Part-Final(Unicode)

Start from the beginning
                                    

'ဇွဲထက်​သန်​့'ရင်​ထဲ တစ်​​ထောင့်​တစ်​​နေရာမှ တဆစ်​ဆစ်​ နာကျင်​သွားရသည်​။

"အရူး​လေး! ဘယ်​သူက မင်​းကို ထားခဲ့မှာလဲ"

"ခင်​ဗျား​လေ!"

"...."

"ကျွန်​​တော်​့ကို ထားခဲ့မှာ ခင်​ဗျားပဲရှိတာ"

ဇွဲထက်​သန်​့ အဲ့​ကောင်​​လေးမျက်​နှာကို ​မော့ယူကြည်​့
လိုက်​​တော့ မျက်​လုံး​လေး​တွေမှာ မျက်​ရည်​ကြည်​​လေး​တွေက တွဲလွဲခို​နေကြသည်​။​မျက​်​​တောင်​​လေး
​တွေကလဲ ပုတ်​ခတ်​ပုတ်​ခတ်​။ပါးပြင်​တစ်​၀ိုက်​မှာ​တော့ ​ဆေးလိပ်​မီးဒဏ်​​ရောင်​့ ​ဆေးထည်​့ပြီး ပတ်​တီးစီးတာခံထားရသည်​မို့။

*ဘယ်​လို​တောင်​ ချစ်​စရာ ​ကောင်​း​နေရတာလဲကွာ*

ဇွဲထက်​သန်​့ ခါးကိုကိုင်​းလိုက်​ပြီး အဲ့​ကောင်​​လေးနားကို တိုးကပ်​သွားလိုက်​ကာ နှုတ်​ခမ်​း​တွေကို ဖိကပ်​နမ်​းရှိုက်​လိုက်​သည်​။ ပထမမှာ တုံ့ပြန်​မှုမရှိ​ပေမဲ့ ခဏအကြာ သူ့နှုတ်​ခမ်​း​တွေကို စုပ်​ယူနမ်​းရိုှက်​ခွင်​့ပြု
လာသည်​။ အချိန်​အ​တော်​ကြာ​ပျောက်​ဆုံး​နေခဲ့ရ​သော ချိုမြိန်​လှတဲ့ နှုတ်​ခမ်​း​လေး​တွေမို့။

"​ဒေါက်​! ​ဒေါက်​! ​ဒေါက်​"

"....."

"လူနာအ​ခြေအ​နေ...."

အနီ၀တ်​Nurse မ​လေး​ပြောရမဲ့စကား​တွေ​တောင်​
ဘယ်​​ရောက်​ကုန်​မှန်​းမသိ။အကုန်​ ကြက်​​ပျောက်​ငှက်​​ပျောက်​ပဲ ​ပျောက်​ကုန်​​လေသလား။

"ဟို..အဲ​လေ...ကျွန်​မ ဘာမှမမြင်​ပါဘူးရှင်​! ​နောက်​မှပဲ လာခဲ့လိုက်​ပါမယ်​ရှင်​!"

နှစ်​​ယောက်​သားလဲ nurse မ​လေးထွက်​သွားတာကို
​ကြောင်​ကြည်​့​နေရင်​း မျက်​နှာ​တွေထူပူသွားရသည်။
တစ်​​ယောက်​နဲ့တစ်​​ယောက်​လဲ အလျင်​အမြန်​ခွာလိုက်​ကြမိလိုက်​သည်​။

"ဟို..အဲ့တာဆို သွန်​း! ပြန်​လှဲ​နေလိုက်​​လေ! ကိုယ်​
သွန်​းစားဖို့ ​အောက်​ဆင်​းပြီး စားစရာသွား၀ယ်​လိုက်​ဦးမယ်​"

My Owner(Completed)Where stories live. Discover now