အခန်း(၁၉)

9.8K 551 4
                                    

[[Z]]

"ရှောင်ချန်"

ဧည့်သည်များထွက်သွားသည်နှင့်လုချန်
အားညင်သာစွာခေါ်ရင်းဖြစ်ပေါ်လာသော
ဆန္ဒကိုသိမ်မွေ့စွာပင်ရှေ့တိုးလာသည်

လုချန်အမူအရာကိုမကြည့်နိုင်တော့ပဲ
ပြင်းပြင်းပြပြပင်နမ်းရှုပ်တော့သည်

"မဟုတ်ဘူး..ငါဒါဖတ်ချင်သေး..."

စကားပင်မဆုံးသေးဘူးအပေါ်ပိုင်း
အဝတ်သည်အဖြဲခံရကာ
အခန်းအလယ်ရှိစားပွဲခုံပေါ်တွင်
တင်ကာဖိထားပြန်သည်
လက်တွေကခါးမှာရှိသောကြိုးကို
အလျင်အမြန်ပင်ဖြည်နေသည်

ခုနကဖြင့်ဟိတ်ဟန်တွေလုပ်နေသောကျင်းသည်
ရုတ်ချင်းပင်ဆာလောင်မှုပြင်းထန်နေသော
အနေအထားပြောင်းလဲသွားမှုကြောင့်လုချန်
အူလည်လည်ပင်ဖြစ်သွားသည်

ခြေထောက်တွေကကျင်းပုခုံးပေါ်တင်ထား
သောအနေအထားနှင့်ပင်လုချန်
အသိမဝင်သေး
ပူနွေးတင်းမာနေသောအရာတိုးဝင်လာသည့်
အခါမှသာအသိစိတ်ပြန်ဝင်လာတော့သည်

"မလုပ်...."

နှစ်တွေကြာလာပေမဲ့လည်း
ယောက်ျားတစ်ယောက်အပေါ်ကထိုးသွင်း
တာခံရသည်ကိုလုချန်စိတ်ကအခုချိန်ထိ
ကျင့်သားမရနိုင်သေး

အသံပိုထွက်လေလေကျင်းစိတ်လှုပ်ရှားမှု
ကပိုမြင့်တတ်လာသည်ကိုသိသောကြောင့်
လုချန်အံကြိတ်ကာနာသည်ကို
အောင့်ခံလိုက်သည်

"ခင်ပွန်းနဲ့ဇနီးကြားမှာဘာကြောက်စရာရှိလို့လဲ
ဒီနှစ်တွေထဲမှာလည်းဆက်ဆံတာ
အကြိမ်တောင်မရေတွက်နိုင်တော့ဘူး
ဘာလို့အခုအချိန်အထိဖြူစင်ရိုးသားတဲ့ပုံစံ
ဖမ်းနေရတာလဲ"

"ဘယ်သူကခင်ပွန်း..ဘယ်သူက..."

ဇနီးဆိုသောစကားကိုထုတ်ပြောရန်
လုချန်ရှက်လှသည်
ရှက်ရှက်နှင့်ကျင်းနောက်ကျောကိုလက်သီးနှင့်
ထိုးလိုက်သည်..

"အိုင်း ယိုး"

အော်သံသည်အရိုက်ခံရသောသူဆီမှ
မဟုတ်ဘဲရိုက်သောသူဆီမြှဖစ်သည်
အဝလေးကိုချဲ့ထွင်လာသောအရာကြောင့်
နာကျင်မှုနှင့်အတူအော်သံထွက်ပေါ်လာသည်

ကျင်းသည်ခါး၏အရှိန်ကိုတင်လိုက်ကာ
အဝင်အထွက်ကိုခပ်သွက်သွက်
လုပ်ဆောင်လိုက်သည်
နှစ်ယောက်စလုံး၏ညည်းသံများကတိုးတိုး
တစ်မျိုးကျယ်ကျယ်တစ်မျိုးနှင့်ထွက်ပေါ်နေသည်

