ရိုးရိုးလေးဟုထင်ရပေမယ့်ရိုးရိုးလေးမပြီးဆုံးတတ်တာကသဘာဝဖြစ်၏။

---------

တံခါးခေါက်သံကြောင့်စည်းကအိပ်ယာမှနိုးလာသည်။
နာရီကိုအရင်ဆုံးရှာဖွေကြည့်တော့ခုနစ်နာရီရှိပြီ။
ပြီးမှနံဘေးနံဘီကြည့်မိတော့...ကိုယ့်အခန်းမဟုတ်တာကိုသတိထားမိ၏။
သူ...ဘယ်ရောက်နေသလဲတွေးမရဘဲတံခါးခေါက်နေတာကိုအရင်ပြေးဖွင့်ကြည့်တော့...
ကော်ဖီနှစ်ခွက်နဲ့ဝန်ထမ်းလို့ထင်ရသည့်ကောင်လေးတစ်ယောက်...

"ကော်ဖီရပါပြီဗျာ...သကြားနဲ့နို့ထည့်မထားပါဘူး..."

စည်းကပြူးကြောင်နေပြီးမှကော်ဖီနှစ်ခွက်ပါသည့်ဗန်းကိုယူရသည်။
ငါမှာထားခဲ့မိတာလား...
ဘာတစ်ခုမှမမှတ်မိ။

"ရတယ်...ကျွန်တော်အထဲမှာထားခဲ့ပေးမယ်..."

ကော်ဖီဗန်းထားပြီးကောင်လေးပြန်ထွက်သွားတော့မှ...သေသေချာချာစဉ်းစားကြည့်ရသည်။
ညတုန်းက သူတို့နှစ်ယောက် ဘားမှာအရက်သောက်နေခဲ့ရာကနေစ...မူးသွားပြီး သူမှောက်အိပ်တဲ့အထိအဆုံး...
ဒီဟာလောက်ပဲစဉ်းစားလို့ရပြီး ကျန်တာကိုသူဘာမှမသိ။
အခုကရော...ဘာလို့တစ်ယောက်ထဲဖြစ်နေတာလဲ...။

"ငါတယောက်ထဲလား...ပင်လယ်ကဘယ်မှာလဲ..."

ရေချိုးနေတာလားလို့တွေးပြီး ရေချိုးခန်းထဲ သွားပြေးကြည့်တော့လည်း ရေချိုးခန်းရောအိမ်သာမှာပါ ပင်လယ်ကမရှိပါ။

"ဟင်...ဘယ်ရောက်သွားတာလဲ...ငါ့ကိုထားခဲ့ပြီးအိမ်ပြန်တာလား...အဲဒါတော့မဖြစ်နိုင်ဘူးလေ..."

ဧည့်ကောင်တာကိုဖုန်းဆက်ပြီး...
ညက သူ့ကိုဘယ်သူအခန်းထဲပို့တာလဲဟုမေးရသည်။
ဒီတော့မှနေပင်လယ်ကမနက်လေးနာရီလောက်မှာ တက်စီငှားပြီးတနေရာထွက်သွားကြောင်းသိ၏။
ဒါဆို...ကားသွားယူတာများလား...။
ကားသွားယူရင်လည်း ကြာလှမှ မိနစ်သုံးဆယ်ပေါ့။
လက်ရှိရောက်နေတဲ့နေရာနဲ့ ကားပါကင်ကသိပ်မှမဝေးဘဲ။
ညတုန်းကတောင်မှ ကားပါကင်ဆီကနေလမ်းလျှောက်ပြီးဒီကိုလာတာလေ။
ကော်ဖီနှစ်ခွက်ကိုပဲငေးကြည့်နေရင်း...
ဒီကောင်...ဘယ်များသွားတာလဲ...
သူ့ကိုထားပြီးပျောက်သွားတာလားလို့တွေးမိတော့...
မဖြစ်နိုင်...။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Dove le storie prendono vita. Scoprilo ora