Chapter 41 ( unicode + zawgyi)

Comenzar desde el principio
                                    

Koe အမှန်အတိုင်း ဖွင့်ပြောပြီးပြီလေ။ သုံးသုံးသည် ဘာဖြစ်လို့ Koe ၏ စကားကို မယုံကြည်ရတာလဲ။ ကိုနေနဲ့ပဲ လက်ထပ်မယ်ဆိုပဲ။ သုံးသုံး အဲ့ဒီလို တစ်ခွန်းပြောလာတိုင်းမှာ Koe ၏ နှလုံးသားသည် ဓားတုံးတုံးနဲ့ အမွှန်းခံနေရသလို နာကျင်သွားရသည်။

"သုံးသုံး ..ငါတို့က ဘာမှမတော်ဘူး၊ မင်းက ဖေဖေ့သားအရင်းမဟုတ်ဘူး၊ အဲ့ဒါကြောင့် ငါကလွဲရင် ဘယ်သူနဲ့မှ မယူရဘူး၊ ငါမင်းကို ခိုးပြေးလာတာ၊ မင်းအခု ငါနဲ့ညားသွားပြီ၊ မင်းက ငါ့ယောင်္ကျားဖြစ်သွားပြီ"

Koe ကောင်းကောင်းမွန်မွန်ပဲ သုံးသုံးကိုကြည့်ပြီး စကားကို ညင်သာစွာ ပြောသည်။ သုံးသုံးက ငိုနေတာ မရပ်တဲ့အပြင် ခေါင်းကိုပါ ဘယ်ညာခါယမ်းပစ်သည်။

"မဟုတ်ဘူး..မဟုတ်ဘူး၊ ကိုကိုး ရူးနေတာ၊ ကိုကိုး ရူးနေတာ၊ ကျွန်တော် အိမ်ပြန်မယ်၊ အခု အိမ်ပြန်တော့မယ်"

ဒီကောင်လေးက Koe ကို တွန်းထုတ်ပစ်လာသည်။ Koe လည်း ယာဥ်မောင်းနေရာမှာ ပြောင်းထိုင်လိုက်သည်။

"ကျွန်တော် အိမ်ပြန်မယ်၊ ကိုကိုးကို မုန်းတယ်"

Koe တံခါးတွေအကုန် လော့ခ်ချပစ်ထားတယ်လေ။ အဲ့ဒါကို ဒီကောင်လေးက တံခါးကို အတင်းဖွင့်ထုတ်ပစ်နေတာ။ ဒီပုံစံနဲ့ ခရီးဘယ်လိုဆက်ကြမလဲ။ Koe မှားမှန်းလည်း သိသည်။ Koe ၏ လက်တစ်ဆစ်လေးတောင် မရှည်သည့် ဒေါသစိတ်နှင့် ဘာဖြစ်မှန်းမသိသော ပူလောင်လာသည့် ခံစားချက်တွေက ကိုယ့်စိတ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘူး။ သုံးသုံးက ကားတံခါးလက်ကိုင်ကို ဆွဲကိုင်လှုပ်ယမ်းပစ်နေသည်။ Koe ဘယ်လိုလုပ်ရမလဲ။

"သုံးသုံး ငါမင်းကို ခိုးပြေးလာတာ၊ ငါတို့က ညီအစ်ကို မဟုတ်ဘူး၊ ငါ အမှန်တွေကို ပြောနေတာ၊ အားလုံးအမှန်တွေ"

"မဟုတ်ဘူး၊ ကျွန်တော်က ကိုကြီးကို ရွေးချယ်လိုက်လို့ ကိုကိုး သက်သက်ယုတ်မာတာ၊ ကိုကိုးကတဏှာရူးကြီး၊ အီးဟီး ..ကိုကိုးကို မုန်းတယ်၊ အခု အိမ်ပြန်ပို့ပေး၊ အခု အိမ်ပြန်ပို့ပေး"

"မပို့ပေးနိုင်ဘူး၊ မင်းနဲ့ငါ ညားသွားပြီ သုံးသုံး၊ မင်းကို ဘယ်သူ့ရင်ခွင်မှ ဝင်ခွင့်မပြုဘူး"

ရင်မှပျိုးသော စတော်ဘယ်ရီ🍓[Completed]Donde viven las historias. Descúbrelo ahora