အထွက်အထိပ်နားရောက်ခံနီးအချိန်တွင်
လုချန်အသိစိတ်ဝင်တစ်ချက်
လွတ်တစ်ချက်သာယာမှုနောက်လိုက်ပါ
နေရင်းကပင်မဖွင့်ဖတ်ရသေးသောစာအား
လက်မှတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်
တင်းကျပ်လွန်း၍ဆုတ်ပြဲတော့မလိုပင်
ဖြစ်နေသည်

အပေါ်မှာရှိနေသောခန္ဓာကိုယ်အလေးချိန်
အားကြံကြံခံရင်းထိုသူ၏ညည်းသံမှာ
တဖြည်းဖြည်းကျယ်လောင်လာသည့်အတွက်
လုချန်မျက်လုံးတွေအားမှိတ်ချလိုက်သည်

တစ်ချိန်တည်းမှာပင်ပူနွေးသောအရည်များ
ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာပွင့်ထွက်လာကြသည်
ကိုခံစားလိုက်ရပြီးညည်းငြူကာအပေါ်မှာ
ရှိသောထိုသူအားတင်းကျပ်စွာ
ဖက်ထားလိုက်သည်

ထို့နောက်လုချန်မျက်လုံးတွေကို
ဖွင့်ကာအုပ်မိုးနေဆဲဖြစ်သောခန္ဓာကိုယ်အား
ဘေးသို့အနည်းငယ်တွန်းလိုက်သည်

"မင်းသိလား..အနောက်ဘက်ခြမ်းဒေသက
ဆက်သတဲ့မိန်းမလှလေးအခုကိုယ်ဝန်ဆောင်
နေရပြီတဲ့"

အမြဲတမ်းတမ်းလိုလိုကျင်းသည်အကြောင်း
အရာတစ်ခုခုကိုရောက်တတ်ရာရာ
ပြောလေ့ရှိသည်
သို့ပေမဲ့ပင်ပန်းနွယ်နယ်နေသောအချိန်တွင်
ခေါင်းစဉ်အမှားအားရွေးချယ်မိသွားသည်

လုချန်ပြောစရာပင်မရှိတော့

အချိန်တွေကြာမြင့်လာပေမဲ့ကျင်း၏အချစ်တွေ
သည်လျော့နည်းသွားခြင်းညိုးနွမ်းသွားခြင်း
မရှိသော်လည်းသစ္စာရှိသော
လူတစ်ယောက်လည်းမဟုတ်ပြန်

၅နှစ်အတွင်းမှာကိုယ်လုပ်တော်မောင်းမတော်
တွေ၏ကိုယ်ဝန်ဆောင်ခြင်းသည်လျော့နည်း
သွားခြင်းမရှိ
သားငါးယောက်ဖခင်ပင်ဖြစ်လာသော်
ငြားလည်းဘုရင်မနေရာကွက်လပ်
ကတော့လွတ်စမြဲသာ

"ငါကို့ပြောစမ်းပါ..အခြားမိန်းကလေးတွေကို
ထိတွေ့တာမကြိုက်ဘူးလို့..ငါ့ကလေးတွေ
မွေးနေတာကိုမမြင်ချင်ဘူးလို့.."

လုချန်သဝန်တိုသည်ကို
ကျင်းမြင်ချင်လှသည်

စကားပြောတော့မယောင်လုချန်ပါးစပ်
ဟလိုက်ပေမဲ့ပြောစရာစကားမရှိဘဲ
ပြန်ငြိမ်သွားသည်

ကျင်းနားမှာနေမယ်လို့ရွေးချယ်ခဲ့စဉ်ကတည်းက
ဘုရင်ဆိုသောအရာကိုနားလည်လက်ခံရ
မည်အားသဘောပေါက်ခဲ့သည်
တစ်ယောက်တည်းသာရှိရမည်ဟုလုချန်
တိတ်ဆိတ်စွာမျှော်လင့်ခဲ့ဖူးပေမယ့်
လွန်ခဲ့သောသုံးနှစ်ကဒုတိယမင်းသားလေး
မွေးဖွားချိန်တွင်ပျောက်ကွယ်ပျက်စီးခဲ့ရသည်

