"ဒီကောင်လေးလည်း ဘာလို့ လူသားနဲ့ သွားပတ်သက်ရလည်း မသိပါဘူးကွာ"
ရတက်မအေးတဲ့ လေသံနဲ့ Yamagami sama တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်!
"Izanagi sama ကြွချီလာပြီ"
ခန်းမဆောင်အလယ် လျှောက်လမ်းမှာ ဖြတ်လျှောက်လာတဲ့ ရွှေဝါရောင်ဝတ်ရုံနဲ့ နတ်မင်းကြီး Izanagi sama ဟာ အားလုံးရဲ့အမြင်မှာ ခန့်ညား လွန်းတယ် ထင်ရတယ်!
ခန်းမဆောင်ထဲ တိုးတိုးတိတ်တိတ်စကားသံတွေ တိတ်ဆိတ်သွားပြီး အားလုံးက Izanagi sama နောက်က လိုက်ဝင်လာတဲ့ Daikaku နဲ့ Kokonoe ဆီ အကြည့်ရောက်ကုန်ကြသည်!
Daikaku ရဲ့ မျက်နှာမှာသာ စိုးရိမ်ပူပန်မှု အနည်းအကျဉ်း မြင်နေရပြီး Kokonoeကတော့ အခုဖြစ်စဉ်တခုလုံး သူနဲ့လားလားမှ မသက်ဆိုင်သလိုလို.....
Izanagi sama ခေါင်းဆောင်ထိုင်ခုံနေရာမှာ နေရာယူပြီးတဲ့အခါ ခေါင်းဆောင်အားလုံးက Izanagi sama ကို ဦးညွှတ် ဂါရဝပြုလိုက်ကြတယ်!
"ဒီနေ့အစည်းအဝေးပွဲမစခင် အပြစ်သားကို အရင် အပြစ်ပေးရမယ်"
တီးတိုးစကားသံတချို့ ခပ်အုပ်အုပ်ထွက်ပေါ်လာသည်!
"Kokonoe .... မင်းအပြစ်မင်းသိတယ်နော်"
"ဟုတ်ကဲ့ "
Kokonoe က အပြစ်ကျခံရမယ့်သူနဲ့ မတူပဲ သာမန် ကိစ္စတစ်ခုဆွေးနွေးသလို ပြန်ဖြေတယ်!
"ကနဦးက ဒီပြစ်ဒဏ်အထိ မစဉ်းစားခဲ့ပေမယ့် မင်းက ငါကိုယ်တော်သက်ညှာပေးခဲ့တာကို ထပ်ဖောက်ဖျက်ခဲ့တော့....."
ခန်းမဆောင်ထဲမှာ အပ်ကျသံတောင် မကြားရအောင်တိတ်လို့နေသည်!
"အပြစ်သား Kokonoe ! Ama no iwato *(the cave of sun god)* မှာ အနှစ် တစ်ထောင် အကျဉ်းကျခံစေ"
"ဟာ"
"ဟင်"
"Izanagi sama!!!!"
အာမေဋိတ်သံတွေအဆုံးမှာ Daikaku ကအသံကျယ်ကျယ်နဲ့ ထရပ်လိုက်တယ်!
ВЫ ЧИТАЕТЕ
Unbreakable ( Unicode Version )
ФанфикшнThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Chapter 9
Начните с самого начала
