Chapter 20 ( unicode + zawgyi)

19.8K 1.5K 46
                                    

[Unicode]
မီးအမှောင်ချထားသော အိမ်ကလေးထဲတွင် ဦးလုံနှင့် Koe ပဲရှိသည်။ ဦးလုံကတော့ အိပ်မောကျနေပြီ။ Koe ဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ။ သုံးသုံးကို ဖုန်းခေါ်နေတာ အဲ့ဒီကောင်လေးက ဖုန်းမကိုင်ဘူး။ မနေနိုင်တော့လို့ ဖေဖေ့ကို ဖုန်းဆက်မေးရသည်။ သုံးသုံးက ကိုနေနဲ့အတူ တန်ဆောင်တိုင်ပွဲကို သွားတယ်တဲ့။ Koe အဲ့ဒီသတင်းကြားပြီးနောက် ဒေါသထွက်လာသည်။ အဲ့ဒီကောင်လေးကို ကိုနေနဲ့ စကားမပြောရဘူး။ ကိုနေနဲ့ အပြင်မထွက်ရဘူး။ ကိုနေ ဘယ်ခေါ်ခေါ် မလိုက်ရဘူး။ ကိုနေ့ကို ပြန်မချစ်ရဘူး။ အဲ့ဒီလို တားမြစ်ချက်တွေ ထုတ်ပစ်ထားတာတောင် သုံးသုံးသည် Koe စကားကို ဘာဖြစ်လို့ နားမထောင်ရတာလဲ။

ကိုနေက အစီအစဥ်ရှိပြီးသားမို့ အရွယ်ရောက်လာတဲ့ ဒီကောင်လေးကို ချစ်တယ်လို့ ဖွင့်ပြောလာတော့မယ်ဆိုတာ Koe သိနေသည်။ ဒီကောင်လေးအပေါ်မှာ Koe ဘယ်လောက်ပဲ သြဇာအာဏာရှိရှိ၊ ကိုနေ့ကို ပြန်ချစ်လိုက်မှာကို မလိုလားဘူး။ ဟိုအရင်တုန်းက ကိုနေက Koe ကို အနိုင်ပိုင်းပြောခဲ့သလို အစ်ကိုတစ်ယောက်ကို ရွေးချယ်ရလောက်အောင် သုံးသုံး ဦးနှောက်မဲ့ပါ့မလား။ Koe အနမ်းပေးလိုက်တိုင်းမှာ ငြိမ်ခံနေသောကောင်လေးက သူ့ရင်ထဲမှာရော ဘယ်လို သဘောထားများ ရှိနေလိမ့်မလဲ။

သုံးသုံးက Koe ကို ဘယ်လိုအချစ်မျိုးနဲ့ ချစ်နေတာလဲ။ ဒီကောင်လေးက Koe ကို သူ့အစ်ကိုလို့သာ သိနေပေမယ့် ဒီကောင်လေးကို အနမ်းပေးလိုက်တိုင်းမှာ လိင်စိတ်တိမ်းညွတ်သော ခန္ဓာကိုယ်တုံ့ပြန်မှု ရှိသည်။ Koe ကို ပြန်နမ်းတတ်သည်။ အဲ့ဒါက Koe ကို အစ်ကိုတစ်ယောက်ထက် ပိုချစ်နေတယ်ဆိုတာ မြင်နိုင်တဲ့ အပြုအမူပဲ။ ဒါပေမဲ့ ကိုနေကသာ သုံးသုံးကို ရည်းစားစကားပြောလိုက်ရင် ကိုနေ့ကို ရွေးချယ်လိုက်မှာ Koe သိပ်ကြောက်သည်။

Koe က အစ်ကိုတစ်ယောက် အနေနဲ့ ရှိနေရသူမို့
ဒီကောင်လေး စိတ်ပြောင်းပြီး ကိုနေ့ဘက်ကို ရောက်သွားမှာကို ကြောက်သည်။ အဖြစ်မှန် အားလုံးကို
ထုတ်ပြောလိုက်ရင် Koe ကိုပဲ ရွေးချယ်လိမ့်မယ်ဆိုတာ သိနေပေမယ့် သုံးသုံးကို စိတ်ဒဏ်ရာ မရစေချင်ပါ။ ဒီကောင်လေးက ဖေဖေ့ကို အရမ်းချစ်တာ။ ဖေဖေ့သား မဟုတ်မှန်းသာ သိသွားရင် ဖုံးကွယ်ထားတဲ့ အဖြစ်မှန်တွေကို ခံနိုင်ရည် ရှိပါ့မလား။

ရင်မှပျိုးသော စတော်ဘယ်ရီ🍓[Completed]Where stories live. Discover now