လုချန်သည်၃၀ပင်ပြည့်တော့မည်ဖြစ်ပြီး
တစ်ယောက်တည်းရှိနေသည့်အချိန်တိုင်း
အိုမင်းလာသောအခါနှင့်အသွင်အပြင်ယိုယွင်း
လာသောအခါဘယ်လိုအခြေအနေတွေများ
ဖြစ်လာနိုင်မလဲစဉ်းစားနေမိခဲ့သည်

ဘယ်လိုပင်တွေးတွေးလူအိုကြီးတစ်ယောက်
အားကျင်းနှစ်မြို့မည်မထင်..
သမိုင်းမှာလည်းထိုကဲ့သို့အဖြစ်အပျက်မျိုး
တွေကရှိမနေခဲ့...
၃၀ကျော်ဘုရင့်အချစ်တော်ဆိုသည်မှာ
ရှိမနေခဲ့...

နောင်နှစ်အများကြီးကြာလျှင်ကျင်းနှင့်သူ
ဘာတြွေဖစ်လာမလဲဆိုသည်ကို
ကောင်းကင်ဘုံကသာသိနိုင်မည်
၂နှစ်ကြာတဲ့အချိန်အတွင်းမှာပဲ
ကျင်းမေ့သွားသောအရာတစ်ခုလည်း
ဖြစ်သွားနိုင်သည်လေ

အချစ်ကထာဝရမတည်တံ့ဖူးဆိုရင်တောင်
အခုလက်ရှိအခြေအနေလေးကိုသာ
လုချန်တန်ဖိုးထားလိုက်မည်

"တစ်ခုခုပြောပါဦး"

လုချန်၏တည်ငြိမ်နေသောပုံစံကို
ကျင်းသဘောမကျဘူး...
ပြောလိုက်သောစကားကြောင့်လုချန်ကို
ဒေါသထွက်စေချင်သည်

အမှန်အတိုင်းပြောရမည်ဆိုလျှင်ကျင်း
ထိုသို့သောအကြောင်းအရာမျိုးပြောတိုင်း
လုချန်ဒေါသထွက်မိပေမဲ့နဂိုတိုင်းအေးချမ်း
နေသောအခြေအနေလေးအားဖျက်ဆီးမိသလို
ဖြစ်မှာစိုးရိမ်လှသည်..ထို့ကြောင့်

"ဂုဏ်ယူပါတယ်.."

နှလုံးသားလေးလှိုင်းထတုန်ယင်လာသည်ကို
ဖုံးကွယ်လျက်လုချန်အသံကတည်ငြိမ်လှ
သည်

ကျင်းမျက်နှာသည်စိတ်အလိုမကျဟန်
မာထန်လာပြီးထ၍အဝတ်တွေကို
ပြန်ဝတ်ဆင်လိုက်သည်..

လုချန်လည်းဘေးမှာကျနေသောအဝတ်
တွေကိုကောက်ယူကာခန္ဓာကိုယ်ကိုဖုံးကွယ်ပြီး
နှုတ်ခမ်းကိုသာတင်းတင်းကိုက်နေမိသည်
ကျင်းနှင့်လိုက်လျောညီထွေအောင်ဘယ်လို
ပြန်ပြောရမည်ကိုနားမလည်တော့..
ထိုကဲ့သို့အခြေအနေမျိုးတွေဆက်ဖြစ်လာမည်
ဆိုလျှင်နှစ်ယောက်ဝေးကြတော့မည့်ဖြစ်ရပ်
ပေါ်ပေါက်လာမည်ကိုလုချန်
ကြောက်လှသည်

လက်တွင်းမှကြေမွနေပြီဖြစ်သောစာအား
ဖြန့်ကြည့်မိတဲ့အခါရေးထားသော
အကြောင်းအရာကြောင့်

"အား..."

