အိုဆယ်​ဟွန်း ရဲ့ ဘာမှမပါ​သော အဲ့ဒီ စကားတစ်​ခွန်းမှာကိုပဲ ​မာမားတို့က ချက်​ချင်းလက်​ခံသွားပြီး ရိ​ပေါ်ကို ဧည့်​ခန်းမှာ ထိုင်​ဖို့ ဖိတ်​​ခေါ်​တော့​လေသည်​။

" နာမည်​က ဝမ်​ရိ​ပေါ်ဟုတ်​လား? မင်းတို့က မျိုးရိုးနာမည်​ဘာလို့မတူကြတာလဲ?"

" အာ..ဘွားဘွားကလည်း ညီဆိုတာ အရင်းမဟုတ်​ဘူး​လေ..ဝမ်းကွဲ..ဝမ်းကွဲ "

"​သြော်​ အဲ့လိုလား..ရုပ်​က​တော့အရမ်းမဆင်​ပါဘူးလို့..မင်းတို့ညီအစ်ကို​တွေက အ​နေ​အေးကြတယ်​ထင်​တယ်​​နော်​ "

"နေပါဦး ဆယ်​ဟွန်း ရဲ့ ညီက ဘယ်​လိုလုပ်​ ​သားနဲ့ အတူ ​ရောက်​လာရတာလဲ? "

"​သြော်​..ဒါက ဒီလို​လေ မာမားရဲ့
ရိ​ပေါ်က ​ကျောင်းမှာ ကျ​နော်​စာသင်​ရတဲ့အတန်းတစ်​ခုက ​ကျောင်းသား​လေ အဲ့​တော့ ကျ​နော်​တို့ အချင်းချင်းသိ​နေတာနဲ့ အတူ လာဖြစ်​သွားတာ "

"အဲ့လိုလား..​ရေစက်​​တွေပဲနဲ့တူတယ်​​နော်​ "

ရှောင်းကျန့်​ မချိသွားဖြဲပြန်​ရယ်​ပြလိုက်​သည်​။

အခုမှ ​အသက်​​ဝဝရှူသွင်းရင်း ​ဘေးနား​ရောက်လာတဲ့ င​မွေထိုး ​ကျိုးကျို့လုဟန်​ကိုလည်း ကျိန်​ဆဲလိုက်​ဖို့ မ​မေ့။

" ပြီးမှ ​တွေ့မယ်​ ​ရှောင်​လုဟန်​! "

မျက်​လုံးတစ်​ဖက်​ကို​ လက်​ညှိုးနဲ့ အောက်​ဆွဲချပြီး လျှာထုတ်​ပြတဲ့ လုဟန်​ကို လည်​ပင်းညှစ်​ပစ်​လိုက်​ချင်​စိတ်​အား ဖုန်းဆက်​ရင်း လှမ်းကြည့်​လာ​သော အိုဆယ်​ဟွန်း ​ကြောင့်​ ချိုးနှိမ်​လိုက်​ရပါ၏။

➳

ရှောင်းကျန့်​တို့ အိမ်​က အကြီးကြီးမဟုတ်​။ ​မာမားတစ်​ခန်း၊ဘွားဘွားတစ်​ခန်းအပြင်​ ​လုဟန်​တစ်​ခန်း၊​ရှောင်းကျန့်​တစ်​ခန်း သီးသန့်​စီ။ ဧည့်​သည့်​ဘာညာအတွက်​ အပိုဆိုလို့ တစ်​ခန်းပဲရှိတာ။ အဲ့တစ်​ခန်းမှာလည်း ဖြစ်​ချင်​​တော့ အိုဆယ်​ဟွန်း က ​နေ​နေတာ။

နေ့ညပဲ လက်​ထပ်​​တော့မှာဆို​ပေမယ့်​ ဘာလို့လဲမသိ ကျိုးကျို့လုဟန်​နဲ့ အိုဆယ်​ဟွန်းကို မာမားက ​ရောက်​ကတည်းက အခန်းသီးသန့်​စီ​နေ​စေခဲ့သည်​တဲ့။ ညည လူအိပ်​ချိန်​ နှစ်​​ယောက်​က တစ်​ခန်းထဲ​ရောက်​ချင်​​ရောက်ေ​နမှာတော့ မာမားသိမှာမဟုတ်​။ 

All I Ever Need Is You Where stories live. Discover now