Xiao Fei (6)

7.8K 577 3
                                    

[unicode]

မနက်ခင်းရဲ့ အလင်းရောင်ကြောင့် အိမ်ရှေ့မင်းသား ဝမ်ရီပေါ်တစ်ယောက် နိုးလာရသည်။

မနေ့ညက အဖြစ်အပျက်များကို ပြန်စဉ်းစားရင်း နှုတ်ခမ်းမှပြုံးယောင်ယောင်သန်းသွားသည်။ သူနဲ့ သူရဲ့ကြင်ယာတော်တို့ ပေါင်းစည်းပြီးသွားပြီ။ နောက်ဆို နှစ်ကိုယ့်တစ်စိတ်ဖြစ်တော့မှာ။

အဆင်မှပြေရဲ့လားဟု သတိရလို့ ဘေးဘက်စမ်းကြည့်သောအခါ အေးစက်စက် အိပ်ယာကြီးက ဆီးကြိုနေသည်။ ဟင်.. .. .. ဘယ်အချိန်က ဘယ်လိုထသွားလဲမသိ။ မနက်မိုးလင်း အိပ်ပျော်နေတဲ့မျက်နှာလေး မြင်ချင်သော်လည်း သူရဲ့ အေးစက်စက်ကြင်ယာတော်ကြီးက ဝီရိယကောင်းနေပေသည်။

ဝမ်ရီပေါ်လည်း ကြင်ယာတော်ဆောင်မှအပြင်ကို ထွက်လိုက်သည်။ အပျိုတော်တွေကတော့ ပြုံးစိစိနှင့်။

" အလှလေး အဲ ကြင်ယာတော်ရော "

" ရှောင်သခင်လေးက မနက်မိုးမလင်းခင်ကတည်းက စာကြည့်ဆောင်ကိုသွားပါတယ် "

" စာကြည့်ဆောင်?? ဘာသွားလုပ်တာလဲ "

" ကျွန်တော်မျိုးမတို့ မသိပါဘူး ဒါပမယ့် ရှောင်သခင်လေးက ဘယ်သူမှလိုက်မလာဖို့ပြောပါတယ် "

" ဒါနဲ့ ဘာလို့ ရှောင်သခင်လေးလို့ ခေါ်တာလဲ သူက ကြင်ယာတော်လေ "

" ရှောင်သခင်လေးက သူ့ကို ကြင်ယာတော်လို့ခေါ်တာ မကြိုက်ဘူးလို့ပြောပါတယ် "

ဪ ဒါ့ကြောင့် မင်းကြီးတို့ကလွဲပြီး ကျန်တဲ့သူတွေက ကြင်ယာတော်လို့မခေါ်ရဲတာကို။

" အိမ်ရှေ့စံမင်းသား မင်းကြီးက အခေါ်တော်ရှိလိုက်ပါတယ် "

အပြေးလာကာပြောသည့် ကုန်းကုန်းတစ်ယောက်။

" ဟို အကိုတော်ဆိုတဲ့မင်းကြီးလား "

" ဟုတ်ပါတယ် မင်းသား "

ဝမ်ရီပေါ်လည်း ကြင်ယာတော်ရှိတဲ့ အဆောင်ဆီသွားချင်ပမယ့် မင်းကြီးက အခေါ်တော်ရှိသည်ဆို၍ မင်းကြီးဆီအရင်သွားရသည်။

မင်းကြီးက ညီလာခံမှာမဟုတ်ဘဲ အိပ်ဆောင်ကို ရောက်နေသည်။

Xiao Fei(yizhan)Where stories live. Discover now