လုချန်၏အော်သံကြောင့်စကားတစ်ခွန်းမှ
မဆိုဘဲအပြင်ထွက်ရန်တံခါးသို့
ဦးတည်နေသောကျင်းခြေလှမ်းတွေရပ်တန့်
သွားသည်..

"ဘာဖြစ်တာလဲ"

လက်ကတံခါးကိုကိုင်ထားရင်းနှင့်ပင်
နောက်လှည့်မကြည့်ပဲကျင်းမေးလာသည်

"ချောင်ရှင်.တော်တော်နေမကောင်းဖြစ်နေတယ်
ဟန်ကျိုးကိုအမြန်လာစေချင်တယ်တဲ့."

"မြောက်ဘက်ခြမ်းဒေသကိုတိုင်းခန်းလှည့်လည်
တာကမနက်ဖြန်စမှာလေ".

"ဒါပေမဲ့"

ကျင်းကအတူလိုက်ပါစေချင်သည်ကို
လုချန်သိသည်..
ခွဲခွာနေသောအချိန်ကာလတွင်
အဖျတ်တစ်ခုခုဝင်လာမည်ကိုလည်း
လုချန်စိုးရိမ်လှသည်
သို့ပေမဲ့တစ်ဖက်မှာကလည်းနှစ်ပေါင်းများစွာ
လက်တွဲလာခဲ့သောညီအစ်ကိုတွေ

ကျင်းနှင့်အတူမလိုက်ဘူးဆိုပေမဲ့လည်း
ဒါဟာနောက်ဆုံးတွေ့ဆုံခြင်းမဟုတ်
စာအရချောင်ရှင်သည်အမြန်သွားမတွေ့ဘူးဆို
လျှင်ဘယ်တော့မှထက်မတွေ့ရတော့တာမျိုး
ဖြစ်ကောင်းဖြစ်နိုင်သည်

"ငါနဲ့အတူမြောက်ဘက်ခြမ်းကိုလိုက်မှာလား..
ဒါမှမဟုတ်တစ်ယောက်တည်းတောင်ဘက်ခြမ်း
ကိုသွားမှာလား..မင်းဆုံးဖြတ်.
မနက်ဖြန်စထွက်မယ်.
ငါမင်းကိုစောင့်ချင်တယ်ဆိုရင်တောင်
စောင့်နေလို့ရမှာမဟုတ်ဘူး"

ကျင်းပြောပြီးအခန်းတွင်းမှထွက်ခွာသွားသည်

•••••••••••

ခရီးသွားနှစ်ယောက်သည်ဟန်ကျိုးပြည်နယ်
အုပ်ချုပ်ရေးမှူးရုံးတော်ရှေ့မှာ
ရပ်တန့်သွားကြသည်
ထိုသူတွေကတော့ကျင်းနှင့်အတူလိုက်ပါရန်
ငြင်းဆိုခဲ့ကာတောင်အရပ်သို့ထွက်လာခဲ့
သောလုချန်နှင့်နောက်လိုက်ရှောင်စန်ပင်ဖြစ်သည်

ခရီးတစ်လျှောက်တွင်ချောင်ရှင်ကိုနှစ်သိမ့်ရန်
စကားများစဉ်းစားလာခဲ့ပြီးချောင်ရှင်နှင့်
ညီအစ်ကိုတွေအားပျော်ပျော်ပါးပါး
အနေအထားဖြင့်လှမ်းမြင်ရသော
အခါတွင်ထိုစကားများသည်ပြာဖြစ်ကာ
ပျောက်ဆုံးကုန်တော့သည်

"မင်းတို့တွေ.."

