Ep-(25)

10.1K 779 59
                                    

#zawgyi

Yibo နဲ့ xiao Zhan နှစ်ယောက်လုံး ကန်တင်းကို လက်ချင်းတွဲကာ လျှောက်လာ၍ လူတွေမှာ သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပြီး အချို့မှာလည်း သူတို့နှစ်ယောက်ကို ကြည့်၍ တီးတိုးပြောနေလေသည်။

Xiao Zhan ကတော့ အခြားလူတွေမိမိတို့ကိုကြည့်နေမှန်းသိတော့ မျက်နှာတွေပူကာရှက်နေလေသည်။သို့ပေမယ့် သူ့ဘေးက yibo ကတော့ ဂရုစိုက်ပုံမပေါ် မျက်နှာခပ်တည်တည်နဲ့ xiao Zhan လက်ကိုလွှတ်ထွက်သွားမယ့်ပုံနဲ့ကျစ်ကျစ်စုတ်ထားလေသည်။

"ဟိုမှာလာ ကြပြီ "

Ziyi တစ်ယောက် သူတို့ဝိုင်းသို့ လျှောက်လာသော yibo တို့အတွဲကို ကြည့်ကာ မေးငေါ့ပြပြီး‌ပြောလေသည်။

"မောင်လေးတို့ အခုကော စိတ်မဆိုးကြတော့ဘူးလား"

Yu Chen တစ်ယောက် ရွဲ့ကာ မေးလေသည်။

"ဟီးဟီး မဆိုးတော့ဘူး"

Xiao Zhan တစ်ယောက် မျက်နှာလေးဖြီးပြကာ ပြန်ပြောလေသည်။
Yibo ကတော့ ဘေးတွင်ထိုင်ကာ xiao Zhan ကိုပဲတစိမ့်စိမ့်ကြည့်နေလေသည် သူ့အတွက်ကတော့ xiao Zhan ကိုထိုင်ကြည့်ဖို့ဆိုတဲ့အလုပ်တစ်ခုတိုးလာလေပြီ။

"Yibo မင်းမျက်နှာလည်း xiao Zhanမျက်နှာပေါ်ကပ်တော့မယ်"

Hao xuan တစ်ယောက် yibo ကို မျက်စောင်းထိုးပြီးပြောလေသည်။

"မင်းအပိုပါလား"

Yibo ရဲ့ အဖြေ‌ကြောင့် hao xuan လေးနင်သွားရှာဘီ။
Xiao Zhan ကတော့ ရှက်ပြုံးလေးသာပြုံးပြလေသည်။

"Yibo "

Yibo တို့ ဝိုင်းသို့ ဖိတ်မခေါ်ထားသော တစ်စုံတစ်ယောက် ရောက်လာတာ‌ကြောင့် xiao Zhan တစ်ယောက် သိသိသာသာကြီး မျက်နှာပျက်သွား‌လေသည်။yibo ကလည်း xiao Zhanမျက်နှာပျက်သွားတာကိုမြင်‌လေသည်။သူတို့ရဲ့သူငယ်ချင်းတွေကတော့ထိုလူကိုမျက်စောင်းတွေထိုးနေလေသည်။ထိုသူကတော့ Cheng xiao ပင်ဖြစ်သည်။

"Yibo ငါနင်တို့နဲ့အတူ ထိုင်လို့ရလား"

Cheng xiao တစ်ယောက် yibo နာမည်ခေါ်တာကို ပြန်လှည့်မကြည့်တာ‌ကြောင့် ထက်ခေါ်လေသည်။

i love you 3000(Completed 😘)Where stories live. Discover now