" မင်း ဆင်ခြင်သုံးမယ်ဆိုတဲ့ ကတိပေးနိုင်မှ ငါပေးမယ် "

" ကျွန်တော်က အခေါက်ခေါက်သုံးရအောင် မစွမ်းဆောင်နိုင်တဲ့သူမဟုတ်ဘူး ဒါက စမ်းသပ်ကြည့်ချင်လို့သုံးတာ "

မင်းကြီးလည်း သူ့ဝတ်ရုံထဲမှဆေးပုလင်းဖြူလေးကိုထုတ်ပေးလိုက်သည်။

ဝါးးးးး မင်းကြီးဆိုတဲ့ အကိုတော်က အဆင်သင့်ဆောင်ထားပါလား။

" ဟေ့ကောင် မင်းထင်သလိုမဟုတ်ဘူး ငါ့ကို အဲ့လိုမျက်လုံးကြီးတွေနဲ့မကြည့်နဲ့စမ်း ဒီဆေးက အန္တရာယ်ရှိလို့ ငါက သိမ်းထားရတာ "

" ကျွန်တော်က ဘာပြောနေလို့လဲ "

" ဒီဆေးကို အရင်ဆုံး . . . . . . . "

" အရှင်မင်းကြီး မိဖုရားခေါင်ကြီးနှင့် ကြင်ယာ‌တော်ရှောင် ကတွေ့ခွင့်တောင်းနေပါတယ် "

ဆေးရဲ့သုံးပုံသုံးနည်းကိုပြောပြမည်ကြံသော်လည်း မိဖုရားခေါင်ကြီးနဲ့ရှောင်ကြင်ယာတော် တွေ့ခွင့်တောင်းနေတယ်ဆိုတဲ့စကားတောင်မဆုံးသေး ပွင့်လာတဲ့တံခါးချပ်။

အရှင်မင်းကြီးကလည်း အိမ်ရှေ့မင်းသားနဲ့ ဘဝတူတွေပါပင်။ ချီတိုင်းပြည်ရဲ့ အချောလှဆုံးမင်းသမီးလေး နတ်ဆေးဆရာ ချီယီယွဲ့ကို မိဖုရားခေါင်ရာထူးပေးထားသော်လည်း အိမ်ရှေ့မင်းသားကဲ့သို့ မပွေ့ရသေး။ အလှသာထိုင်ကြည့်နေရရှာသည်။

ဇိုးဇိုးဇက်ဇက်ဝင်လာသော မိဖုရားခေါင်ကြီး၏နောက်တွင် တည်ငြိမ်စွာ မျက်လွှာကလေးချ လိုက်ပါလာသော ဝမ်ရီပေါ်ရဲ့အလှလေး။

" ဟယ်....အိမ်ရှေ့မင်းသား ဒီရောက်နေတယ် နေကောင်းပါပြီလား မင်းသား "

မိဖုရားချီက မောင်လေးတစ်ယောက်ကဲ့သို့ ဝမ်ရီပေါ်ကိုအရမ်းချစ်သည်။ ကြင်ယာတော်ရှောင်နဲ့လည်း အလွန်ခင်မင်သည်။

မိဖုရားချီ ဝမ်းသာစွာဆိုလိုက်သောစကားကြောင့် မျက်လွှာချထားသော ရှောင်ကျန့်ရဲ့မျက်လုံးလေးများက ဝမ်ရီပေါ်ရှိရာဆီသို့ ကြည့်မိလိုက်သည်။

အကြည့်ခံရ‌ေသာ ဝမ်ရီပေါ်ကတော့ ဓာတ်လိုက်သလို ဆတ်ခနဲဖြစ်သွားသည်။ ဟုတ်သည် လက်တောင်မမြှောက်နိုင်လို့ ဆန်ပြုတ်ခွံ့တိုက်ခဲ့တဲ့သူက မင်းကြီးရဲ့ပလ္လင်ပေါ်ရောက်နေသည်လေ။ ဒါတောင် နန်းတော်တစ်ပတ် ပတ်ပြီး သူ့ကို မဟုတ်တာတွေကြံစည်ထားတာကိုမသိသေး။

Xiao Fei(yizhan)Where stories live. Discover now