ညီအစ်ကိုတွေသည်ထုံးစံအတိုင်းရယ်လိုက်
မောလိုက်နှင့်ရှိလျက်မြဲပင်..
ထိုသူများထဲမှာတော့
သေတော့မလိုတောင်နာမကျန်းဖြစ်နေပါပြီ
ဆိုထားသောချောင်ရှင်

ချောင်ရှင်သည်ရယ်လိုက်မောလိုက်နှင့်
ပျော်ပါးနေသည်မှာနာမကျန်းရာမြှပန်လည်
ကောင်းမွန်လာသည်ဟုပြောရင်တောင်
ယုံချင်စဖွယ်မရှိ

"အစ်ကိုကြီး"

လုချန်ကိုတွေ့သွားကာပြေးဖက်လာသည်

"အစ်ကိုသုံး..စာထဲမှာနာမကျန်းဖြစ်ပြီး
အိပ်ရာထဲလဲနေတာဆို..ဘယ်လိုဖြစ်ပြီး"

စိတ်ထဲမှာတော့ဒေါသတွေထွက်ပြူစပြုနေပြီ
ဖြစ်ပေမဲ့အသံကိုအတတ်နိုင်ဆုံးလျော့ကာ
မေးလိုက်သည်

"အဲ့ဒီလိုသာမရေးဘူးဆိုရင်အစ်ကိုကြီးက
လာမှာမှမဟုတ်တာ..ဟိုဘုရင်နောက်လိုက်
သွားတည်းကငါတို့ကိုမေ့သွားပြီးမလား"

"ဟုတ်တယ်..ဟုတ်တယ်"

"ဟန်ကျိုးကိုမလာတာအရမ်းကြာနေပြီ
ထုန်အန်ကိုလာတွေ့တော့လည်း
အမတ်မင်းအဆောင်အစောင့်အကြပ်က
တင်းကျပ်လွန်းတော့ငါတို့ညီအစ်ကိုတွေ
အကုန်လုံးလာတွေ့လို့မရဘူး"

ညီအစ်ကိုတွေတစ်ယောက်တစ်ပေါက်နှင့်
လုချန်အားအကျိုးအကြောင်း
ဝိုင်းပြောကြသည်

ကျင်းနှင့်ခွဲခွာရခြင်းအတွက်ပူဆွေးနေသည်ကို
ခေါင်းမှထုတ်ပြစ်လိုက်ကာ
မတွေ့တာကြာပြီဖြစ်သောညီအစ်ကိုတွေဆန္ဒကို
သာဖြည့်ဆည်းပေးတော့သည်

ညီအစ်ကိုတွေနှင့်စကားပြောနေခိုက်တွင်
အမျိုးသမီးတစ်ယောက်သည်ကလေးငယ်လေး
အားရင်ခွင်ပိုက်လျက်အနားသို့လျှောက်
လာသည်

ချောင်ရှင်သည်ထိုအမျိုးသမီးအား
အနားသို့ဆွဲကာ

"ဟုန်အာ..အစ်ကိုကြီးနဲ့လာတွေ့ပါဦး
ဒါငါပြောတဲ့ငါတို့အကိုကြီးလုချန်ဆိုတာပေါ့"

"အကိုကြီး..ဒါငါ့မိန်းမလေ"

လာလည်ခဲ့စဉ်အခါတုန်းကအရက်ဆိုင်ပိုင်ရှင်
သမီးအားမိန်းမတော်လိုက်ပြီဖြစ်ကြောင်း
ပြောခဲ့ပေမဲ့ကလေးရှိပြီးဖြစ်ကြောင်းတော့
လုချန်မသိခဲ့
ဟုန်အာ၏ကလေးလေးသည်သုံး လေးလခန့်ပင်ရှိလောက်ပြီ
လက်ထပ်မင်္ဂလာပွဲမကျင်းပပဲကိုယ်ဝန်
ရှိလာသောကြောင့်အိမ်မှာလိုက်ပါနေခြင်း
ဖြစ်ဟန်တူသည်

ဤချောင်ရှင်ကတော့..

