Iori မျက်ဝန်းမှ မျက်ရည်တွေ ပြည့်လာတယ်!
ဒါပေမယ့် Iori က ချက်ခြင်းပင် ဝတ်ရုံအနားစနဲ့ ပွတ်သုတ်ပစ်လိုက်တယ်! ပြီးတော့ သူ့ရဲ့ လက်သီးသေးသေးတွေကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး.....
"Tenri ငါ့ကို Kokonoe sama ဆီလိုက်ပို့!"
လူသာမန်ဖြစ်တဲ့ Iori က သူ့ထက်ပိုရဲရင့်နေတဲ့ အခါ Tenri ကိုယ့်ကိုကိုယ့် မချင့်မရဲပိုဖြစ်မိသည်! သူဘာလို့ Kokonoe sama ကို အသက်စွန့်ပြီး မကယ်တင်နိုင်ခဲ့တာလည်း?
**Kokonoe sama ကျွန်တော် အမိန့်ကို ဖီဆန်ရတော့မယ်**
__________Unbreakable__________
ဒီတခေါက် ခေါင်းဆောင်တွေ အစည်းအဝေးက ယခင်ထက် ထူးခြားတယ်! လာသမျှ နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေဟာ တီးတိုးသတင်းစကားတခုကို ပြောဆိုနေကြတယ်!
"Kokonoe sama တော့ ကြီးလေးတဲ့ ပြစ်ဒဏ်ခံရတော့မယ်ဆို"
"အင်း.....ကြားတာပဲ! ငါတော့ သိပ်မထင်ဘူး! Izanagi sama ဟာဖြင့် Kokonoe ကို သိပ်ချစ်ခင် အလေးပေးတာကို"
အသက်အရွယ်ကြီးပြီး နတ်မင်းကြီး Izanagi အပါးတော်မှာ အစဉ်အဆက် အမှုထမ်းခဲ့တဲ့ တောတောင်တွေရဲ့ အရှင်သခင် Yamagami sama က လက်ထဲက ဆေးတံကို တစ်ချက်နှစ်ချက်ဖွာရင်း တွေးတွေးဆဆ ရေရွတ်တယ်!
"ဒါပေမယ့် Yamagami sama အခုအခြေအနေက အစွန်းတဖက်ကို ရောက်နိုင်တာပဲ ဥပမာ သိပ်ချစ်ခင်မြတ်နိုးတော့ ပိုပြီး ခွင့်မလွှတ်နိုင်ဖြစ်တာမျိုး...."
Aragami က သူ့ရဲ့ မျက်လုံးနီရဲရဲတွေကို မှေးကျဉ်းရင်း သူ့စကားကို တို့လို့တန်းလန်း ရပ်တန့်ထားလိုက်တယ်!
*sigh*
Yamagami sama ကတော့ လေးပင်စွာသက်ပြင်းချမိသည်!
အသက်အရွယ်အားဖြင့်ရော ဝါအားဖြင့်ရောကြီးတဲ့ သူတို့တွေက Kokonoe တို့လို ငယ်ရွယ်ပြီး အားကိုးအားထားပြုရတဲ့ ခေါင်းဆောင်ကောင်းတွေကို မဆုံးရှုံးချင်တာတော့ အမှန်ဖြစ်ပေမယ့် သကောင့်သားလေးက ကြီးလေးတဲ့ ပြစ်မှုကျူးလွန်ထားတော့လည်း.....တွေးရင်း ရင်လေးမိသည်!
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Chapter 9
Start from the beginning
