12) Class Leader 's Official Boyfriend

Start from the beginning
                                    

**မင်းရူးနေတာလား ဘာတွေပြောနေတာလဲ ဂုဏ်ပြု စကားပြောရမှာ ဂုဏ်ပြု စကား**

**အာ.. ဟုတ် ဂုဏ်ယူပါတယ်ဗျ**

**အေး ကျေးဇူး ပဲ**

ပြုံးရွှင်ပြီး သဘောတကျ ပြန်လှည့် လာတဲ့
Yoongi ကိုကြည့်ရင်း Jiminလည်းလိုက်ရယ်မိသည်။

ဘယ်လောက်တောင်ကလေးဆန်နေတဲ့ Hyungလဲ....

ယောကျ်ား လေးတွေကအချစ်နဲ့တွေ့ရင်
ကလေးဆန်သွားတတ်တယ်ဆိုတာအမှန်ပဲနဲ့တူပါရဲ့။

......

အချစ်နှင့် ကြုံတွေ့ရင် ပြောင်းလဲသွားတတ်တဲ့
လူသားတွေရဲ့ ထုံးစံ အတိုင်း
Yoongiမှာလည်း ပြောင်းလဲမှုများ ရှိလာခဲ့ပါသည်။

စာသေချာလုပ်ပြီး ကြိုးစားတဲ့ Jiminနားမှာ
နေရသောကြောင့် အရင်လို ပျင်းရိမနေဘဲ
စာသေချာကြိုးစားလာခြင်းမျိုး။

လိမ္မာ တဲ့ Jimin စကားနားထောင်ပြီး
ဆရာဆရာမ တွေကို လေးစားကာ
စကားနားထောင်လာခြင်းမျိုး။

ရန်ပွဲတွေထဲလည်း ဝင်မပါတော့ တာမျိုး။

အတန်းသားတွေနှင့်လည်း ခင်ခင်မင်မင်ဖြစ်လာတာမျိုး။

စိတ်သဘောထားကောင်းတဲ့နတ်သားလေးရဲ့ချစ်သူမို့ သူသည်လည်း လူကောင်းလေးဖြစ်ရမှာပေါ့... ။

Yoongi တင်ပဲလား
Jiminလည်း တချို့ နေရာတွေပြောင်းလဲသွားခဲ့တာပေါ့

ဥပမာ.......

**အားလုံး  သင်္ချာအိမ်စာထပ်ရမယ် ငါ့ဆီ လာပေးနော် **

**အတန်းခေါင်းဆောင် ငါမေ့နေတယ် မပြီးသေးလို့**

**မင်းကလဲ ခုထပ်တော့မှာ  မြန်မြန်ရေး  ခဏစောင့်မယ် ခဏပဲနော်**

စိတ်မရှည်တဲ့ပုံနှင့် Jiminပြောနေစဥ် ခုံပေါ်တွင်မှောက်နေသောYoongi နိုးလာသည်။

**Ah! Jiminine,  Hyung လည်းမပြီးသေးဘူး**

**Hyung မပြီးသေးဘူးလား ဘာလို့လဲ မတွက်နိုင်တာ ရှိလို့လား ကျွန်တော့်ကိုပြော ရှင်းပြပေးမယ်လေ **

**အရင်တွက်ကြည့်ပြီး မရမှ**

**အင်း သေချာတွက်ကြည့်လေ ဖြည်းဖြည်းတွက် ရတယ် နားလည် ဖို့က အရေးကြီးတာ ဆရာမကို ညနေမှ သွားထပ်လိုက်မယ် **

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now