(Unicode)
စူးရှလှစွာသော ဆေးနံ့တချို့က နှာခေါင်းနား ရစ်သိုင်းလို့လာလေသည် ။ ထို့နောက် မြင်ကွင်းထဲဝင်လာသည်က မျက်နှာကြက်အဖြူ။ နာသည်။ အောက်ပိုင်းတစ်နေရာမှ တဆစ်ဆစ်နာကျင်သည်။ ခန္ဓာကိုယ်ကိုလည်း မလှုပ်နိုင်သေး။ လက်နှစ်ဖက်ကလည်း တစ်ဖက်ကဆေးပိုက်နှင့်၊ တစ်ဖက်က မား၏ခပ်ဖွဖွ ဆုပ်ကိုင်ထားခြင်း ခံရသည်။
"မား !"
"သားလေး အဆင်ပြေလား သား၊ နာနေသေးလား ဘယ်နေရာအဆင်မပြေဘူးလဲ၊ နေဦး ဒေါက်တာကို သွားခေါ်ရမယ်၊ သားလေး ခဏလှဲနေနော်"
Jey ခေါင်းသာငြိမ့်ပြလိုက်သည်။ အဆင်မပြေပါ။ အာခေါင်များခြောက်ကပ်၍ စပ်ဖျင်းဖျင်းဖြစ်နေသည့် ခံစားချက်မျိုးအပြင် ခေါင်းထဲတွင်လည်း ဗလာဟင်းလင်းကြီးဖြစ်နေသလို ခံစားရသည်။ ထိုညက ... ထိုညက ခန့်တည်ရော Jeyပါ အသိမကပ်ပါ။ တစ်ဆိတ် Jey အသိမကပ်တာ သေချာနေပါရဲ့လား.
Jey ကိုယ်လွတ်ရုန်းကာ ငြင်းလို့ရမှန်းသိပေမယ့် မငြင်းခဲ့မိ။ မဟုတ်သေး ငြင်းခဲ့သည်။ Jey မြတ်နိုးရသော ထိုလူသားအား နူးညံ့စွာ ငြင်းပယ်မိသေးသည်. သို့သော် .. မဆွတ်ခင်က ညွတ်နေသည်ဟု ခေါင်းစဉ်တပ်ရမည်လား။ ရိုင်းရိုင်းပြောရလျှင် ချစ်လွန်း၍ လွယ်ကူစွာပေးသည်ဟု ပြောရမလား။ Jey စကားလုံးမရွေးချယ်တတ်ပါ။
ဘယ်ကစသလဲ မေးလျှင် Jey ကိုယ်တိုင်လည်း သေချာမသိပါ။ သာမာန်မဟုတ်သော လိင်ပိုင်းဆိုင်ရာခံယူချက်ကို လက်ကိုင်ထားသူမှန်းသိရတုန်းက Jey အသက် ဆယ့်ခုနှစ်နှစ်မျှသာရှိသေးသည်လေ။
ခန့်တည်ဆိုသော လူသားနှင့် Jey သည် အသက် ငါးနှစ်မျှကွာသော အရင်းနှီးဆုံး သူစိမ်းများဖြစ်ခဲ့သည်။ Jey သတိထားမိသည့်ခံစားချက်များ မပေါက်ဖွားလာခင်က သူ့အသက် ဆယ့်ခြောက်နှစ် Jey အသက် နှစ်ဆယ့်တစ်နှစ်မျှသာ ရှိသေး၏။ Master ဘွဲ့ယူရန် Canada သို့ Jey ထွက်သွားခြင်းက သူစိမ်းဆန်သော ရင်းနှီးသူများ ခေါင်းစဉ်အောက်မရောက်ချင်၍သာ။
ခုများတော့ လွန်ကုန်လေပြီ။ ခေါင်းစဉ်ပြောင်းရုံသာမက ခန့်တည်သည် Jey အပေါ် အမြင်ပါပြောင်းကုန်တော့မည်မလား။
YOU ARE READING
Rhyme Made Of Love (Completed)
FantasyMelodies of falling in love with the right person 🎶