကန်ကို ကျိုးယွန်ရှန့်လက်ထဲကို ထည့်ပေးပြီး ကူကယ်ရာမဲ့စွာနဲ့တိုက်တွန်းလိုက်တယ်။ ဆေးက ခါးလွန်းတာကို သိပေမယ့် ဒါကို သောက်မှရမှာဖြစ်လို့ ဇီရွှမ်က ရေကို အသင့်ခပ်ပေးထားတယ်။

ကျိုးယွင်ရှန့်က ဆေးပန်းကန်ကို မော့သောက်မလိုလုပ်ပြီးနောက် ဘာမှ မပြောပဲ ပန်းကန်ကို ကြမ်းပြင်ပေါ် ပြစ်ချလိုက်တယ်။ ဆေးပန်းကန်ကို ခွဲလိုက်တာ မြင်လိုက်တော့ အလုပ်သင်သမားတော်လေးက ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ကြောက်လန့်တကြားနဲ့ တောင်းပန်လိုက်တယ်။

"ဆေးထဲမှာ အဆိပ်ပါတာလား"
ဇီရွှမ်က မေးလိုက်ပေမယ့် သူ့လေသံထဲမှာ သေချာသိထားပြီးသလို ခိုင်မာနေတယ်။ ကျိုးယွင်ရှန့်က ခေါင်းငြိမ့်ပြလိုက်တယ်။
=====================================

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)जहाँ कहानियाँ रहती हैं। अभी खोजें