အပယ္ခံ ~ 11

Start from the beginning
                                    

"ထိုလူကို မြင်တိုင်း မင်းငိုင်ငိုင်သွားတာ
ငါတွေ့နေရတယ် မင်းဒီတိုင်းတာ ဆက်ဖြစ်နေမယ်ဆိုရင် ငါသူ့ကိုသွားထိုးမိတော့မယ်နော်!"

ဟောက်ရွမ်းအသံခပ်မာမာနဲ့ ပြောမှ
ထိုခလေးက မျက်ရည်တွေအမြန်သုတ်ပြီး
တဟီးဟီးနဲ့

"ဟောက်ရွမ္းကလည်း စိတ်ချည်းပဲ သွားမယ်လာ သူနဲ့ငါက တကယ်ဘာမှ မပတ်သက်ပါဘူးဆိုနေ"

Yiboတို့ အတူရယ်မောပြီး ကိုယ်လက်သန့်စင်သွားတာကို မကျေမနပ်မျက်ဝန်းနဲ့
ကြည့်နေသူလည်း ရှိနေခဲ့လေသည်

~~~~~~

Xiao Zhan ဘာကိုဒေါသထွက်နေမှန်း
တကယ်နားမလည်

သူစိတ်ပေါက်ပေါက်နဲ့ တဲဖင်ဆီ
ရောက်လာတော့ သူ့အိတ်ဘေးက နို့တစ်ဗူး

'ကိုကိုသောက်လိုက် ကိုကိုအတွက် အဆင်ပြေမှာပါ'
Cinderella.

စာတိုလေးက နာမည်ကြောင့်
Xiao Zhanရဲ့ နှုတ်ခမ်းတောင့်လေး
ကော့ညွတ်သွားလေသည်

ပြီးတော့ နို့လေးရဲ့ အရသာကို ခံစားနေလေသည် Soy နို့ဘူးလေးက အရင်နေ့တွေလို မဟုတ်ပဲ သောက်ရတော်တော်ကောင်းနေလေသည်

~~~~~~

Game ဆော့ပြီး လူခွဲတော့
Yiboတို့အဖွဲ့မှာ ဖေးဖေး ဆိုတဲ့ ခလေးမလေးဘာလာလေသည် သူက ဝမ်ချောင်ရဲ့
အသည်းကျော်

ပြိုင်ပွဲအတွင်း သူနိုင်ကိုယ်နိုင်နဲ့
ပြိုင်ပွဲတိုင်းမှာ Yiboက အမြဲအနစ်နာခံရင်းပေါ့ Gameတစ်ခုမှာ သတိမထားပဲ သူ့လက်ကို တက်နင်းမိတာ စိတ်မဆိုးတဲ့အပြင်
ပျော်ပျော်ဆော့ဖို့သာ ပြောလိုက်သေးသည်
ထိုလူမျက်နှာပြောင်းသွားတာကို Yiboသတိမထားမိခဲ့

လက်ထိထားတဲ့အပြင္ လက်နာနာနဲ့ ရေထဲပြုတ်ကျတော့မလိုဖြစ်နေတဲ့ သူငယ်ချင်း တစ်ယောက်ကိုလည်း သူ့အပြုံးနုနုနဲ့အတူ
ကယ်ခဲ့လေသည် ထိုသူက သူ့ကိုကျေးဇူးတင်ရင်း အမည်မသိခံစားချက်ခံစားနေရလေသည်

Yiboသတိမထားမိချိန်မှာပဲ လူအချို့ သူ့အပေါ်ကြည့်နေတဲ့ အကြည့်က ကြည်လင်နေလေရဲ့

ပြိုင်ပွဲတစ်ပွဲမှာ Yiboတို့နိုင်သွားလေသည်
ဒီတစ်ခေါက် Yiboအားလုံးနဲ့ စိတ်သန့်သန့်ဆော့နိုင်ပြီလို့ ခံစားမိလေသည်

Cinderella (အပယ်ခံ) ZSWW (Complete)Where stories live. Discover now