"ကျွန်တော် Gay တွေကို ကြောက်တယ် ရွံတယ် အစ်ကို၊ ဒါ ကျွန်တော် အရှင်းဆုံးပြောတာ၊ ခေါ်ခိုင်းလိုက်ကတည်းက ကျွန်တော် မေ့သွားတယ်၊ အဲ့ gay couple ပါလာမယ်ဆိုတာကို"

"နေပါဦး ခန့်တည်၊ အဲ့ gay couple လို့ပြောရအောင် ငါတို့ကရော Boy to boy လက်ထပ်ထားတာပဲလေ၊ ငါတို့ကရော ဘာထူးနေလို့လဲ"

"မတူဘူး၊ ကျွန်တော်တို့က ကြိုက်နေချစ်နေလို့လက်ထပ်ထားတာမှမဟုတ်တာ၊ မှားသွားလို့လက်ထပ်ထားကြတာလေ"

မပြောလိုက်သင့်သော စကားပေ။ စကားကျွံလျှင် နှုတ်ရခက်သည် ဟူသောစကားသည် မှန်သည်။အစ်ကိုက မျက်ရည်သီသော မျက်လုံးများဖြင့် ကျွန်တော့်ကို ကြောင်ငေးနေသည်။ ခန့်တည်ဘာဆက်လုပ်ရမလဲ မသိတော့။

"အစ်ကို ကျွန်တော်ပြောတာ အဲ့လိုမဟုတ်"

"ခန့်တည် အပြင်ထွက်တော့၊ ငါခဏနေလိုက်ခဲ့မယ်၊ အပေါ်မှာ Baymax တစ်ကောင်တည်း ခဏတက်ကြည့်လိုက်ဦးမယ်"

အစ်ကိုက ဖျော့တော့စွာပြောသည်။ အစ်ကို့မျက်လုံးများကို အဓိပ္ပာယ်ကောက်ကြည့်လျှင် "ဆက်မပြောပါနဲ့တော့ တော်ပါတော့" ဟု ပြောနေပုံရသည်။ အစ်ကိုက လှည့်ထွက်ကာ အပေါ်ထပ်ရှိ ခန့်တည်၏အိပ်ခန်းသို့ တက်သွားလေသည်။

အပြင်ထွက်လာတော့ အစ်ကိုအာကာကမေးပါ၏။

"ခန့်တည်၊ Jey ရော ?"

"Baymax ကို ခဏသွားကြည့်တယ်အစ်ကိုအာကာ၊ ပြီးရင်လာခဲ့မယ်တဲ့"

အပေါ်ထပ်က သူ့အခန်းသို့ လှမ်းကြည့်တော့ လိုက်ကာ အဖြူလေးက တလွင့်လွင့်။

~~~~~~

အခန်းတံခါးဖွင့်လိုက်သည်နှင့် Baymax က Jey ဆီ ပြေးလာသည်။

"Baymax, သားသားလေးကို အောက်ခေါ်လို့မရလို့ပါနော်၊ အသားကင်နံ့တွေနဲ့ သားသားကငယ်သေးတော့ မဖြစ်လို့နော်"

Baymax က သူ့စကား နားလည်နေဟန်ဖြင့် သူ့နားကပ်ထိုင်နေသည်။

"သားသားသခင်က ကိုကို့ကို မချစ်ဘူးတဲ့၊ မှားလို့ လက်ထပ်ရတာတဲ့၊ gay မုန်းတယ်တဲ့ ဟဟ ! ကိုကို gay မှန်းသိသွားရင် သူ့ကိုယ်သူတောင် သတ်သေလိုက်ဦးမှာထင်ပါရဲ့"

Rhyme Made Of Love (Completed)Where stories live. Discover now