" လော့ နဲ့ ရှန် အပြန်အလှန် မေးခွန်း ၁၀၀ ကို တစ်ပတ်ရိုက်ခြင်း " ( အပိုင်း ၁) 《Zawgyi》
မေးခွန်း အမေးခံရသူ : လော့ပင်းဟယ် × ရှန်ချင်းချိုး
မေးခွန်း မေးသူ : ကောင်းကင်ကို ဆန်တက်မယ့် လေယာဉ်ပျံ
မေးခွန်းပေးသူ : Systemကောင်းကင်ကို ဆန်တက်မယ့် လေယာဉ်ပျံရဲ့ system က mission တစ်ခုပေးလိုက်ပါတယ်။ အဲ့ဒါကတော့ အရမ်းထူးဆန်းတဲ့ မေးခွန်းစစ်တမ်းလွှာပါ။ မေးခွန်းစစ်တမ်းလွှာက ဘာကို စုံစမ်းစစ်ဆေးနေလဲ မပြောနိုင်သလို မေးလေလေ မေးခွန်းတွေကို မကြည့်နိုင်လေလေပါပဲ။
ဘယ်လိုပဲ မေးခွန်းတွေကို ကြည့်ဖို့ သည်းမခံနိုင်ဖြစ်ပေမယ့်လည်း သူ point တွေ စုရဦးမယ်မလား!
သူ့ရဲ့ ဂုဏ်သိက္ခာတွေကို ဘေးချိတ်ရင်း ( အရင်ကတည်းက ဘယ်လောက်မှ မကျန်ပေမယ့်လည်း)
Shen-dada ကို အသနားခံပြီးနောက်မှာတော့ ရှန်ချင်းချိုးက အင်တင်တင်နဲ့ သူ ပြုစုပျိုးထောင်ထားတဲ့ pet လေး, အယ် မှားလို့ , သူပြုစုပျိုးထောင်ထားတဲ့ တပည့်လေးကို ခေါ်ပြီး မေးခွန်းစစ်တမ်းကို ဖြေဖို့ သဘောတူခဲ့ပါတယ်!ထို့ကြောင့် အောက်ပါများကတော့ လေယာဉ်ပျံရဲ့ အင်တာဗျူးကို တိုက်ရိုက် အနက် ပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်!
ရှမ်ချင်းဟွား : " နာမည်ဘယ်လိုခေါ်ပါသလဲခင်မျာ"
လော့ပင်းဟယ် ထိုင်ချလိုက်ပြီးပြီးချင်း မေးခွန်းကြားလိုက်ရ၏။ သူ မျက်ခုံးတစ်ဖက်ပင့်ပြီး အလိုမကျစွာဖြင့် ပြောလိုက်သည်
" မင်း ငါ့နာမည်တောင် မသိရင်.. ဒီအင်တာဗျူးက ဘာလုပ်ဖို့လဲ!"ရှမ်ချင်းဟွား : " အသက်ဘယ်လောက်လဲ?"
....... အမှန်အတို်င်း ပြောရမယ်ဆို ရှန်ချင်းချိုး ဒီခန္ဓာကိုယ်ရဲ့ အသက်အတိအကျကို မသိပေ။ သူခေါင်းကို မော့လျက် ရှမ်ချင်းဟွားကို ဆိုလိုက်သည်
" မင်းက ငါ့ထက်ပိုသိသင့်တာ မဟုတ်ဘူးလား!"ရှမ်ချင်းဟွား သူ့ စာရေးစုတ်တံလေးကို လှည့်ရင်း အတွင်းကျိတ် ငိုကြွေးလိုက်သည်။ ဒီလို မေးလိမ့်မယ်လို့ သူကြိုတွေးမထားမိ။ ဘာဖြစ်ဖြစ် ချသာရေးလိုက်မယ်ဆိုကာ ကြုံရာ နံပါတ်တစ်ခုချရေးလိုက်သည်။
أنت تقرأ
Scum Villain's Self Saving System Extra
القصة القصيرةဒါက main story မဟုတ်ပါဘူး... extra လေးပါ! Extra ဆိုတဲ့အတိုင်းပဲ Main story ကို ဖတ်ထားမှ နားလည်မှာလေးတွေ ရှိပါတယ်! Main story ကို မဖတ်ရသေးရင်တော့ 🚨 Spoiler Alert ပါလို့! 《 Unicode 》 ဒါက main story မဟုတ်ပါဘူး... extra လေးပါ! Extra ဆိုတဲ့အတိုင်းပဲ...