" ဟေး ဒီမှာကြည့် "

Merv ကတံတောင်နဲ့လှမ်းတွတ်ပြီး ဆိုဒါစိမ်းတွေစွန်းထင်နေသည့် လျှာကိုထုတ်ပြသည်။ ကျွန်တော်ဟတ်ခနဲရယ်လိုက်ပြီး အခုချက်ချင်းသူ့လျှာပေါ်ကဆိုဒါအရသာကိုသိချင်သွားသည်။

" Ar...... "

ကျွန်တော်ဘက်ကလည်းပြန်ပြီးအနီရောင်တွေ စွန်းထင်းနေတာကိုပြလိုက်သည်။ Merv ကမြတ်နိုးစရာကောင်းအောင်ပြုံးရယ်သည်။ အနီရောင်လေးနဲ့ အစိမ်းရောင်ရောရင်ဘာရောင်ထွက်မလဲ သိချင်လိုက်တာ။

" ငါမမှတ်မိဘူး Cyril…, ငါသူတို့လေးတွေကို ကူညီနိုင်ရမှာ "

Merv ကသောက်လို့ကုန်သွားသည့်ပလတ်စတစ်ခွက်ကိုလုံးချေပြီး ငွေရှင်းကောင်တာအောက်မှာချိတ်ထားတဲ့အမှိုက်ခြင်းတောင်းထဲလှမ်းပစ်လိုက်သည်။ တည့်တည့်မတ်မတ်ကိုဝင်သွားသည်။

" မင်းအပြစ်မဟုတ်ဘူး Merv, မင်းမမှတ်မိတာလည်း မင်းအပြစ်မဟုတ်ဘူး။ ငါတို့မတတ်နိုင်တဲ့ကိစ္စက ငါတို့အပြစ်မဟုတ်ဘူး။ တခြားနည်းလမ်းတူတူရှာကြည့်တာပေါ့ "

ကျွန်တော်သူ့လက်ကိုအပေါ်ကအုပ်မိုးပြီး ဖျစ်ညှစ်လိုက်သည်။ Merv ရဲ့လက်ချောင်းတွေဟာသွယ်လျဖြောင့်စင်းပြီး တော်တော်ရှည်သည်၊ လက်ဖဝါးပြင်လည်းကျယ်သည်။ လမ်းသွားရင်းများလေးပင်လာခဲ့သည်ရှိသော် ကျွန်တော်သယ်ကူဖို့စေတနာ့ဝန်ထမ်းလုပ်ချင်သည်။

" ကျေးဇူးပါ Cyril "

" မင်းတော့ ကျေးဇူးပါ တားမြစ်ချက်နဲ့ငြိသွားပြီ …. ဖက်မလား? နမ်းမလား? ဖက်နမ်းမလား? "

ကျွန်တော်သူ့လက်ကိုအောင်နိုင်သူလို ပိုပြီးရဲရဲကိုင်လိုက်ရင်းပြောသည်။ Merv ကမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ သက်ပြင်းချသည်။

" နိုး…, တားမြစ်ချက်က မင်းထုတ်ထားတာ! ဖက်ချင်လား? နမ်းချင်လား? ဖက်နမ်းချင်လား? မင်းပဲရွေးလုပ် "

ဆိုဒါအနည်းငယ်ကျန်နေတာကို တစ်ချက်ထဲပြတ်ပြတ်သားသားမော့သောက်လိုက်ပြီး ပညာစမ်းနေတဲ့ စုန်းထီလေးကို ကျွန်တော်ပညာပြတော့မည်။ တစ်ခေါက်ကြီးတောင်အတွေ့အကြုံရှိပြီဆိုတော့ ယုံကြည်ချက်တွေက ဟုန်းဟုန်းတောက်နေသည်။

Dear, RelationshipUnde poveștirile trăiesc. Descoperă acum