"ဒီတခါ...အန်တီရဲ့အိမ်မှာအကြာကြီးနေမှာမို့လို့.."

အဲဒီလိုပြောပြီးဝင်လာတဲ့စည်းကို...ပင်လယ့်အမေဒေါ်ချိုချိုကအံ့သြမှင်သက်သွားခဲ့သည်။
ဒီကောင်လေး ထပ်လာပါ့မယ်ဆိုတာသိခဲ့ပေမယ့်...
ဒီလောက်မြန်မယ်တော့မထင်ခဲ့မိပါလေ...။

သူတို့ရဲ့သံယောဇဉ်ကသေးသေးလေးမဟုတ်ခဲ့ဘူးပဲကိုး...။

ဘာပဲဖြစ်ဖြစ်...သားဖြစ်သူအပေါ်ကိုနွေးထွေးပေးမယ့်သူတစ်ယောက်တိုးလာတာကိုဝမ်းသာနေမိတာပေါ့...။

သားရယ်...နိုးဖို့အချိန်တန်နေပြီလေ...
မင်းကို...အားပေးမယ့်သူတွေအနားရောက်နေပြီပဲ...
အလည်ထပ်မလွန်ပါနဲ့တော့...နေပင်လယ်....

-------

9လပိုင်း 13ရက်နေ့...မနက်...
00:13 မိနစ်
13 ဆိုတဲ့မကောင်းတဲ့ဂဏန်းအကြောင်းလူပြောများသည်။
13 ဂဏန်းရဲ့ကံမကောင်းစေခြင်းကတော့လူတိုင်းအတွက်မဟုတ်ခဲ့ပါဘဲ...ပုံမှန်မဟုတ်ဘဲကွဲပြားနေတဲအြခါမျိုးလဲရှိပါ၏။

လေးပတ်နီးပါးအချိန်ကရှည်ကြာလွန်းခဲ့တဲ့ အိပ်မက်ရှည်တစ်ခုပြီးဆုံးခဲ့ပြီပဲ...။
မောပန်းခြင်းမရှိခဲ့ပေမယ့်...နိုးထဖို့ပြင်လိုက်တာနဲ့ လူကချက်ချင်းမလှုပ်ရှားနိုင်ခဲ့။
ကြိုးစားပြီးရုန်းထ,ကြည့်ပေမယ့် မလှုပ်ရှားနိုင်ဘဲ
ညာဘက်ခြေထောက်မှာလေးလံနေတာဘာလဲ...။

ထို့အပြင်...မျက်ခွံတွေကလေးလံပြီးရုတ်ချည်းဖွင့်မရသလို...
နှာခေါင်းထဲမှာ တခုခုကတစ်ဆို့နေသလိုမျိုး...။
နာကျင်သလိုလို၊ ဘာလိုလိုနဲ့...အသက်ရှူရတာလဲမလွတ်လပ်ပါ။
အိပ်ယာပေါ်ရောက်နေမှန်းသိပေမယ့် ထလိုက်လို့မရ။
ငြိမ်သက်နေရာကနေ လှုပ်ရှားဖို့ကြိုးစားတော့...
ရင်ဘတ်တွေရော...လက်တွေမှာရော...တဖြည်းဖြည်းနာကျင်လာခဲ့သည်။
ငါ...ဘာဖြစ်သွားခဲ့တာလဲ။
ယောင်ယောင်ဝါးဝါးတွေးနေရင်းနဲ့ မျက်လုံးတွေပွင့်လာခဲ့တော့ ဘေးဘီကိုကြည့်မိသည်။
ဘယ်လောက်တောင်မှ အိပ်ပျော်သွားခဲ့လို့ ဒီမျက်လုံးတွေက အလင်းခပ်မှိန်မှိန်ကိုတောင် ကျိန်းစပ်ချင်နေတာလဲ။
နောက်ပြီးတော့ ဆေးနံ့တွေလှိုင်လှိုင်ထ,နေကာ...
သူ့ခန္ဓာကိုယ်အနှံ့အပြားမှာ ဖြူဖြူဖွေးဖွေး လေးလေးလံလံဖြစ်နေတာက ဘယ်လိုကြောင့်ပါလိမ့်။
ခေါင်းထဲမှာလဲ ကြည်လင်မနေတာအပြင်၊ မှုန်ဝါးနေတဲ့အမြင်အာရုံတွေကြောင့် ပွင့်သွားတဲ့ မျက်လုံးကိုပြန်မှိတ်ပစ်ရသည်။
ဘယ်လိုခံစားမှုမျိုးမှန်းလဲမသိဘဲနဲ့ သူ့တကိုယ်လုံးနုံးချိနေကာ...
နှစ်ရှည်လများ အိပ်စက်နေခဲ့တဲ့သူပမာ။
ဘာတွေဖြစ်နေတာလဲလို့မရမကစဉ်းစားကြည့်တော့...သူ...ကားဖြူလေးထဲမှာ.....
နောက်ပြီး...ကားမတော်တဆဖြစ်မှုတစ်ခုကြားမှာ...။
မိနစ်ပိုင်းလေးလောက် သတိဝင်ခဲ့ပေမယ့် အမြင်တွေထပ်မံအမှောင်ကျပြီး...
ပင်လယ် ထပ်အိပ်ပျော်လေသည်။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Onde histórias criam vida. Descubra agora