ထိုသူက Tenri လမ်းမှာပြောပြခဲ့တဲ့ နတ်မင်းကြီး Izanagi ပဲဖြစ်မည် ထင်သည်!
ကျွန်တော့်စိတ်ထဲ တွေးတောနိုင်စွမ်းသမျှထက် အဆပေါင်းများစွာ ခန့်ညားတဲ့ Izanagi sama ရဲ့ အရှိန်အဝါကလည်း အင်မတန်ကြီးမားလွန်းလှသည်!
သူ့အမေးစကားတစ်ခွန်း ကြားရုံနဲ့တင် ကျွန်တော့် ဝတ်ရုံအောက်က ခြေထောက်တွေဟာ တုန်ယင်လာတာကြောင့် Tenri ရဲ့ ဝတ်ရုံစလေးကို ဆွဲရင်း ကိုယ်ကို ထိန်းမထားရတယ်!
"ကျွန်တော်မျိုး Kokonoe sama ပိုင်စားတဲ့ အနောက်တောအုပ်ဆီက Tenri ပါ Izanagi sama ! ကျွန်တော်မျိုးမှာ Izanagi sama ကို လျှောက်တင်စရာရှိလို့ပါ!"
"Ho~ Kokonoe ဆီကလား? ပြောစမ်းပါအုံး မင်းက ဘာတွေများလျှောက်တင်စရာရှိနေတုန်း?"
Izanagi sama ရဲ့ ခွင့်ပြုမှု နောက်မှာ Tenri က ခန်းမဆောင်အလယ်လျှောက်လမ်းကိုဝင်ပြီး ဒူးထောက်ချလိုက်တယ်!
ကျွန်တော်ပါ Tenri နောက်ပါးကနေ အလျင်အမြန် လိုက်ပြီး ဒူးထောက်လိုက်ရလေသည်!
လူသာမန်ဖြစ်တဲ့ ကျွန်တော့်အဖို့ Kami sama တွေရဲ့ အရှိန်အဝါနဲ့ အကြည့်စူးစူးတွေ အောက်မှာ သေးမှိန်ပျောက်ကွယ်သွားမတတ် ဖိအားတွေကို ခံစားနေရတယ်!
ခေါင်းမဖော်ရဲပဲ ဒူးထောက်နေလျှက်က ကြမ်းပြင်ပေါ်ထောက်ထားတဲ့ ကျွန်တော်လက်တွေက ဝတ်ရုံလက်ဖျားအနားစကို တင်းတင်းဆုတ်ရင်း အားတင်းထားရသည်!
နှဖူးဆီက ဆို့လာတဲ့ ချွေးစလေးက ပါးပြင်ပေါ်လိမ့်ဆင်းကျလာတယ်!
ရုတ်တရက် ခံစားရတဲ့ ကျွန်တော့်ရင်ဘတ်ပေါ်က အမာရွတ်လေးဆီက ပူနွေးမှု....
တချိန်ထဲမှာ ကျွန်တော့်တကိုယ်လုံး ပေါ့ပါးသွားသလိုပဲ!
**Ko....Kokonoe sama??**
ကျွန်တော် တအံ့တသြဖြစ်တဲ့ မျက်လုံးတွေနဲ့မော့ကြည့်လိုက်တော့ မနီးမဝေးမှာ မတ်တပ်ရပ်နေတဲ့ Kokonoe sama က ကျွန်တော့်ကို စောင်းငဲ့ကြည့်နေတယ်!
DU LIEST GERADE
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Chapter 10
Beginne am Anfang