ကလေးလေးအားလုချန်လက်အတွင်းသို့
ထည့်ပေးလိုက်သည်

ကလေးလေးသည်လွန်စွာပင်နူးညံ့လှပြီး
မျက်နှာလေးကနှင်းဆီသွေးရောင်သန်းနေသည်
လုချန်ခဏတာတွေးတောဟန်ပြုပြီး
လက်မှာဝတ်ထားသောရွှေလက်ကောက်အား
ကလေးခြေထောက်မှာဝတ်ပေးလိုက်သည်

"ပထမဆုံးတွေ့တာဖြစ်တဲ့အတွက်အစ်ကိုကြီး
တန်ဖိုးနည်းတာလေးပဲပေးနိုင်တယ်
တူလေးကကြင်နာစွာဖြင့်လက်ခံပေးပါ"

"အစ်ကိုကြီးဘယ်လိုပြောလိုက်တာလဲ
အစ်ကိုကြီးကဘုရင်ရဲ့လူယုံတော်လေ..
တစ်ကိုယ်လုံးကအဖိုးမဖြတ်နိုင်ဘူး..
သားလေးရဲ့ကိုယ်စားကျေးဇူးတင်ပါတယ်"

ရွှေလက်ကောက်လေးသည်ကျင်း
စိတ်ကောင်းဝင်နေသောအချိန်တုန်းက
ပေးထားတာဖြစ်သည်
အရင်မင်းဆက်၏ဘုရင်မ
ပိုင်ဆိုင်သောအရာဖြစ်သည်..
ထိုကဲ့သို့သောပစ္စည်းမျိုးအားလက်ခံရခြင်းကို
လုချန်စိတ်သက်တောင့်သက်သာမရှိလှ

"သားလေးကချစ်ဖို့ကောင်းတယ်မလား"

အရောင်ပြောင်းသွားသော
လုချန်မျက်နှာကို
သတိထားမိသွားပြီးချောင်ရှင်
အကြောင်းအရာပြောင်းပြောလိုက်ပေမဲ့

"အစ်ကိုကြီးကရောဘယ်တော့မှကလေးယူကြ
မှာလဲ..ဒါမှကျွန်မတို့မိသားစုနဲ့အဖော်ရမှာပေါ့"

ဟုန်အာပြောလိုက်သောစကားကြောင့်
အခြေအနေသည်ပြန်လည်ငြိမ်သက်သွား
ပြန်သည်

စကားပြန်မလာသောလုချန်ကြောင့်
ချောင်ရှင်ကလေးအားပြန်ပေးလိုက်ကာ

"အစ်ကိုကြီးကိုစကားရှည်တာတော့မဟုတ်ပါဘူး
အနာဂတ်အတွက်အစ်ကိုကြီးစဉ်းစားသင့်တယ်
လေ....တစ်နေ့ထက်တစ်နေ့အသက်တွေ
ကလည်းကြီးလာပြီ..ဒီလိုပဲတစ်သက်လုံး
နေသွားတော့မှာလား.
အခြားလူတွေကတော့မိန်းမတွေယူကလေးတွေ
မွေးနေကြပြီ...အသက်ကြီးလာလို့အစွန့်ပစ်
ခံရမယ်ဆိုရင်မိန်းမလည်းမရှိကလေးလည်းမရှိ
ဖြစ်လိမ့်မယ်..တစ်ယောက်တည်းအထီးကျန်စွာ
ကုန်ဆုံးဖို့ရည်ရွယ်ထားတာလား..
အစ်ကိုကြီးသေမယ်ဆိုရင်တောင်ပို့မယ်သူ
ရှိမှာမဟုတ်ဘူး"

ချောင်ရှင်စကားတွေသည်လုချန်နှလုံးသား
ကိုတူနှင့်ထုနေသလိုနာကျင်လှသည်

ထိုကိစ္စရပ်မျိုးကိုလုချန်အကြိမ်ကြိမ်
တွေးခဲ့သည်
ထွက်သွားမယ်ကြံရွယ်လိုက်တိုင်းတွင်
ကျင်းအသံလေးကနှလုံးသားကိုအရည်ပျော်
စေပြီးနူးညံ့စွာထွေးပွေ့မှုကအတွေးတွေကို
တိမ်လိုလေလိုလွင့်မြောစေခဲ့သည်

