Part 3 💚❤

23.2K 1.7K 48
                                    

Unicode

💚

Until You Fall In Love

အခန်း (၃)
ထိုလူသားသည်​သူ၏ချစ်​ခြင်း​မေတ္တာကိုဥပက္ခာပြုထား၏ ။

********

ထမင်းစားပြီးတိုင်း Coffee​သောက်​တတ်သည့်​ထိုလူသားအတွက်​ဝမ်​ရိ​ပေါ်ဟာ Coffee တစ်​ခွက်​ကိုအမြဲလိုလို ထိုလူသား၏အလုပ်​စားပွဲ​ပေါ်ကို သွားတင်​ထား​ပေးတတ်​သည်​။

ပြီး​နောက်​သူလုပ်​နေကျအတိုင်း ဆရာများနား​နေ​ခန်း​ရှေ့တွင်​ယောင်​ပေ​ယောင်​ပေ နဲ့ ဟို​လျှောက်​ဒီ​လျှောက်​,​လျှောက်​နေဖြစ်​သည်​။ တံခါး​ပေါက်​ဝမှ ဒါမှမဟုတ်​ပြတင်းပေါက်​ဝမှတဆင့်​မြင်​ရတဲ့ ထိုလူသားရဲ့ပုံရိပ်​ကို သူ ဒီအတိုင်း​ငေးကြည့်​နေရရုံနဲ့တင်​ကျေနပ်​ရတယ်​။ ဒီလူသားက သူ့အတွက်​ဆိုရင်​လိုလို လားလား ပြုံးရယ်ြ​ခင်းမှမရှိခဲ့ပဲ။ တခြားလူ​ကြောင့်​ပြုံး​နေတဲ့ ဒီမျက်​နှာ​လေးကို​အ​ဝေးက​နေပဲ​တွေ့​နေရရင်​ကို ဝမ်​ရိ​ပေါ်​ကျေနပ်​ခဲ့ရသည်​။

သူစားပွဲသူပြန်​ရောက်​လာတဲ့​ရှောင်းကျန့်​က Coffee ခွက်​ကို မြင်​သည်​နှင့် ပြုံးရိပ်​က​လေး သန်းလို့သွားတယ်​။ ဘယ်​သူထားခဲ့သည်​ဆိုတာကိုလည်း သူသိတယ်​။ ဒီလို ခဏခဏ ထား​ပေးခဲ့တဲ့ လူ​ကြောင့်​ပဲ သူဒီလို​ကော်​ဖီဆွဲလာခဲ့တာကို​ရော​ကော်​ဖီခွက်​လာထား​ပေးသူ သိပါ့မလား ။

နှုတ်​ခမ်း​ထောင့်​မှ ပြုံး​ယောင်​လေးတစ်​ချက်​သန်းသွားတဲ့​ရှောင်းကျန့်​ကို ဝမ်​ရိ​ပေါ် အမိအရ ကြည့်​ရပြန်​တယ်​။ သူနဲ့ဆိုရင်​မပြုံးမရယ်​တဲ့ ဒီလူသားရဲ့ အပြုံး​တွေကို မြင်​နိုင်​တွေ့နိုင်​ဖို့ အ​ဝေးတစ်​နေရာမှ သူ​ဣ​နြေ္ဒမရစွာ​ချောင်းကြည့်​ရုံကလွဲရင်​ဘာများတတ်​နိုင်​မှာတဲ့လဲ ။

Coffee ခွက်​ကို ကိုင်​ကာ ကြည့်​နေသည့်​ရှောင်းကျန့်​ဘေးကို​လင်းယီချန်​ရောက်​လာပြီး စကား​ပြောတယ်။
"ကျန့်​ကိုကို ယီချန်​ကို တိုက်​ဖို့လား"

လင်းယီချန်​ဟာ သွက်​လပ်​ပြီး မဟုတ်​မခံသည့်​ဆရာမတစ်​ဦး။ လွတ်​လပ်​ပေါ့ပါးပြီး သွက်​လပ်​သည့်​သူမက သိပ်​ကိုလည်းပွင့်​လင်း​နေ​သေးသည်​။​သူမြတ်​နိုးမိတဲ့လူသားက အားနာတတ်​လွန်းတယ်​။ သူမရဲ့စကားကို​ရှောင်းကျန့်​ဟာ အပြုံး​တွေဖြင့်​ခရီးဦးကြိုပြု​နေသည်​။ လုပ်​ဖော်​ကိုင်​ဖက်​မိန်းက​လေးတ​ယောက်​ရှက်​သွားမည်​ကို စိုးရိမ်​တယ်​ထင်​တယ်​။ Coffeeခွက်​ကို​ပေးလိုက်​တယ်​။ လိုလိုလားလားပါပဲ ။ လက်​ဆောင်​ဆိုတဲ့အရာက တခြားလူကို ပြန်​ပေးဖို့အတွက်​မဟုတ်မှန်း ဒီလူသားမသိခဲ့​လေသလား။ သူထား​ပေးခဲ့တဲ့အရာကို တခြားတစုံတ​ယောက်​အား ကြည်​ကြည်​ဖြူဖြူ ပြန်​ပေး​နေတဲ့ ဒီလူသားရဲ့လုပ်​ရပ်​ကို ဝမ်​ရိ​ပေါ် ရပ်​ပဲ ကြည့်​နေဖြစ်ခဲ့​တယ်​။

Until you fall in love💚❤Season 1(Yizhan)(Complete)Where stories live. Discover now