Chapter (16)

8K 769 180
                                    




Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အဟင့်… အဟင့်။

နာလိုက်တာ။ ဒါပေမဲ့လည်းအောင့်ခံရမှာပဲ။ အော်လို့မဖြစ်ဘူး။

" လုပ်၊ လုပ်၊ Merv ဆက်လုပ် "

" သေချာလို့လား? "

Merv ကထိရုံထိရသေး စပ်ဖျင်းဖျင်းခံစားချက်နဲ့အတူ ကျွန်တော်ဖျက်ဖျက်လူးနေပြီ။ သူခဗျာအာရုံစူးစိုက်ပြီးသိပ်မနာအောင်လုပ်ပေးပေမဲ့လည်း အကာကွယ်မဲ့တဲ့အသားလွှာကိုထိပါးနေတာကြီးက တော်တော်စပ်သည်။

" ပြီးခါနီးပြီ Cyril "

ကျွန်တော်လည်းပြီးချင်နေပြီ။ ဆေးသေတ္တာထဲက အနာကပ်ပါလာစတာအကြီးစားကိုယူပြီး သူဖွဖွလေးကပ်ပေးပြီးကာမှ ကျွန်တော်သက်ပြင်းချနိုင်သည်။

ဖြစ်စဉ်ကဒီလို။ Merv အိမ်ကိုရောက်လာတော့ သောက်စရာဘာညာချပြီးဧည့်ခံတုန်းရှိသေး၊ အိမ်ရှင်းတုန်းကမလျှော်ရသေးတဲ့ ခန်းဆီးစတွေဘယ်နားဖွက်ရမှန်းမသိတာကြောင့် ကျွန်တော်လည်း ဆိုဖာအောက်ထဲထိုးထည့်ထားရာကနေ ထိုးထွက်နေတဲ့ခန်းဆီးအချောသားအစကိုနင်းမိပြီး မျက်စိတစ်မှိတ်အတွင်းဒူးပြဲသွားသည်။

" မင်းဘာကြီးကိုတက်နင်းပြီးချော်လဲတာလဲ "

" ဘာမှဟုတ်ဘူး "

Merv ကဆိုဖာအောက်ထဲကိုစူးစူးစမ်းစမ်းကြည့်နေတာကြောင့်ကျွန်တော်နောက်ပြန်ခြေထောက်ကိုခတ်ထုတ်ရင်းထွက်နေတဲ့အစကိုထိုးထည့်တာ နောက်တစ်ခေါက်ရှေ့ကို ချော်လဲတော့မလိုဖြစ်တော့ Merv ကထိန်းကိုင်ပေးသည်။

" လာ! အခန်းထဲသွားကြရအောင် Merv "

" ဟင် "

Merv ကကျွန်တော့်ကိုမျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ရင်းပြန်ကြည့်သည်။ အခန်းထဲရောက်တဲ့အခါ မျက်တောင်တောင်ခတ်နိုင်မှာမဟုတ်တော့မှာတွေးရင်း ကျွန်တော်ကြိတ်ပြုံးမိသည်။

Dear, RelationshipWhere stories live. Discover now