လက်တွေ့တွင် ဆီပူခံကြော်ရာမှ ငါးကြော်အကောင်း ငါးတုံးသာအဖတ်တင်သည်။ ဟင်းချက်တတ်သော်လည်း ငါးကြော်နည်းကို မားဆီကသင်ရမည်။ ချစ်ရသူက ငါးကြော်ကြိုက်သည်မို့လေ။ ထမင်းစားတော့လည်း ငါးရိုးနွှင် ငါးအသားကို ဇွန်းပေါ်တင်ပေးရသည်မှာ သူ၏တာဝန်။ ခန့်တည်ကတော့ ကြောင်ရွှေဝါကြီး ငါးကြော်ရသလို စားလိုက်တာမှ။

ထိုနေ့က ခန့်တည်နှင့်ဖြတ်သန်းလာသော Jey ဘဝ အပိုင်းငယ်လေးတွင် သူရော ခန့်တည်ပါ ပျော်ရွှင်စွာကခုန်ခဲ့ကြသည်။

နွားနို့သောက်ပြီးစောစောအိပ်ပျော်သွားခဲ့သော ထိုနေ့က ကြယ်တော့မစုံပါ။ လမင်းကြီးတော့သာသည်။ အခန်းထဲဖြာကျသော လရောင်အောက်တွင် မြင်ရသည်မှာ ကောင်လေးတစ်ယောက်၏ လက်မှ ဆီပူဒဏ်ရာများကို ပတ်တီးနှင့်ကောင်လေးက ဘယ်လက်နှင့် ဆေးပုလင်းဖွင့်ကာ ဘယ်လက်ဖြင့်ပင် မလိမ်းတတ်လိမ်းတတ် လိမ်းပေးနေခဲ့ခြင်းပုံရိပ်ကလေးကို လစန္ဒာကပါ ရှက်ရွံနေမည်လား။

~~~~~~~

"အစ်ကို Korea Company နဲ့ Final contract ချုပ်ရမယ်၊ korea သွားရမယ်ထင်တယ်"

ခန့်တည်လက်ပတ်တီးဖြေပြီး တစ်လခန့်တွင် ပြန်၍ ခရီးထွက်ရမည့်ကိစ္စကို ခန့်တည်က အသိပေးခြင်းသာ။

"အင်းသွားလေ  luggage ထည့်ပေးလိုက်မယ်"

"မဟုတ်ဘူး အစ်ကို၊ ဟိုဟာ .. ဟို"

"ပြောလေ မင်းကလည်း"

"အစ်ကိုပါ လိုက်မလားလို့"

"ဟမ်"

အသံကျယ်သွား၍ထင်သည်။ Baymax က အစာစားနေရမှ မော့ကြည့်သည်။ Baymax လည်းတော်တော်ထွားလာသည်။ တော်တော်လည်း စားလာသည်။

"လိုက်တာက ဟုတ်ပါတယ်၊ Baymax ကရော"

"မေမေ့အိမ်ပဲ ပို့မယ်၊ အဲ့ကောင်ကြီးက ပိစိလေးမဟုတ်တော့ဘူးဆိုတော့ မေမေလည်း အသည်းမယားတော့ဘူးပေါ့"

Baymax က စားနေရာမှ ခန့်တည်ဆီသို့ခုန်တက်သည်။

"Baymax မင်းကွာ၊ အရင်လို သေးသေးလေးမဟုတ်တော့ဘူးကွ၊ စိတ်ရှိတိုင်း ခုန်တက်မနေနဲ့"

Rhyme Made Of Love (Completed)Where stories live. Discover now