Ep-(31)

8.2K 673 51
                                    

#zawgyi

"Zhou Cheng မင်းဒီနေ့ ဘာတွေ ပြုံးစိစိဖြစ်နေတာတုန်းကွ"

xiao Zhan ဘေးတွင် ထိုင်နေသော Zhou Cheng မှာ ‌တစ်ခုခုကို စဉ်းစားပြီး ပြုံးစိစိနဲ့ ဖြစ်နေတာ‌ကြောင့် Jiyang မေးလိုက်သည်။
Xiao Zhan ကတော့ မြင်မယ်မထင်။မနေ့ညက yiboလုပ်တာ‌ကြောင့်သူအိပ်ရေးပျက်ခဲ့ရတာမို့လို့ ကျောင်းရောက်ကတည်းက စားပွဲခုံပေါ်ခေါင်းမှောက်ပြီး အိပ်‌နေလေသည်။
(တစ်မျိုးမထင်နဲ့ မနေ့က message တွေပို့လိုက် VC ပြောပြီး ချစ်ရည်းနူးလိုက်နဲ့ xiao Zhan ကအိပ်ချင်ပြီ‌ပြောသော်လည်း ပေးမအိပ်သော yibo ‌ကြောင့်မနေ့က သူ့မှာ မျက်လုံးကို အကျယ်ဆုံးပြူးကာ yibo ကျေနပ်အောင်စကားတွေထိုင်‌ပြောနေတာ‌ကြောင့်ဖြစ်သည်။)

"Zhou Cheng .."

"အမေ့ ..လန့်လိုက်တာ သေနာကောင်ရယ်"

Jiyang တစ်ယောက် သူခေါ်တာမကြားဖြစ်နေသော Zhou Cheng ကိုစိတ်မရှည်တာနဲ့ အသံကျယ်လောင်စွာ ဒုတိယတစ်ကြိမ်ထပ်မံခေါ်လေသည်။

Zhou Cheng လည်းစိတ်ကူးယဉ်နေတုန်းမှာ ငှက်ဆိုးဆိုးအသံကြောင့်လန့်ဖြတ်ကာ Jiyang ကိုဆဲပါလေရော။

"မင်းက ထိုင်နေရာမှာတင် ငုတ်တုတ်မေ့နေတာကို..ငါခေါ်တာမှမကြားပဲ"

"ဟဲဟဲ "

သူမှားမှန်းသိတာ‌ကြောင့် သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် Jiyang ကိုရယ်ပြလေသည်။
Zhou Cheng စဉ်းစားနေတာကတော့ မနေ့ကသူနဲ့ hai kuan အဖြစ်အပျက်ကိုအပါ့။
(နင်တော်တော်ဖြစ်)

"ဟိတ်ကောင် xiao Zhan ထဦး မင်းညကမအိပ်ရဘူးလား"

Jiyang တစ်ယောက် xiao Zhan ကျောကို ရိုက်ပြီးနိုးကာ‌စကားဆိုလိုက်သည်။

"အေးဟုတ်တယ် ညက yibo geလုပ်တာ ‌ကြောင့် ငါ့မှာမအိပ်ကဘူး"

Xiao Zhan ကတော့ ခေါင်းပင်မထောင်ဘဲ Jiyang ကိုပြန်ပြောလေသည်။

"ဘာ..မင်းညက yibo ge နဲ့ ..."

Zhou Cheng နဲ့ Jiyang မှာတော့ xiao Zhan ရဲ့အစမရှိအဆုံးမရှိစကား ‌ကြောင့် သူတို့ထင်ချင်ရာထင်ပြီး ကြောင်နေလေသည်။

"လဒကောင်‌တွေ ဘာတွေတွေးနေတာလဲ မနေ့ညက yibo ge နဲ့ စကားတွေ‌ပြောတာ ညတစ်နာရီမှအိပ်ကတယ်  ပြီးတော့ ငါတို့အိမ်ဘေးနားက kpop အရူးမက မနက်စောစောစီးစီးငါးနာရီကြီးကို ကျက်သရေမရှိ သီချင်းတွေအကျယ်ကြီးဖွင့်တော့ ငါ့မှာမအိပ်ရဘူးဟ"

i love you 3000(Completed 😘)Where stories live. Discover now