Chapter (19.1) (zawgyi+unicode)

Start from the beginning
                                    

ဒီရွာမှာရှိတဲ့အစောင့်တွေနဲ့ အသေခံလူသတ်သမားတွေက အစောပိုင်းပြဿနာထဲမှာ အသတ်ခံလိုက်ရလို့ အခု ရွာရဲ့လုံခြုံရေးကို စောင့်နေတာက ယွန်ခွန်ဖုန်းရဲ့ စစ်တပ်တွေကပဲ ကိုင်တွယ်နေတယ်။ သူတို့က ဒီနေရာကိုလာကြပေမယ့် ဒီရွာရဲ့အစေခံတွေလိုမျိုး နေရာတိုင်းကို လိုက်လုပ်ပေးဖို့ကို သဘောမတူကြဘူး။ ဒါကြောင့် အစောပိုင်းကလူရိပ်တွေ မုလွေ့လင်ရဲ့အိပ်ခန်းထဲကို ၀င်သွားတာကိုတွေ့ပေမယ့် ဘယ်သူမှ စိတ်ဝင်တစား အရေးတယူ လာမကြည့်ကြဘူး။ သူတို့က မျက်မမြင်တွေလိုပဲ ကြောင်တောင်ကြည့်နေလိုက်တယ်။

အခန်းကတိတ်ဆိတ်သွားပြီး ခုနတုန်းကရှိခဲ့တဲ့ လှုပ်ရှားမှုတွေ၊ ရမ္မက်ပြင်းပြင်းရဲ့ အသက်ရှူသံတွေက ဘယ်တုန်းကမှမရှိခဲ့ဖူးသလို ပျောက်ကွယ်သွားတော့တယ်။ မုလွေ့လင်က တောင်ပိုင်းစစ်သေနာပတိချုပ်ရဲ့ နန်းတော်တုန်းက အကူညီကင်းမဲ့စွာနဲ့ အနိုင်ထက်ပြုကျင့်ခံရတဲ့ တူညီတဲ့အခြေအနေကို နောက်တစ်ကြိမ်ရင်ဆိုင်နေရသလို ခံစားလိုက်ရတယ်။ မကောင်းမှုတစ်ခုက စတင်ဖြစ်ပြီးသွားရင် ဘယ်တော့မှ မရပ်တန့်နိုင်တော့ဘူးဆိုတာ မုလွေ့လင် ကောင်းကောင်းသိသွားတော့တယ်။

အခု သူမက မကောင်းတဲ့နာမည်ထွက်သွားပြီး ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးသွားပြီဆိုတော့ လူတိုင်းက ထိခိုက်စော်ကားလို့ရတယ်ဆိုတဲ့ တံဆိပ်ကပ်လိုက်သလို ဖြစ်နေပြီ။

သူမကိုယ်တိုင်ကလည်း ကျန်းချန်ရန်အတွက် လုပ်ကိုင်ပေးရင်း ရန်သူအများကြီးကို ဖန်တီးမိပြီးဖြစ်နေပြီ။ ဒီလိုအခြေအနေမှာ ယွန်ခွန်ဖုန်းရဲ့ ကာကွယ်စောင့်ရှောက်မှုကို သူမ လက်လွှတ်လိုက်မယ်ဆိုရင် အနာဂတ်မှာကြုံရမယ့် သူမရဲ့ကံကြမ္မာက ဒီကနေ့အဖြစ်ထက် အဆပေါင်းများစွာ ဆိုးရွားလာမှာသေချာတယ်။

မုလွေ့လင်က နှလုံးကွဲကြေမတတ် နောင်တရနေမိတယ်။ သူမ,လုပ်ခဲ့တဲ့ မကောင်းမှုတွေရဲ့အကျိုးဆက်ကို သူမ ပြန်ပေးဆပ်ရတော့မယ်ဆိုတာ သိနေပြီး ဒီအဖြစ်ဆိုးကနေ ဘယ်သူကများ လာကယ်တင်ပါ့မလဲ။ ကျန်းချန်ရန်က အာဏာကို လိုချင်တပ်မက်တာထက် ဟိုဘက်ကိုလွန်နေပြီ။ ယွန်ခွန်ဖုန်းကလည်း သူ့တိုက်ပွဲအောင်နိုင်ဖို့ သူမကို အလွယ်တကူပဲ စွန့်ခွာသွားမှာသေချာတယ်။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now