Part -16

221 22 9
                                    

Unicode is below 👇👇

Zawgyi Code:

Start:

"Lucas!!"

Lucas လှမ်းကြည့်လိုက်တော့ အဖြူရောင်Hoodieလေးဝတ်ထားပြီး ခုန်ဆွခုန်ဆွနှင့် သူ့ဆီ ပြေးလာတဲ့ ကလေးလေး..

"ဖြည်းဖြည်းလာပါ အသဲလေးရဲ့...ချော်လဲနေဦးမယ်"

Lucasရဲ့ စကားကြောင့် JungWooပါးလေးနှဖက်နီရဲသွားကာ

"အာ..Lucasကလည်း..အဲ့လိုကြီး ခေါ်နဲ့"
"ဘာလို့လဲ ကလေးရဲ့..ချစ်လို့ခေါ်တာလေ"
"သိပု..အသည်းယားတယ် အဲ့လိုခေါ်ရင်"
"ချစ်လိုက်တာကွာ"

Lucasပြောလည်းပြောရင်း အရှေ့က ဝါဂွမ်းလုံးလေးကို ဆွဲဖက်လိုက်တော့ ရင်ခွင်ထဲ အင့်ခနဲ ပါလာသည်။

"Gomorwor JungWoo ya"
"Waeyo?"
"ကိုယ့်ကို ပြန်ချစ်ပေးလို့..."

Lucas JungWooနားထင်စပ်လေးကို နမ်းလိုက်တာကြောင့် တွန့်ခနဲဖြစ်သွားသည်။

_____________________________

Lucasနဲ့JungWoo ရုပ်ရှင်လက်မှတ်ဝယ်ပြီး
ထိုင်ခုံတွင် စောင့်နေတုန်း

"Lucasမလား!!"

ကြည့်လိုက်တော့ Haera Noona..

"Lucasတို့ရုပ်ရှင်လာကြည့်ကြတာလား...အတော်ပဲ..Noonaလည်း တစ်ယောက်တည်းဖြစ်နေလို့်..အဟင်း.."

"ရတယ်Noona..ကျွန်တော်တို့နဲ့တူတူကြည့်လေ"

Lucasပြောပြီးပြီးချင်း JungWooမျက်နှာလေးဆူပုတ်လာပြီး

"မုန့်သွားဝယ်လိုက်ဦးမယ်"

မုန့်ဆိုင်သို့ တယောက်တည်းထွက်လာခဲ့သည်။ လှည့်ကြည့်လိုက်တော့ Haera Noonaနဲ့Lucasက စကားပြောလို့ကောင်းတုန်း

"ဟွင့်...လူဆိုးကြီး..တော်တော်ပျော်နေတယ်ဟလား "

JungWooစိတ်ပေါက်ပေါက်နဲ့တွေ့သမျှမုန့်တွေအကုန်ဝယ်နေတုန်း Lucasရောက်လာပြီး

"JungWoo ya...ဝယ်လို့ပြီးပြီလား"
"Arjuma...ဘယ်လောက်လဲဟင်"
သူပြောတာကို အဖတ်မလုပ်..ဒီကလေးလေးနဲ့တော့

JungWooပိုက်ဆံပေးခါနီးကို Lucasကရှင်းလိုက်တာကြောင့် JungWooလဲဒီတိုင်းနေလိုက်ပြီး

"စကားပြောလို့ရောပြီးရဲ့လား..မပြီးသေးလဲနေခဲ့နော်"
"ကလေးကလဲကွာ"

💚Baby JungWoo💚Donde viven las historias. Descúbrelo ahora