အန်တီနွေးပြောလိုက်သောစကားက ကျွန်တော့်အတွေးတွေကို နှောင့်ယှက်သည်။ "သားလေးကသွေးမတိတ်တဲ့ ရောဂါရှိတယ် မခင်မေ ဆေးရုံကားလေးခေါ်ပေးပါ တောင်းပန်ပါတယ် မြန်မြန်ခေါ်ပေးပါ" ဟူ၍ ...

~~~~~~~~

"သွေးဆုံးရှုံးတာထက် ပြင်းပြင်းထန်ထန် rape ခံထားရတဲ့ အခြေအနေပါ၊ ကျွန်တော် အိပ်ဆေးပါ on ထားပေးပါတယ်၊ လောလောဆယ်တော့အိပ်ပျော်နေပါလိမ့်မယ်၊ သတိရရင်တော့ ကျွန်တော့်ကို လာခေါ်ပါ"

ဆရာဝန်စကားကြားပြီး မေမေက ခန့်တည်ကို တစ်ချက်ကြည့်သည်။ ခါတိုင်းမေမေ ခန့်တည်အား ကြည့်ခဲ့သော ကြည်နူးရိပ်သမ်းသည့် မျက်လုံးမျိုးမဟုတ်။ ရွံသော၊ စိတ်ပျက်သော စသောခံစားချက်များ ပြည့်လျက်။ အန်တီနွေးကတော့ အစ်ကို Jey လက်အားကိုင်ကာ မျက်ရည်တစမ်းစမ်းဖြင့်။

အားနာသည်၊ ခန့်တည်လုပ်ခဲ့သော ဖြစ်ရပ်အတွက်။ ရှက်ရွံ့သည်၊ ခန့်တည်ကျူးလွန်ခဲ့သော အမှားအတွက်။ စိတ်မကောင်းဖြစ်သည်၊ ခန့်တည်၏အမှားထဲဆွဲသွင်းခံရသည်မှာ ခန့်တည်အား ငယ်ငယ်ကတည်းက ခင်တွယ်ခဲ့သော Jey နန္ဒ ဆိုသူ ဖြစ်နေခြင်းအတွက်။

ယနေ့မနက်ခင်းသည် အခြားနေ့များကဲ့သို့ အေးချမ်းမနေပါ။ ထိုအချိန် မေမေသည် ဆေးရုံခန်းထဲမှ ထွက်လာကာ "ခန့်တည် စကားခဏပြောမယ်" ဟုအသံပြုသည်။

"ခန့်တည် မေမေသားကို ဘယ်လိုဖြစ်လဲမမေးဘူး သားအခုကိစ္စကို ဘယ်လိုတာဝန်ယူမလဲ၊ အထူးသဖြင့် Jey၊ သူအခုထိ သတိမရလာသေးဘူး သူသတိရလာရင် နှစ်ဖက်လုံးအရှက်ရစရာတွေဖြစ်လာမှာ သားသိလား"

"မေမေ ကျွန်တော်တကယ်မမှတ်မိဘူး၊ မနေ့ညက ကျွန်တော့် good bye - party ကျွန်တော်တို့သောက်ကြတယ်၊ မေလင်းကို ကျွန်တော်လိုက်ပို့တုန်းကတောင် အဆင်ပြေနေတယ်မေမေ၊ ကျွန်တော်မမူးဘူး မနက်ဖြန် သန်ဘက်ခါ London သွားမယ့်လူက ဒီလောက်မူးရူးနေအောင် သောက်စားနေဖို့ မေမေတို့ မသင်ပေးခဲ့ဘူး ကျွန်တော် အစ်ကို Jey ကို ဘယ်နားမှာတွေ့လို့ အိပ်ယာထဲအထိ ..."

"အသံကိုလျှော့ ခန့်တည်"

မှန်သည်။ ဒေါသထွက်ကာ စကားသံအချို့သည် လိုအပ်သည်ထက်ပိုကာ ကျယ်လောင်လျက်ရှိသည်။ မေမေသည် အရှက်သိက္ခာကို သားဖြစ်သူနည်းတူ တန်ဖိုးထားသည်။ ထို့ကြောင့် ယခုကိစ္စ အစအဆုံးသည် မေမေ့အတွက် ရှက်ဖွယ်ရာပင်။

Rhyme Made Of Love (Completed)Where stories live. Discover now