"We got married a month ago at Sumpara Church and since that time , Chan Sit Hein was renamed as Chan Sit Charawat "

"ချမ်းစစ် အဲ့တော့မင်းက Louis နဲ့ လက်ထပ်လိုက်ပြီပေါ့"

"အေးပေါ့ဟ မင်းကလည်း၊ သူတို့ Honeymoon တောင် ဖူးခက်မှာလည်လိုက်သေးတယ် မင်းပြန်သွားပြီးတစ်ပတ်ကြာတော့၊ ဒီကြားထဲ မင်းကိုလည်း ဆက်သွယ်သေးတယ် မင်းအမေက မင်းဆေးရုံတက်နေတယ်ဆိုလို့၊ ပြီးတော့ မင်းလက်ထပ်တဲ့ သတင်းကြားတာပဲ ရုတ်တရက်ကြီး မင်းကဘယ်လိုဖြစ်တာလဲ"

ခုမှ မင်းညီက ဝင်မေးတော့သည်။ မူးမူးနှင့် ဖြစ်သွားသည့်ကိစ္စမှစကာ အခုလက်ထပ်သည်အထိ အကုန်ပြောပြပြီးတော့ ချမ်းစစ်က လှမ်းစကားစသည်။

"အဲ့တော့မင်းက သူ့ကိုချစ်နေတယ်ဆိုတာ သူမသိဘူးပေါ့၊ ပြီးတော့ အဲ့ညနောက်ပိုင်း မင်းတို့က ဒီတိုင်းပဲပေါ့"

"အေး"

"မင်းကလည်းကွာ ချစ်တာများချစ်တယ်ဖွင့်မပြောဘူး၊ သူကဘာလဲ gay phobia ဖြစ်နေလို့လား၊ ဟားဟားဟား အခုမင်းတို့ဟာက တူတူသာနေနေတယ်၊ အချစ်လဲမပါဘူး"

"မဟုတ်ဘူး ငါအခွင့်အရေးယူသလို ဖြစ်သွားမှာစိုးရိမ်လို့၊ သူ့မှာ အစက ရည်းစားလဲရှိနေတယ်၊ ငါ့ကိုယူတော့ သူ့မိန်းကလေးကိုပါ ထားခဲ့ရတာ ငါအားနာတယ်"

ပြောနေစဉ်အချိန်အတွင်း Louis က menu ကောက်ကိုင်ကာမှာတော့သည်။ နားထောင်မိသမျှ အပြင်းစားတွေချည်း။

"Louis , I can't drink . All the things you ordered are a bit strong and he asked me a promise not to drink too much , ချမ်းစစ် ကူပြောဦး ငါမသောက်ဘူး "

"မရဘူး ငါ့ကောင်၊ငါတို့ wedding တုန်းကလည်း ဒီကောင်တွေအမှောက်သောက်တာ အခုမင်းပဲကျန်တာ ဘာဖြစ်လဲ၊ မူးရင်လည်း မင်းဟာကို ဖုန်းဆက်ပေါ့ နေဦး နာမည်ကဘာတဲ့?"

"ခန့်တည်ကြည်နိုင်၊ ခန့်တည်လို့ ခေါ်လို့ရတယ်"

"ခန့်တည်ကြည်နိုင် ? ငါကြားဖူးနေတယ်"

မင်းညီက ခပ်တိုးတိုးရေရွတ်သည်။

"မင်းကြားဖူးမှာပါ သူလည်း company မှာလုပ်တာပဲ field တူနေတာကို၊ ငါတို့ထက်လည်း ငါးနှစ်နီးပါးငယ်တယ်၊ မင်းအသိထဲက မဟုတ်လောက်ဘူး"

Rhyme Made Of Love (Completed)Where stories live. Discover now