"မေမေလည်း လွန်လွန်ကြူးကြူး မပြောချင်ဘူး ခန့်တည်၊ Jey နိုးလာရင် စကားသေချာပြောကြည့် သူဘာဖြစ်ချင်လဲဆိုတာ၊ အဆိုးဆုံး သူက ထောင်ထဲဝင်စေချင်ရင် မင်းဝင်ရမှာပဲ၊ သူတာဝန်ယူခိုင်းရင်လည်း မင်းယူရမှာပဲ၊ ယောကျ်ားလေး ဘာမှမဖြစ်နိုင်ဘူး မတွေးနဲ့၊ သူလည်း သူ့သိက္ခာရှိသေးတယ်"

"မေမေ မေလင်းကရော .. ကျွန်တော့် scholar ကရော၊ မေမေ ကျွန်တော့်ဘက်လည်းစဉ်းစားပါဦး"

ဟုတ်သည်။ ခန့်တည်ကမ္ဘာပေါ်တွင်မစွန့်လွှတ်နိုင်သော အရာများပြပါဆိုလျှင် "မေမေ" နှင့် "မေလင်းမြူဟူသောချစ်ရသူနှင့် တူတူသွားရန် စီစဉ်ထားသော ခန့်တည်၏ပညာတော်သင်" သာဖြစ်သည်။

"ခန့်တည် ဒီလောက်ဖြစ်နေတာတောင် နင်တွေးတာ ဒါပဲရှိတာလား ?"

"မေမေ ဒါပေမယ့် ..."

"မေမေကတော့ မေမေ့သား နာမည်ပျက်ကြီးနဲ့ ရှိနေမှာ မေမေမလိုလားဘူး"

ထိုစကားတစ်ခွန်းသည် ခန့်တည်၏မျှော်လင့်ချက်ကို အကြိမ်ကြိမ် သတ်သည် ။ နောက်ဆုံးတော့ ခန့်တည်ကြည်နိုင်သည် Jey နန္ဒ တစ်ယောက်ကြောင့် အရာအားလုံး ဆုံးရှုံးလိုက်ရသည်ဟုသာ ....

~~~~~~~

(A/N; ပြန်တွေ့ကြပြန်ပါပြီ ! RMOL ကို unpublish လုပ်ခဲ့တာက second edition ထွက်မှာမလို့ အများကြီးဝယ်ကြအောင်ဆိုပြီး လုပ်တဲ့စိတ်မရှိပါဘူး။ Milo စစရေးခဲ့တဲ့ OC မလို့ POV တွေရောနေတာ၊ စကားအသုံးအနှုန်းရောနေတာ၊ စာလုံးပေါင်းတွေမှားနေတာ စတာတွေကို ပြန်လည်ပြင်ဆင်ချင်တာမလို့ un လိုက်တာပါ။ စာအုပ်ထွက်လာတဲ့အချိန်ရောက်ရင် အကုန်တင်ပြီးသား ဖြစ်နေအောင် ဒီနေ့ကစ စာစစ်ပြီး တင်ပေးပါ့မယ်။ ပြန်လည်မွမ်းမံထားတဲ့ ခန့်တည်နဲ့ Jey ကို ပြန်လည်ချစ်ခင်ပေးကြဖို့ တောင်းဆိုပါတယ် ! )

(Zawgyi)

မနက်ခင်း၏နေရောင်ခြည်နုနုတို့ကား ပြတင်းပေါက်မှတဆင့်အခန်းထဲသို့ ဖြန့်ကျက်လွှမ်းခြုံနေလျက်။ ရနေကျအမွှေးနံ့ ၊ ကြားနေကျ alarm သံတို့ကို မခံစားရသောအခါ အအိပ်ဆတ်သော ခန့်တည်သည် မျက်ခွံတို့ကို ဆက်လက်ပိတ်ထားခြင်းအား မစွမ်းသာတော့ပေ။

Rhyme Made Of Love (Completed)Where stories live. Discover now