Xiao Fei (12)

6.3K 603 17
                                    

[unicode]

ဝမ်ရီပေါ်ကို ယာယီတဲထဲမှာ အိပ်စေပြီး အဝတ်အစားတွေပါ လဲလှယ်ပေးလိုက်သည်။ ရေစိုဝတ်တစ်ခုကိုယူကာ မျက်နှာသုတ်ပေးလိုက်သည်။

ဝမ်ရီပေါ်ရဲ့ လက်ကောက်ဝတ်ကို ကိုင်ကာအတွင်းအားကို စမ်းသပ်ကြည့်သည်။အရင်က သူလေ့ကျင့်ပေးထားတာထက် အတွင်းအားက အဆငိ့တတ်လာသော်လည်း အခုတော့ အားနည်းနေသည်။

ရှောင်ကျန့် ဝမ်နိုင်ငံ အကြောင်းလည်း ကြားပါသည်။ ဒီနယ်စပ်က ကျူးကျော်သူတွေကိစ္စကို ဖြေရှင်းပြီးရင် ဝမ်နိုင်ငံပြန်ဖို့လည်း စဉ်းစားနေသည်။

ဝမ်ရီပေါ် သူ့ကို လိုက်ရှာမှာကိုလည်းသိနေသည်။ သူ့ကလေးကြောင့်။ ဝမ်နိုင်ငံရဲ့ နန်းဆက်ကြောင့်။

ဝမ်ရီပေါ် ဒီကိုရောက်လာကတည်းက ရှောင်ကျန့်သိသည်။ ချုံပုတ်ထဲမှာပုန်းနေတဲ့ ဝမ်ရီပေါ်ကို မမြင်ရပမယ့် သူ့သူငယ်ချင်းတွေဖြစ်တဲ့ နှစ်ယောက်ကိုတော့ အဝေးကနေ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

ရှောင်ကျန့်က ဖုံးကွယ်ကာ လူလွတ်တစ်ယောက်လို နေသော်လည်း သူရှောင်သင့်တဲ့ အရာတွေ အစားအသောက်တွေကို ရှောင်သည်။ အဖွဲ့သားတွေနဲ့ အရက်သောက်ရင်လည်း အကြောင်းအမျိုးမျိုးပြကာ ငြင်းသည်။ သို့သော် ဝမ်ရီပေါ်ရှေ့မှာမို့ တမင်သောက်ပြချင်သည့် စိတ်များက ဖြစ်လာသည်။ဝမ်ရီပေါ် သူ့အပေါ် ဘယ်လို တုံ့ပြန်လာမလဲ သိချင်၍သာ။

အိပ်နေသော ဝမ်ရီပေါ်ရဲ့ မျက်နှာလေးသည် အရက်ရှိန်ကြောင့် အနီရင့်ရောင်ပင်ဖြစ်နေသည်။

' ကျိူးချန်က ဘာလို့ အဲ့လောက်ပြင်းတဲ့ နှစ်တစ်ရာအရက်ကိုယူလာရတာလဲ '

ရှောင်ကျန့်စိတ်ထဲ တစ်ဦးတည်းသော ယောက်ဖသူငယ်ချင်းလေးကို ပြောမိသည်။

ဝမ်ရီပေါ်က မတွေ့ရတဲ့ ခြောက်လအတွင်းပြောင်းလဲလာသည်။ အရပ်လေးနည်းနည်းထွက်လာပြီး လူကြီးသံပေါက်လာသည်။ ရုက်ကတော့ ကလေးရုပ်ပမယ့် လူကြီး မဆန်ဆန်အောင်လုပ်ထားသော ကလေးဆိုးလေး ရုပ်ပင်။

ဝမ်ရီပေါ် နှလုံးသားကရော ပြောင်းလဲသွားခဲ့တာလား။။။။ ဒါဟာ ရှောင်ကျန့်မကြားချင်ဆုံးမေးခွန်းပင်။

Xiao Fei(yizhan)Where stories live. Discover now