Ep-(33)

8.4K 660 29
                                    

#zawgyi

"မင်းတို့တွေ အဆင်ပြေသွားတာမြန်ကြတယ်နော်"

Zhou Cheng တစ်ယောက် မျက်စောင်းထိုးပြီး‌ပြောလေသည်။

"မြန်ကမယ်လေ ငါတို့တွေက ချော့နိုင်တဲ့စွမ်းအားရှိတယ်"

Jiyang တစ်ယောက် စဖြီးဖြီးနဲ့ မျက်ခုံးတစ်ဖက်ကိုပင့်ကာ ‌ပြောလေသည်။

"စိတ်လေတယ်"

"အမ်..ဒါနဲ့ ကျွန်တော်တို့အဖွဲ့လိုက် အပြင်ကိုစုပြီးသွားကြရအောင် "

Xiao Zhan ‌ရဲ့ အပြင်သွားချင်တယ်ဆိုတာကတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေး Zhou Cheng ကို အောင်သွယ်တော် လုပ်ပေးမို့ပဲဖြစ်တယ်။

"သွားကြမယ်လေ ge တို့အုပ်စုလိုက်ဆိုတော့ပျော်စရာကောင်းမှာ"

Hai kuan တစ်ယောက် xiao Zhan ရဲ့စကားကိုထောက်ခံလေသည်။xiao Zhan ဘာစီစဉ်‌နေလဲသိတာ‌ကြောင့် ဖြစ်သည်။

"အင်းအာ့ဆိုကျောင်းဆင်းရင် ကစားကွင်းသွားကြမယ် အဲ့မှာသရဲအိမ်ဝင်မယ်ပြီးရင် လျှောက်သွားကြမယ်"

"Xiao Zhan နင်ကသရဲအိမ်ဝင်မယ်ဟုတ်လား င‌ကြောက်ကောင်ကများသရဲအိမ်ဝင်မယ်တဲ့ ဟာသတွေသိပ်‌ပြောတယ်နော်"

Xuan Lu ကတော့ ဟာသ တစ်ပုဒ်ကိုနားထောင်လိုက်ရသလားပဲ xiao Zhan ကိုလှောင်လေသည်။

"မသိရင်မသိသလိုနေ နေရာတကာ ဝင်ပါတယ်"

Xuan Lu ကတော့ ပွစိပွစိနဲ့ ငြိမ်ကျသွားလေသည်။

"သွားကြမယ်မလား"

"အင်းသွားမယ်"

"အာ့ဆို ကျောင်းဆင်းရင် ge တို့က ကိုယ့်ချစ်သူ ကိုယ်ခေါ်ပြီးကိုယ့်ကားနဲ့ကိုသွားZhou Cheng ကို တော့ hai kuan ge ကခေါ်သွားပေးလိုက်နော်သူတစ်ယောက်တည်းဖြစ်နေမှာဆိုးလို့ Xing က ကိုကိုတို့ကားနဲ့ လိုက်ခဲ့"

Xiao Zhan တစ်ယောက် အကုန်လုံးကိုလိုက်ရမည့်ကားနဲ့နေရာခွဲနေပြီး yibo ရှီမှာကန့်ကွက်သံကကြားလာလေသည်။

"ကိုယ်တို့နှစ်ယောက်ပဲသွားမယ် fanxing ကို တစ်ခြားသူနဲ့ထည့်လိုက်"

"မရပါဘူး Xing ကိုကလေးတို့ကားနဲ့ပဲခေါ်သွားမယ်"

"မရဘူး အဲ့ဒါဆိုကိုယ် မလိုက်ဘူး"

i love you 3000(Completed 😘)Où les histoires vivent. Découvrez maintenant