Chapter 42 (unicode + zawgyi)

15.7K 1.1K 102
                                    

[Unicode]
နွေလယ်ည၏ ညချမ်းချိန်ခါတွင် အေးမြလတ်ဆတ်နေသော လေညင်းတို့သည် ဟိုမှဒီသို့ ဝေ့ဝဲတိုက်ခတ်လျက်ရှိကာ လေပြည်တစ်ချက် ဝေ့တိုက်လိုက်တိုင်း လီလီပန်းခက်တို့၏ မွှေးပျံ့သင်းထုံနေသော ပန်းရနံ့တို့က လေညင်းနှင့်အတူ ရောယှက်ပါလာကြသည်။သုံးသုံးကို ကျောပိုးကာ Koe သစ်သားအိမ်လေးဆီလမ်းလျှောက်ပြန်လာသည်။ Koe အရမ်းပျော်ရွှင်နေသည်။

အခုဆိုရင် အခြေအနေတွေက နေ့ခင်းနှင့် မတူတော့အောင် သုံးသုံးက Koe စကား၊ Koe အထိအတွေ့ကို ဘာဆိုဘာမှ လွန်ဆန်ငြင်းပယ်ခြင်း မရှိတော့ပါ။ အခုလည်း Koe ရဲ့ ကျောပေါ်မှာ လိုက်ပါလာသည်။ Koe က မမောနိုင်မပန်းနိုင်ပါပဲ အိမ်အရောက် သုံးသုံးကို ကုန်းပိုးလာသည်။ အိမ်ရောက်တော့လည်း ထမင်းစားပွဲရှေ့ရောက်တော့မှ ကြမ်းပြင်ပေါ်ကို ပြန်ချပေးလိုက်သည်။

"ဗိုက်ဆာနေပြီလား သုံးသုံး၊ ညစာ တစ်ခါတည်း စားကြမလား"

"စားမယ်လေ၊ နေ့ခင်းတုန်းကလို ကိုကိုး ခွံ့ကျွေး"

Koe ပြုံးမိပြန်သည်။ Koe ကို မုန်းတယ်ဆိုပြီး တစ်ခွန်းမဆိုတော့သော ကောင်လေးက Koe မျက်လုံးထဲမှာ အရမ်းချစ်စရာကောင်းနေသည်။ Koe စိတ်ချမ်းသာနေပြီ။ သွားချင်နေတဲ့ပန်းတိုင်ကို ရောက်ရှိသွားပြီထင်သည်။ Koe တို့နှစ်ယောက်တည်း အတူနေထိုင်မည့် အိမ်ကလေးကို မကြာခင် ဆောက်နိုင်ပြီထင်သည်။

သုံးသုံးက ပုံမှန်အခြေအနေကို ပြန်ဖြစ်သွားပြီမို့ Koe လည်း ချုပ်နှောင်ထားတာမျိုးကို ထပ်မလုပ်တော့ပါ။ အဲ့ဒီတော့ နှစ်ယောက်သား ထမင်းစားပွဲအရှေ့လေးမှာ ဘေးချင်းကပ် ထိုင်လိုက်ကြသည်။ ညနေတုန်းက ဦးနိုင် လာပို့ပေးသော ထမင်းချိုင့်ကိုပဲ ညစာအဖြစ် ဖွင့်စားကြသည်။ Koe ကိုယ်တိုင် သုံးသုံးတောင်းဆိုတဲ့အတိုင်း စိတ်ရှည်ရှည်နဲ့ ထမင်းခွံ့ကျွေးသည်။ သုံးသုံးသည် ဟိုအရင်ကလိုပဲ မျက်နှာလေးကို ပြုံးချိုနေလို့ Koe လည်း စိတ်ချမ်းသာရသည်။

"ဆေးတစ်ခွက် သောက်လိုက်ဦးနော်၊ လိမ္မာတယ်"

"ဟုတ်"

"ဟိုနေရာက နာနေသေးလား၊ ဆေးခန်းသွားပြီး ဆေးထိုးမလား"

ဆေးနှင့် ရေတစ်ခွက်ကို သုံးသုံးလက်ထဲကို Koe ထည့်ပေးလိုက်သည်။ ခန္ဓာကိုယ် အောက်ပိုင်းကိုပါ မျက်လုံးဝေ့ကြည့်ပြီး မေးငေါ့ပြလိုက်တဲ့အခါ သုံးသုံး၏ပါးပြင်လေးမှာ ပန်းသွေးရောင်လှိုင်းတချို့ ဖြတ်ပြေးသွားတာကို အမိအရ မြင်လိုက်သည်။

ရင်မှပျိုးသော စတော်ဘယ်ရီ🍓[Completed]حيث تعيش القصص. اكتشف الآن