လက်ရှိအချိန်လေး၌သာပျော်မွေ့နေခဲ့ပြီး
အနာဂတ်မှာကြုံဆုံရမည့်ပြဿနာတွေကို
မျက်နှာလွှဲနေမိသည်

"ဟုတ်တယ်..အစ်ကိုကြီး.နေ့တိုင်းဒီတိုင်းသာဆက်နေမယ်ဆိုရင်မဟန်တော့ဘူး..
ချောင်ရှင်ဖျားချင်ယောင်ဆောင်ပြီးခေါ်တာက
လည်းဒါကြောင့်ပဲ..ညီအစ်ကိုတွေအားလုံး
စိုးရိမ်နေကြတယ်"

လုချန်ခါးသက်စွာပင်ပြုံးမိသည်

"ဒီပြဿနာလား..စိုးရိမ်ရုံပဲတတ်နိုင်တဲ့အရာပဲ"

"စိုးရိမ်ရုံပဲလို့ဘယ်သူပြောလဲ.
အစ်ကိုကြီးကိုငါတို့ကူညီနိုင်ပါတယ်"

လုချန်ကိုဆွဲခေါ်ကာ

"အစ်ကိုကြီး..လာ..
ငါတို့စီစဉ်ထားတဲ့လက်ဆောင်ကို
ပြမယ်"

"ဘာလက်ဆောင်လဲ"

"မမေးနဲ့..လာ"

လုချန်သည်တစ်ဝက်မှာစိတ်ရှုပ်ထွေးသွား
ကာတစ်ဝက်မှာတော့သိချင်လာသည်

ချောင်ရှင်စီစဉ်ထားသောဝေါယာဉ်မှာထိုင်ကာ
အနောက်တံခါးမှစတင်ထွက်ခွာသွားသည်
လမ်းအချို့ဖြတ်ကျော်ပြီးသောအခါ
အစိမ်းရောင်အမိုးနှင့်အဖြူရောင်နံရံတွေရှိသော
အိမ်ရှေ့၌ရပ်တန့်လိုက်သည်

"အစ်ကိုကြီး..အထဲဝင်ရအောင်"

ချောင်ရှင်သည်သော့ဖြင့်တံခါးကိုဖွင့်ကာ
အထဲသို့ဝင်သွားသည်

"မိန်းယွင်.အမြန်....မိန်းကလေးကို
အပြင်ထွက်လာခိုင်းလိုက်"

ဧည့်ခန်းကိုရောက်ချင်းချောင်ရှင်
အော်ကာအသံပြုလိုက်သည်

"ဘယ်မှာလဲ"

ခဏကြာတဲ့အခါအိမ်ဖော်မိန်းကလေးသည်
လှပတင့်တယ်လှသောမိန်းမပျိုလေးအား
လက်တွဲလျက်အတွင်းဆောင်မှထွက်လာသည်

မျက်နှာလေးသည်နွေဦးညနေဆည်းဆာ
လေးနှယ်ကျက်သရေရှိလှသည်
ကြည်လဲ့နေသောမျက်ဝန်းလေးများသည်
သမင်မျက်လုံးလေးများအသွင်ပင်ဖြစ်သည်
ခေါင်းကိုမော့လိုက်သောအခါလုချန်နှင့်
အကြည့်ချင်းဆုံသွားသည်မို့ရှက်ရွံ့သောအမူ
အရာနှင့်ခေါင်းပြန်ငုံ့သွားသည်

