Extra " Resentment of Chunshan; Song of BingQiu "

Začít od začátku
                                    

ရှန်ချင်းချိုး : "......."

မျက်နှာတည်တည်ဖြင့်ပင် လော့ပင်းဟယ် ဆက်ဖတ်လေ၏။
" လော့ပင်းဟယ် အိပ်ရာပေါ် တက်လာလေသည်။ အလျင်မလိုစွာဖြင့်ပင် သူ ရှန်ချင်းချိုး၏ အတွင်းဝတ်အင်္ကျီ အထုံကို ဖြေလိုက်ပြီး အင်္ကျီအောက်ကို စမ်းလိုက်၏။ အင်္ကျီအောက်ရှိ အရေပြားသည် ချောမွတ်ကာ ကြွက်သား အဖုအထစ်များကလည်း ပျော့ပျောင်းကွေးညွတ်ကာ ချပ်ကပ်နေ၏။ မိန်းမောနေရင်းဖြင့်ပင် ခါးစည်းကို ဆွဲကာ နှစ်ခြမ်း ဖြဲလိုက်သည်...."

ရှန်ချင်းချိုး ခုနလေးတင် လော့ပင်းဟယ် နှစ်ခြမ်းဆွဲဖြဲကာ ကြမ်းပြင်ပေါ်သို့ ကျနေသော ခါးစည်းကို ဖျတ်ခနဲကြည့်လိုက်၏။ သူ့ကျောရိုးတစ်လျောက်မှတစ်ဆင့် ကြက်သီးများထလာကာ ပြောစရာစကားများပင် ပျောက်သွားလေသည်။

လော့ပင်းဟယ် စာအုပ်ကို ပိတ်လိုက်ပြီး မျက်လုံးများပင့်ကာ မျက်နှာတည်နှင့်ပင်
" ဒီမှာရေးထားတာက ဒီတပည့် ဂိုဒေါင်ကနေပြောင်းလာတဲ့ ညမှာပဲ လူပျိုရည်ပျက်သွားတာချည်းပဲ! လိုချင်တပ်မက်မှု မီးတောင်တွေ အားနှင့်မာန်နှင့် လောင်ကျွမ်းပြီး အလိုရမ္မက်တွေ အထွဋ်အထိပ်ရောက်ကာ လူခြေတိတ်တဲ့အချိန်၌ ဝါးအိမ်လေးနှင့် အိမ်မက်တစ္ဆေဖြင့် ဖိနှိပ်ထိန်းချုပ်ခံထားရသည့် ရှစ်ဇွမ်းဆီသို့ ဝင်ရောက်ပြီး ဟိုဟာသည်ဟာလုပ်ကာ မိုးသောက်ချိန်ထိ အချစ်ဖြင့် ရစ်ပတ်ထားလေသည်တဲ့"

ဘယ်လို လခွမ်းလားဟ!

သူသာ သေချာမှတ်မိတယ်ဆို ထိုစဉ်က လော့ပင်းဟယ်က ဆယ့်ငါးနှစ်အရွယ်သာသာ။
အသိစိတ်လုံးဝကို မရှိကြတာပဲ။
စဉ်းလဲလိုက်ကြတာ။

စာအုပ်များကို လှန်ရင်း လော့ပင်းဟယ် မှတ်ချက်ချလေသည်။
" ဒီစာအုပ်ထဲက 'လော့ပင်းဟယ်' က တပည့်ထက်ကို ပိုပြီးတော့ ရဲတင်းတာပဲ! သူ ရဲတင်းတာကို လျစ်လျူရှုလိုက်မယ်ဆိုရင်တော့ ရှစ်ဇွမ်းအပေါ်မှာထားတဲ့ ခံစားချက်က လုံးဝတိကျတယ်!"

ရှန်ချင်းချိုး : " မင်းသာ အဲ့အချိန်က အဲ့လောက်ရဲတင်းရဲရင် မင်းအသက်က နေရာမှာတင် မပျောက်ဘူးလို့ ဒီဆရာ အာမ မခံနိုင်ဘူး!"

Scum Villain's Self Saving System Extra Kde žijí příběhy. Začni objevovat