အခန်း(၁)မိုက်မဲသောဓားမြသည်သူ၏သတို့သမီးလောင်းကိုဖမ်းဆီးခြင်း

86.7K 4.3K 228
                                    

[U]

ဇွန်....ကောင်းကင်ပုံတူပန်းချီကားကဲ့သို့သာယာလျက်ရှိသည်။

ခမ်းနားလှတဲ့အနုပညာရပ်တွေပေါင်းစုံသောဟန်ကျိုးပြည်နယ်။

ထိုပြည်နယ်အရှေ့ဘက်၌တည်ရှိသောရေကန်ပြင်တွင်သစ်သားကူးတို့လှေများကလေကိုစုန်ဆန်လှော်ခတ်နေကြသည်။လေပြည်ညင်း၏တိုက်ခတ်မှုကြောင့်ရှည်မျောသောဝါးပင်များ၏ပွတ်တိုက်သံများကအတိုင်းသားကြားနေရသည်။လေကတစ်ဆင့်သယ်ဆောင်လာသောမွှေးရနံတွေကခရီးသွားတိုင်းရဲ့စိတ်အာရုံကိုမူးယစ်စေသည်။

ကန်ပြင်ထက်မှလီလီပန်းနဲ့ကြာပန်းတွေကလည်းလေယူရာအတိုင်းလှပတင့်တယ်စွာယိမ်းနွဲ့နေပြီးခရီးသွားတွေ၏စိတ်အာရုံကိုဖမ်းစားရန်ကြံရွယ်နေကြသည်။ဒါပေမဲ့ဒီကနေ့မှာလူတွေ၏စိတ်အာရုံကတော့လှေဦးထိပ်၌မတ်တပ်ရပ်လျက်ရှိနေပြီးအဖြူရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်လူငယ်စာပေပညာရှင်ထံတွင်သာစုဝေးရောက်ရှိလျက်ရှိသည်။

လေဒဏ်ကြောင့်တလွင့်လွင့်လှုပ်ရှားနေသည့်ဝတ်ရုံဖြူနဲ့အတူသူ၏အသွင်ကမဖော်ပြနိုင်လောက်အောင်ကျက်သရေရှိလှသည်။ခါးထိအောင်ရှည်လျားသည့်ချည်နှောင်ခြင်းမရှိသောနက်မှောင်သောဆံနွယ်တွေကလည်းဝတ်ရုံရှည်နဲ့အတူစီးချက်ညီလှုပ်ရှားနေသည်။ထိုသူကတတ်နိုင်စွမ်းရှိသည့်စကားလုံးတွေကိုကျော်လွန်ပြီးကောင်းကင်ဘုံကဆင်းသတ်လာသောနတ်သားတစ်ပါးနှယ်ခမ်းနားတင့်တယ်လှသည်။လှေဘေးကဖြတ်သွားသည့်လူတွေကလည်းအနှီလူငယ်ကိုမျက်လုံးကျွတ်ကျမတတ်ငေးစိုက်ကြည့်နေကြသည်။

ဒါပေမဲ့သူ့ပုံစံကတော့အားလုံး၏စူးစိုက်မှုတွေကိုခံရတာကျင့်သားရနေသလိုပဲ။လူတွေငေးကြည့်ခံရတာကြောက်ရွံမည့်အစားလှေဦးမှာမလှုပ်မယှက်ဟန်မပြတ်ရပ်နေလေသည်။သူဂရုစိုက်နေတာကနောက်မှာရပ်နေသောနောက်လိုက်နှင့်ပြောလက်စစကားကိုပဲဖြစ်သည်။

"ဆရာသင်ပေးလိုက်တဲ့အလိုက်သင့်လှုပ်ရှားနည်းကအရမ်းအံသြဖို့ကောင်းတယ်..ငါအခုလှေဦးမှာရပ်နေတာတစ်နာရီကြာနေပြီတစ်လက်မတောင်ယိမ်းသွားတယ်မရှိဘူး"

Hua Hua You Long[花花遊龍]Where stories live. Discover now