"အစ်ကိုကြီး...မိတ်ဆက်ပေးပါရစေ.
ဒါဟန်ကျိုးနယ်မြေမှာနာမည်ကြီးတဲ့
အမျိုးသမီးလေးလောရုန်ရုန်တဲ့..
မိသားစုရဲ့ငွေရေးကြေးရေးအကျပ်အတည်း
ကြောင့်ပြည့်တန်ဆာအိမ်ကိုအရောင်းစား
ခံလိုက်ရတယ်..ကြားထဲမှာငါကအစ်ကိုကြီး
အတွက်ပြန်ဝယ်ထားလိုက်တာ"

"ငါ့အတွက်ဟုတ်လား.
တော်တော်ရူးမိုက်တဲ့လုပ်ရပ်ပဲ"

"ဘယ်သူပြောတာလဲ..ငါမိုက်မဲတယ်လို့
ဒီအိမ်လေးမှာအကိုကြီးရဲ့မိန်းကလေးကို
ဘယ်သူမှမမြင်အောင်ဝှက်ထားပေးမှာ.
ကလေးမွေးပြီးရင်လည်းညီအစ်ကိုတွေအားလုံး
ကလည်းဝိုင်းစောင့်ရှောက်ပေးထားမယ်
ဟိုဘုရင်ဒီလှို့ဝှက်ချက်ကို
သိမှာမဟုတ်ဘူး"

"သူရှာတွေ့တာမတွေ့တာကအဓိကပြဿနာ
မဟုတ်...."

"ဒါဆိုဘာလဲ..အဲ့ဒီဘုရင်အပေါ်မှာ
သစ္စာရှိရမယ်လို့တော့မပြောနဲ့နော်"

"အဲ့ဒါက...."

သစ္စာရြှိခင်းမရြှိခင်းအားတစ်ခါမျှမတွေးခဲ့
ဘူးပေမဲ့လည်းကျင်းနှင့်အတူနေခဲ့သော
ပထမဆုံးအကြိမ်မှစ၍အခြားတစ်ယောက်
မရှိခဲ့သည်မှာတော့အမှန်ပင်...

တစ်ဖက်မှာတော့အခြားနိုင်ငံမှ
ဆက်သသောအချောအလှလေးတွေနှင့်
နန်းတွင်းရှိမောင်းမတော်များနှင့်သာယာ
ဖွယ်ညလေးများဖန်တီးခြင်းသည်
လျော့နည်းသွားခြင်းမရှိ

သို့သော်လည်းကျင်းအားတစ်ယောက်
တည်းလက်ဝါးကြီးအုပ်ပိုင်ဆိုင်လိုစိတ်
လုချန်တွင်မရှိချေ.....

"အစ်ကိုကြီး..ဘာတွေတုံ့ဆိုင်းနေတာလဲ
ဒါအခွင့်အရေးကောင်းလေ..
မိန်းကလေးလောနဲ့ကိစ္စလေးတွေစတင်လှုပ်ရှား
လိုက်တော့
လဝက်လောက်သာနေသွားမယ်ဆိုရင်
နောက်နှစ်လာရင်ကလေးလေးတစ်ယောက်
ချီရမှာကျိန်းသေပဲ"

လုချန်ငြင်းဆိုမည်ဆိုလျှင်
ညီအစ်ကိုတွေကြားရယ်ဖွယ်ရာဖြစ်လိမ့်မည်
ညီအစ်ကိုတွေဆန္ဒရှိတဲ့အတိုင်းလက်ခံမည်
ဆိုလျှင်လည်းကျင်းသိသွားသောအခါ
ဘယ်လိုကံဆိုးမိုးမှောင်ကျလာမလဲ
လုချန်မသိ

လောရုန်ရုန်၏မျက်နှာသည်
ဝတ်ဆင်ထားသောအနီရောင်ဝတ်ရုံကဲ့သို့
နီရဲနေသည်..
တချက်တချက်ခိုးကြည့်နေရင်း
လုချန်အကြည့်နှင့်ဆုံသွားလျှင်
ရှက်သွေးကြွယ်ရင်းခေါင်းငုံ့ပြန်ဦးမည်..

••••

Hua Hua You Long[花花遊龍]Where stories live. Discover now