ကျွန်တော်ဒူးတစ်ဖက်ထောက်ထိုင်ကာ Merv ရဲ့မေးစေ့ကိုဖွဖွလေးဆွဲယူမော့ရင်း ဖိကပ်နမ်းသည်။ သူ့နှုတ်ခမ်းတွေလည်းအအေးကြောင့်အေးစက်နေပြီး ကျွန်တော့်နှုတ်ခမ်းတွေလည်း ထိုနည်းတူစွာ။ နှုတ်ခမ်းချင်းဖိကပ်နမ်းနေရာက နှုတ်ခမ်းစပ်အစွန်အဖျားလေးတွေကို မတော်တဆ ထိခက်သွားရင် အေးခနဲဖြစ်သွားပြီး ကိုယ်ခန္ဓာမှမွှေးညှင်းတို့ကို နှိုးဆော်နေသည်။

" Ughhh ah "

ကျွန်တော်အတင်းဆွဲစုပ်တော့ Merv ရဲ့နှုတ်ခမ်းဟာ ညည်းသံလေးတွေနဲ့အတူပွင့်ဟလာသည်။ ကျွန်တော်လည်းပွင့်ချင်လာသည်— ဘောင်းဘီဇစ်။ နှုတ်ခမ်းကိုအကျယ်ကြီးမဟမိအောင် သတိပြုရင်း နေရာလပ်မကျန်အောင်ခပ်ကျပ်ကျပ်လေးဖိနမ်းသည်။ Merv ကခေါင်းကိုဖြေးဖြေးချင်းစောင်းလိုက်တဲ့အခါ လေထုလွှာတစ်ခုလုံးနှုတ်ခမ်းချင်းစုပ်ယူသံတွေသာကြားရသည်။ ညည်းညူသံမထွက်တဲ့အနမ်းဟာ ခြောက်သွေ့နေတာမို့ ကျွန်တော်လည်း သက်ပြင်းလေးခိုးချလိုက်သည်။

" ဒီနေ့နမ်းတာတွေရော မေ့သွားဦးမှာလားဟင် "

သူ့နှုတ်ခမ်းတွေနဲ့ခွာလိုက်တဲ့ခဏမှာ နဖူးချင်းဖိကပ်ပြီး ကျွန်တော်တိုးတိုးလေးရေရွတ်သည်။

" တစ်ခါနှစ်ခါပဲဆို မေ့ချင်မေ့မယ်။ ဒါပေမဲ့ ထပ်ခါထပ်ခါဆိုရင်တော့ မနက်အိပ်ယာနိုးတဲ့အခါ ငါ့နှုတ်ခမ်းတွေဘာလို့ရောင်ကိုင်းနေတာလဲဆို ငါစဉ်းစားချင်စဉ်းစားမယ် "

Merv ရဲ့မပျူငှာတဲ့မျဉ်းကွေးနှုတ်ခမ်းတွေကြားက သွားချွန်ချွန်လေးတွေဟာ ကျွန်တော့်ကိုကလူကျီစယ်သည်။ ဒီလိုနေရာတွေမှာ ကျွန်တော်ကဝှက်ဖဲများများပြားပြားမရှိတဲ့ အရိုးစင်းဆုံး ကောင်လေးတစ်ယောက်ဖြစ်လိမ့်မည်။ ဒူးတစ်ဖက်ထောက်ထားလို့ဟနေတဲ့ကြားထဲကို Merv ဟာတိုးဝင်လာပြီး ကျွန်တော့်ကို တစိုက်မတ်မတ်နမ်းသည်။ ကျွန်တော်ရော သူပါ နဂိုစိတ်ကူးထားတာထက် အကြိမ်ရေအများကြီးနမ်းမိသည်။

Merv ဟာဘယ်လိုကောင်းကောင်းနမ်းရမယ်ဆိုတာကို သောက်ကျိုးနဲအောင်သိတဲ့သူတစ်ယောက်ပါ။ ကျွန်တော်ကသာ သူ့အတွင်းထဲမရောက်ပေမဲ့ သူကတော့ အခွင့်ရတိုင်းလျှာခလုတ်တိုက်သည်။ အနမ်းကောင်းတဲ့သူတစ်ယောက်နဲ့နမ်းရတဲ့အခါ စွဲတတ်သည်။ Merv ရဲ့ နှုတ်ခမ်းတွေကိုကြည့်တိုင်း ကျွန်တော်တော့လျှာယားနေတော့မှာပဲ။ အဆက်မပြတ်နမ်းပြီးတဲ့အခါ ကျွန်တော်တို့နှစ်ယောက်လုံး နံရံကို မောဟိုက်စွာနဲ့မှီပစ်လိုက်သည်။

Dear, RelationshipDonde viven las historias. Descúbrelo ahora