အခန်းထဲပြန်ရောက်တော့ စောစောက ကြောင်ဖြူလေးက Iwaki ထားခဲ့တဲ့ ပုံးလေးထဲမှာ ခွေခွေလေး အိပ်ပျော်နေတာ နှင်းလုံးလေးလိုပဲ! အမွှေးလေးတွေ အသာပွတ်သပ်ကြည့်တော့ နူးညံနေတာပဲ!
"Shiro! "
ကြောင်ဖြူလေးမို့ Shiro လို့ ပေးထားမိတဲ့ နာမည်လေးကို Iwaki တိုးတိုးလေးရေရွတ်နေမိသည်!
__________Unbreakable__________
လရောင် ခပ်ဖျော့ဖျော့ကျနေတဲ့ အခန်းထဲမှာ Tenri နိုးလာတယ်! ဘေးဘီကိုအသာကြည့်တော့ အရာအားလုံးက တိတ်ဆိတ်လျှက်.....Tenri ပုံးလေးထဲက အသာခုန်ထွက်လိုက်သည်!
"ဟင်..?"
ရုတ်တရက် ခြေထောက်က တင်းကနဲ ခံစားချက်ကြောင့် ငုံ့ကြည့်တော့ ပတ်တီးစဖြူတချို့....
"အာ....ဟိုကောင်လေး ဆေးထည့်ပေးထားတာထင်တယ်!"
အနီးက ကုတင်ပေါ်လှမ်းကြည့်တော့ Iwaki အိပ်မောကျနေသည်!
"ကျေးဇူးပဲ ကောင်လေး!! ငါကတော့ Iori ကို ရှာရအုံးမယ် နောက်မှ မင်းကို ကျေးဇူးဆပ်တော့မယ်"
ပွင့်နေတဲ့ ပြတင်းပေါက်ကနေ Tenri အသာခုန်ထွက်ခဲ့တယ်!
"ဟိုအကောင်စုတ်လေး Iori ကလည်း ဘယ်များရောက်နေလည်းမသိဘူး ငါ့နှယ် ရှာရခက်လိုက်တာ"
Tenri အိမ်ကျယ်ကြီးတခုလုံးကို ပုန်းလျိုး ကွယ်လျိုး လျှောက်ရှာသော်လည်း Iori အရိပ်အရောင်ကိုမတွေ့ရပေ!
"အနံ့တော့ရနေတယ်!! ဒီနားလေးက ပိုရတယ်"
နံရံတစ်ခုနားမှာ Tenri နှာခေါင်းလေး ရှုံ့ပွရှုံ့ပွလုပ်ရင်း အနံ့ခံနေမိသည်!
"Kokonoe sama!!!"
"ဟင်?"
ရုတ်တရက်ကြားလိုက်ရတဲ့ အသံသဲ့သဲ့ကြောင့် Tenri တုန့်ခနဲဖြစ်သွားတယ်!
"Kokonoe sama!!!!"
"Iori?"
ဟုတ်တယ် ဒါမမှားနိုင်ဘူး Iori အသံပဲ ! ဒီနံရံကို ဖြတ်ပြီး ဟိုအောက်ခြေဆီက ရောက်လာတဲ့အသံ ! ဒီနံရံရဲ့နောက်ကွယ်မှာ တံခါးရှိရမယ်! လျို့ဝှက်တံခါးများလား!?
VOCÊ ESTÁ LENDO
Unbreakable ( Unicode Version )
FanficThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Chapter 5
Começar do início
