Part 3 💚❤

Magsimula sa umpisa
                                    

"ယီချန်​သောက်​ချင်​သောက်​လေ​ကျွန်​တော်​နောက်​တစ်​ခွက်​သွားယူလိုက်​ပါ့မယ်​"

"​ကျေးဇူးတင်​ပါတယ်​ကောင်း​ကောင်း​သောက်​ပါ့မယ်​နော်​"
​Coffeeခွက်​ရသည်​နှင့်​လင်းယီချန်​က အပြုံးက​လေးနဲ့ တုံ့ပြန်​ကာ ခွက်​ကို​မြှောက်​ပြပြီး​နောက်​တစ်​ငုံ​သောက်​လိုက်​တယ်​။
"အွန်း​ကောင်းလိုက်​တာ​ကော်​ဖီက ဘာ​တံဆိပ်​လဲ"

​ရှောင်းကျန့်​လည်း​ခေါင်းပဲခါဖြစ်​တယ်​။
"ကျွန်​တော်​လည်း​မသိဘူးဗျ"

​ရှောင်းကျန့်​အမှန်​တကယ်​ပင်​မသိ​ခြင်းပါ။ နာမည်​ပေးခိုင်းရင်​တော့ ဝမ်​ရိ​ပေါ်​ပေးတဲ့ Coffee လို့ပဲ​သူ​ပေးမိလိမ့်​မယ်​။ လင်းယီချန်​သည်​လည်း​ကော်​ဖီအတွက်​ကျေးဇူးတင်​စကားဆိုပြီး​နောက်​ရှောင်းကျန့်​၏အလုပ်​စားပွဲနှင့်​မလှမ်းမကမ်းမှ သူမအလုပ်​စားပွဲဆီကိုသူမပြန်​သွားခဲ့သည်​။ ထမင်းစားပြီးတိုင်း Coffee တစ်​ခွက်​သောက်​နေကြဖြစ်​နေတဲ့ခံတွင်းက ယခု​တော့ တစ်​ခုခုလိုသွားခဲ့ပြီး။ အလုပ်​ပင်​ဆက်​မလုပ်​နိုင်​။ မ​နေနိုင်​တော့တဲ့အဆုံး စက်​Coffee ကိုသာ​သောက်​ရန်​ရုံးခန်းထဲမှ​ရှောင်းကျန့်​ထွက်​လာလိုက်​တယ်​။ ထိုလူသားရုံးခန်းထဲမှထွက်လာသည်နှင့် ရုံးခန်းအပြင်မှာရှိနေတဲ့ သူနဲ့မျက်နှာချင်းဆိုင်ဆုံဖြစ်ကြတယ်။

အပြင်​တွင်​ရပ်​နေတဲ့သူ့ကို ထိုလူသား​တွေ့သွား​တော့ ထိုလူသားက​အားတုံ့အားနာ​ဖြစ်​ကာ​ခြေလှမ်း​တွေကိုပင်​ရပ်​တန့်​လိုက်​တော့မလိုပင်​ဖြစ်​သွားတယ်​။ ရပ်​တော့မ​နေခဲ့ပါဘူး။​ခြေလှမ်း​တွေ​နှေးသွား​ရုံ​လေးပါ ။

မျက်​နှာချင်း​ဆိုင်​တွေ့​နေရတဲ့လူသားကို ဝမ်​ရိ​ပေါ် ဘာမှမ​ပြောဖြစ်​ဘူး။ အပြစ်​လည်းမ​ပြောချင်​ဘူး။ သူ​ပေးတဲ့အချစ်​ကို​တောင်​လက်​မခံ​သေးတာ ဒီလို​ဘာမဟုတ်​တဲ့​Coffee ကို​လည်း ဘယ်​လက်​ခံပါ့မလဲ။

သူ့ဘက်ကပဲ​စပြီး မျက်​နှာလွှဲလိုက်​ကာ​ရှောင်းကျန့်​ကို​ကျောခိုင်းပြီး ထိုအနားမှ သူထွက်​လာခဲ့တယ်​။

လူကဲခတ်​သိပ်​တော်​တဲ့​ရှောင်းကျန့်​က​တော့ ဝမ်​ရိ​ပေါ်ရဲ့ မျက်​ဝန်းနက်​တွေထဲ ဝမ်းနည်းရိပ်​တွေ ပြည့်​နှက်​သွားသည်​ကို​တွေ့လိုက်​သော်​လည်း အမှုမထားခဲ့​ပါဘူး။ လိုက်​ရှင်းပြ​နေရ​အောင်​သူနဲ့ဆိုင်​သူမှမဟုတ်​ပဲ။ ဆိုင်​ဖို့လည်းမသင့်​တော်​တဲ့လူ။ သူ့ကိုစိတ်​ပျက်​သွားရင်​ပဲ သူ​ကျေနပ်​ရမှာ။

Until you fall in love💚❤Season 1(Yizhan)(Complete)Tahanan ng mga kuwento. Tumuklas ngayon