ကျွန်တော် အားတွေကုန်သွားတဲ့အထိ အချိန်တွေဘယ်လောက်ကြာသွားခဲ့လဲမသိဘူး။ ကျွန်တော် အိပ်ရာပေါ် လှဲချလိုက်ပြီး စကားတောင်မပြောနိုင်တော့ဘူး။ ကျွန်တော် မျက်လုံးတွေ မှိတ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။

ကျွန်တော့်မျက်လုံးတွေ ဖွင့်လိုက်တဲ့အခါ နည်းနည်းဇဝေဇဝါ ဖြစ်သွားတယ်။ နံရံက နာရီကို လှမ်းကြည့်လိုက်တော့ ကျွန်တော် အိပ်ပျော်သွားတာ တစ်နာရီကျော်တောင် ကြာသွားပြီ။ အဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲ ဘာမှမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေတယ်။ ကျွန်တော် ဘာတွေလုပ်ခဲ့လဲ မမှတ်မိဘူး။ အလျင်အမြန်ပဲ ကျွန်တော် သတိရသွားတယ် ဒါက မယုံကြည်နိုင်စရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် ဘေးကိုကြည့်လိုက်တော့ သူက ကျွန်တော့်ဘေးမှာ လှဲနေသေးတာကို မြင်လိုက်ရမှ ဒါတွေက အိမ်မက်တစ်ခုမဟုတ်ဘူးဆိုတာ ကျွန်တော်သိလိုက်ရတယ်။ သူ့မျက်လုံးတွေက မှိတ်ထားပေမယ့် သူ အိပ်ပျော်မနေဘူးဆိုတာ ကျွန်တော် သေချာပေါက်သိတယ်။ သူ့မျက်လုံးထဲက မျက်ရည်တွေက အဆက်မပြတ်စီးကျနေပြီး ခေါင်းအုံးမှာ စိုရွဲနေတယ်။

သူ ဘာလို့ တိတ်တိတ်လေး ထွက်မသွားတာလဲ ကျွန်တော် တွေးလိုက်တယ်။ ပြီးမှ သတိရတာက သူ့အဝတ်အစားတွေက အကုန် အချွတ်ခံထားရတယ်လေ။ သူ့ဗီဇအရ သူ ကျွန်တော့်အဝတ်တွေက ဝတ်ပြီး ပြန်မှာမဟုတ်ဘူး။ အထူးသဖြင့် သူ အခုလို အရမ်းနာနေတဲ့အခါမျိုးမှာ။ သူ့နှုတ်ခမ်းတွေက ဖြူဖျော့နေတယ်။ သူ လမ်းတောင်လျှောက်နိုင်ပါ့မလားလို့ ကျွန်တော်တွေးမိတယ်။

ရုတ်တရက် ကျွန်တော် အရမ်းထိတ်လန့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ဒီနေ့လည်ခင်းပြီးသွားရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ကြားက ဆက်ဆံရေးလဲ ပြောင်းလဲသွားမယ်လို့တောင် ကျွန်တော်ခံစားရတယ်။ ဒါက male virgin complexရဲ့ အစိတ်အပိုင်းတွေက တစ်ခုလား?

ကျွန်တော် ဒါက ကစားနည်းတစ်ခုလား စနောက်တာတစ်ခုလား ဒါမှမဟုတ် ယောက်ျားလေးတွေကြားထဲက ရန်ဖြစ်တာပဲလား တွေးဖို့တောင် ခေါင်းတွေခြောက်လာတယ်။ ကျွန်တော့်နှလုံးသားက အရမ်းရှုပ်ထွေးနေပြီ။ ကျွန်တော့်ကိုယ်ကျွန်တော် ပစ်ပစ်နှစ်နှစ် ဆဲဆိုလိုက်တယ်။ ကျွန်တော့်စကားတွေနဲ့လုပ်ရပ်တွေကို စိတ်အေးအောင် ကြိုးစားလိုက်တယ်။ ကျွန်တော် အဝတ်အစားတွေ အရင်ဝတ်လိုက်ပြီး ကျွန်တော့်အဖေ ပို့ပေးထားတာ မကြာသေးတဲ့ အဝတ်အစားအသစ်တစ်စုံကို ထုတ်ပေးလိုက်တယ်။ ကျွန်တော်တို့အရပ်တွေက သိပ်မကွာတော့ သူ ဝတ်လို့ရလောက်တယ်။

If only time stopped at the moment we first metWhere stories live. Discover now