Part -21

198 12 2
                                    

"Daddy....ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ "
"အင်း..ထိုင်လေသား....ပြောပါဦး...အလုပ်သင်ကာလဆိုတော့ အဆင်ပြေရဲ့လား"
"အခုထိတော့ မသိတာတွေ ရှိသေးပေမဲ့ အဆင်ပြေပါတယ် Daddy"
"အေးကွာ..ငါ့သားကိုပဲ အားကိုးရမှာပဲ....အော်..ဒါနဲ့ Dynamic Company နဲ့ စာချုပ်ချုပ်ဖို့ ရှိတယ်...သူတို့သာ လက်ခံရင် Daddy တို့ Project တော်တော်အောင်မြင်မှာသားရဲ့.....သဘက်ခါကျ သူတို့နဲ့ Appointment ရှိတယ်...သားပါလာခဲ့လေ "
"ဟုတ်ကဲ့ Daddy..အဆင်ပြေမှာပါ "

_________________________

"နှုတ်ဆက်လိုက်ဦးသား... ဒီဘက်က သူဌေး Ju ရဲ့ သမီး Haera တဲ့ "
"Haera Noona??"
"Anneyong Lucas....Noona တို့ထပ်တွေ့ပြန်ပြီနော် "
"Nae"
"သားနဲ့သမီးနဲ့က သိကြတယ်လား"
"ဟုတ် အန်ကယ်..သမီးတို့က တကျောင်းတည်းထွက်တွေပဲ..Lucas နဲ့လည်း ခင်တာကြာပြီ "
"အော်..အေးအေး..အဲ့လိုဆိုတော့ ပိုအဆင်ပြေတာပေါ့ကွယ်.. ဟုတ်တယ်မလား သူဌေး Ju"
"ဟုတ်တာပေါ့ဗျာ... "
______________________

"Noona..ဘာလို့ ကျွန်တော်နဲ့တွေ့ချင်တာလဲဗျ"

ရှေ့က လာချပေးထားတဲ့ ကော်ဖီခွက်တွေတောင် အေးစက်စပြုနေပြီ..ခုထိဘာမှမပြောသေးတာကြောင့် Haera ကို JungWoo မေးလိုက်သည်။

"Huuu!!!" သက်ပျင်းတချက်ချပြီး Haera စကားစလိုက်သည်။

"JungWoo နဲ့ Noona နဲ့လည်း မတွေ့တာကြာပြီပေါ့....အဆင်ပြေရဲ့လား"
"ဟုတ်...အဆင်ပြေပါတယ် Noona..ကျွန်တော် ဖုန်းနံပါတ်ပြောင်းထားတော့ အကုန်လုံးနဲ့အဆက်အသွယ် ပြတ်နေတာ "
"Noona လည်း JungWoo နံပါတ်ကို Lucas ဆီကသိတာ "
"ဗျာ!! Lu..Lucas"
"အင်း...အခု Lucas နဲ့ Noona က အလုပ်အတူတူတွဲလုပ်နေရတယ်လေ JungWoo ရဲ့..ဟင်း..Lucas မိဘတွေ နဲ့ကလည်း ရင်းနှီးပြီးသားဆိုတော့"

Haera ပြောတဲ့စကားတွေမှာ JungWoo 2 min လောက်ငြိမ်သက်သွားသည်။ သူနဲ့ကိုကို အခုတလော အရင်လို စကားတွေအများကြီး မပြောဖြစ်တာကြာပြီ...အင်း..Lucas က အလုပ်ရှုပ်နေတာလည်းပါမှာပေါ့...ညဘက်တွေ ဖုန်းပြောရင်လည်း ပြောနေရင်းနဲ့ Lucas က အိပ်ပျော်သွားတာများတယ်...အလုပ်တွေအရမ်းလုပ်နေရတော့ ပင်ပန်းမှာပေါ့..JungWoo ကြောင့် ပိုစိတ်ရှုပ်ရမှာစိုးလို့ သူ စိတ်မကောက်တာတောင် တော်တော်ကြာပြီ..ဘာပဲဖြစ်ဖြစ် အခုအကြောင်းတွေကိုတော့ Lucas သူ့ကိုပြောသင့်တာပေါ့...ချစ်သူတွေဖြစ်ပြီး ကိုယ့်ရည်းစားက ဘာတွေလုပ်နေမှန်းတောင်မသိတဲ့ အခြေအနေကြီး...နဂိုတည်းကမှ ဝမ်းနည်းတတ်တဲ့ကလေးက အခုလည်း လျှောက်တွေးပြီး မျက်ရည်ကြည်လေးတွေ ဝဲတတ်လာတာကို Haera တွေ့မှာစိုးလို့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး...

💚Baby JungWoo💚Where stories live. Discover now