အာလားလားး ဝမ်ရိပေါ်ရဲ့သတင်းတွေက မွှေးနေရောပါလား...ရ,ထားတဲ့ဆုတွေကလဲ သီတန်းလို့...
အကရော အဆိုရောပိုင်တဲ့အပြင် စကိတ်နဲ့ဆိုင်ကယ်သမား...ပြိုင်ပွဲတွေတောင်ဝင်ပြိုင်ထားတာပဲ ဝေါင်းးးး

မနေ့တနေ့ကတောင် သူ့မွေးရပ်မြေအတွက် မီးသတ်သံတမန်အဖြစ်တောင် ခန့်အပ်ခံထားရတာ...

ဝမ်ရိပေါ်အကြောင်းရှာလိုက်သမျှ သူ့တွဲဖက် အဲ တွဲဖက်လို့ပဲပြောရမှာပေါ့..Sean Xiaoကမပါမဖြစ်ပဲ။
Sean Xiaoရဲ့ တရုတ်နာမည်က ရှောင်းကျန့်နဲ့ တူနေတာမို့သတိထားမိနေတာ..

ချန်ချင်းလင့်လွှင့်ပြီးကတည်းက နှစ်ယောက်ကအတွဲလိုက် ဝုန်းကနဲတက်လာတာ။ဖန်တွေကပါ ဘာဘာညာညာလုပ်နေတာမို့ ယွီပင်းကတောင်စုံစမ်းလိုက်သေးတယ်ဆိုပဲ.....

ဝမ်ရိပေါ်က ၂၀၁၄ကတည်းက ပွဲဦးထွက်တာ...
ဘုရားရေ အဲ့တုန်းက ဝမ်ရိပေါ်က ၁၇နှစ်ပဲရှိသေးတာ။
သူ၁၇တုန်းကဆို မေမေ့ရင်ခွင်ထဲတိုးပြီး ပေါက်စီစားတုန်း....

ကိုရီးယားမှာ ၁၃နှစ်ကတည်း မိဘတွေနဲ့ခွဲပြီးနေရတာပဲ...

"သနားပါတယ် ကောင်လေးရယ်..."

နောက် UNIQဆိုတဲ့အဖွဲ့နဲ့တူတူ ပွဲဦးထွက်လာတယ်...ရွှေရောင်ဆံပင်ဂုတ်ထောက်လေးနဲ့ ကလေးပေါက်စကို ကြည့်ပြီးရှောင်းကျန့်ပြုံးလိုက်မိတယ်။
ပါးဖောင်းဖောင်းအိအိလေးနဲ့ အဲ့ကလေးက တကယ့်ချစ်မွှေးလေးပဲ.....

နောက် နှစ်နိုင်ငံမပြေလည်တာနဲ့ ရိပေါ်နဲ့တခြားတရုတ်အဖွဲ့ဝင်တွေ ပြန်လာခဲ့ကြပြီး တစ်ကိုယ်တော်လှုပ်ရှားမှုတွေလုပ်နေကြတာ။
အဲ့ကတည်းက ဝမ်ရိပေါ်ရဲ့ အပြုအမှုတွေ ပြောဆိုပုံတွေက အေးစက်သွားတာပဲ...

သူ့အစ်ကိုတွေနဲ့ဆို ပြုံးရယ်မောနေတတ်တဲ့ ကလေးလေးကနေလေ....

ရှောင်းကျန့်လက်တော့ပ်ကိုပိတ်ချလိုက်တယ်။
ဒီလိုကောင်းသတင်းတွေနဲ့ မွှေးပျံ့နေတဲ့ သူ့ထက်၆နှစ်ငယ်တဲ့ လူငယ်လေးကို ဘယ်လိုများမကောင်းသတင်းတွေဖြန့်ရက်ပါ့မလဲ...

အသက်ကလဲ၂၂ နှစ် တကယ့်ကလေးပိစိလေးကို....

"ဟူးစ့် "

Journalist & Me !!!!Where stories live. Discover now