Part-8
“yah ပတ်ချန်းယောလ်.”
“ဘာ--လဲ ဘတ်ခွန်းနီးလေးရဲ့..ငါ ကချစ်လို့ကို။ဘတ်ခွန်းနီးလေးက အဖြေမပေးတော့ အတိအလင်းနမ်းလို့မရ--အဲ့လေ.။အတိအလင်းချစ်သူမဖြစ်ရတော့ ဒီကချန်းယောလ်လီက ကြံမိကြံရာ ကြံမိတာပါ။နောက်ပြီး ဆယ်ဟွန်း--အိုဆယ်ဟွန်းက အကြံပေးတာနဲ့။”
ဆယ်ဟွန်းအခန်းထဲတွင်ဖြစ်သည်။ဆယ်ဟွန်းကုတင်ပေါ်ထိုင်နေသည့် ဘတ်ဟျွန်းနားတွင် အတင်းပင် တွယ်ကပ်လျက် လူကောင်နှင့်မှမလိုက် ခပ်ချွဲချွဲလုပ်နေသည့် ချန်းယောလ် ပင် ဖြစ်ပေတော့၏။နှစ်ယောက်စလုံးက ဆယ်ဟွန်း ၏ညဝတ် အင်္ကျီကိုယ်စီနှင့်။ဆယ်ဟွန်းကတော့ ရေထိထားသည့်နှစ်ယောက် လုံးအတွက် ကော်ဖီပူပူလေးသွားဖျော်နေလေ၏။ ရေကူးကန်ဘေးတွင် ချန်းယောလ်ကိုဖက်ကာ စိုးရိမ်တကြီးငိုရှိုက်ခဲ့ပြီးမှ အရင်နှစ်က ချန်းယောလ် ရေကူးပြိုင်ပွဲဝင်တုန်းက ဘတ်ဟျွန်းကိုယ်တိုင် အသံပြဲနှင့် အားကုန်အားပေးခဲ့တာကို ပြန်အမှတ်ရမိ ခြင်းဖြစ်သည်။
“ဆယ်ဟွန်းကို ပြောမနေနဲ့။တရားခံကမင်းပဲကိုး။ ငါ ဘယ်လောက်တောင် စိတ်ပူသွားလဲသိလား.။အဲ့ဒီခဏအတွင်းငါ့ကိုယ်ငါ ဘယ်လောက်တောင် အပြစ်တင်မိသွားသလဲသိလား။ငါဘယ်လောက်ပူလောင်ရသလဲ မင်း လုံးဝ မသိဘူး.”
“တောင်းပန်ပါတယ်။ငါက လေးလေးနက်နက်တောင်းပန်တာမို့ ခွင့်လွှတ်ပေးပါ ဘတ်ခွန်းနီး.။ ဆွန်ဟီးကိုလည်း ငါချစ်တာ မင်းပဲဆိုတာ ပြောပြပြီးသားပါ။ အဲ့လိုလုပ်မှ မင်း စိတ်ကိုမြင်အောင်လို့ လုပ်မိတာပါ။ ချစ်တဲ့စိတ်နဲ့မို့ အပြစ်မယူပါနဲ့ နော်.”
မျက်ရည်တွေရစ်သိုင်းလျက် ဘတ်ဟျွန်းကို ချန်းယောလ် တင်းတင်းဖက်လို်က်တော့ ဘတ်ဟျွန်း မငြင်းတော့ပါ။ချန်းယောလ် ဖက်ထားသည့်အတိုင်းလေးငြိမ်လျက် မျက်ရည်တွေကျလာသည်။ဒီတော့မှ ချန်းယောလ် ပိုပြီးပူပန်သွားရသည်။ သူ လွန်သွားမိပါ၏။
“မငိုပါနဲ့ကွာ..ငါ မှားပါတယ်နော်. တိတ်တော့-”
“ငါ က ဖွင့်မပြောပြတာပဲရှိတာ။ ငါ ဘယ်လောက်ချန်းယောလ်ကိုချစ်သလဲ ဘယ်လောက်တွယ်တာသလဲ.ချန်းယောလ်မှ မဟုတ်ရင် ငါက--”