[ Zawgyi & Unicode ]
Jimin's Point Of View ;
"ဖုန်းပြောတုန်းက အသံဖမ်းထားတာ ရှိသေးတယ်မလား"
ကျတော် မေးလိုက်တော့ Namjoon က
Computer တစ်လုံးနဲ့ စာရိုက်နေရင်း ခေါင်းညိမ့်ပြတယ်။"ဟုတ်ပီ .. အဲ့တာဆို .. အသံဖိုင်ကနေတစ်ဆင့်
ငါတို့ သဲလွန်စတစ်ခုခု ရှာလို့တွေ့မလား ကြည့်ရအောင်"အရင်နေ့က အသံဖမ်းထားတဲ့ Record ကို
ပြန်နားထောင်နေတဲ့ Jin က Earphone ကို
ကျတော့်ဆီ ကမ်းပေးလာတယ်။"သူ့ကို ဓားစာခံအဖြစ်ခေါ်သွားတာ ဖြစ်နိုင်တယ်၊
အဆုံးသတ်မှာ ကလေးရဲ့အသံနေအသံထားက
တစ်ခုခုကို အလျှင်လိုနေသလိုမျိုး ၊
တစ်ယောက်ယောက်က သူဖုန်းပြောနေတာကို
တွေ့သွားလို့ အထိတ်တလန့် ဖြစ်သွားသလိုမျိုးပေါ့ "Jin ရဲ့ စကားကြောင့် ကျတော် Earphone ကို
တပ်လိုက်ပြီး အသံဖိုင်ကို သေချာပြန်နားထောင်လိုက်တယ်။*ကျတော်... ကျတော်သွားရတော့မယ် ...
Bye bye ... *ကျတော် Earphone ကို ပြန်ချွတ်ရင်း
သက်ပြင်းတစ်ချက်ချလိုက်မိတယ်။"ဘာပဲဖြစ်ဖြစ် ကလေးကို ဘယ်နေရာမှာ
ဖွက်ထားကြသလဲဆိုတာ မတွေ့တွေ့အောင် ရှာမှဖြစ်မယ် "
_______SOLD_______
Taehyung's Point Of View ;
ခေါင်းအုံးတစ်လုံးကို ဖက်ရင်း အိပ်ယာပေါ်မှာလှဲနေတဲ့
ကျတော် ... ။
ကျတော် ဒီကိုရောက်လာတာ သုံးပတ်ရှိခဲ့ပြီ ... ။အခုအချိန်မှာ ကျတော့်ကို တင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားပေးမယ့် လူတစ်ယောက်လောက်
လိုချင်မိတယ် ။
အဲ့လိုသာဆိုရင် ကျတော်ကြုံနေရသမျှ မနှစ်မြို့စရာ
အခြေအနေတွေကနေ လွတ်မြောက်ပြီး
ဘေးကင်းလုံခြုံသွားသလို ခံစားရမယ် ထင်တာပဲ ။"ဟေး .. ဘာတွေတွေးနေတာလဲ .. ?"
သခင်က ကျတော့်ကိုယ်ပေါ်မှာ မှောက်ယက်လှဲရင်း
မေးလာတယ်။"ဘာမှ မတွေးပါဘူး .. ဒီတိုင်း နည်းနည်းပင်ပန်းနေလို့ .. "