Changed /2/

7.9K 899 76
                                    

[Zawgyi]

မနက်ပိုင်း စာသင်ချိန်များပြီးဆုံး၍
နေ့လည်စာ ထမင်းစားချိန်၌
ကျောင်းခေါင်မိုးထပ်ရှိ ခုံတန်းလျားလေးပေါ်တွင် Taehyung တစ်ယောက်တည်း
ထိုင်နေမိသည်။

တစ်ခါတစ်ရံ အိမ်ကနေ
ထမင်းဘူး ထည့်မပေးလိုက်သည့်
နေ့များဆိုလျှင် အပြင်ကနေ
ဈေးပေါပေါနှင့် အဆာပြေစေမည့် မုန့်လေးတစ်ထုတ်လောက်ဖြစ်ဖြစ် ကြိုဝယ်လာတတ်ပေမယ့်
ဒီနေ့ကတော့ မထင်မှတ်ဘဲဖြစ်သွားတာမို့
Taehyung လဲမတတ်နိုင် ။

အားလပ်ချိန်ကုန်သည်အထိ
တရေးတမော အိပ်စက်လိုက်ဖို့သာ စိတ်ကူးလိုက်သည်။

ကျောပိုးအိတ်ကို ခေါင်းအုံးဖို့ရာအတွက်
ခုံတန်း၏အစွန်းဘက်သို့တွန်းရင်း
လှဲအိပ်ရန်ပြင်လိုက်စဉ်

"ကလေးလေး "

ခေါ်သံကြောင့် တံခါးရှိရာဆီ လှည့်ကြည့်မိတော့
ထင်သည့်အတိုင်း
Yoongi Hyung က
စားစရာ တစ်ပွေ့တစ်ပိုက်နှင့်
အနားသို့လျှောက်လာသည် ။

ပြီးမှ ပါလာတဲ့ မုန့်ထုတ်တွေကို
ခုံတန်းပေါ်တင်လိုက်ရင်း
Taehyung ၏ ဘေးတွင် ဝင်ထိုင်သည်။

"ထမင်းဘူး မှောက်ကျသွားတယ်ဆို .. "

" ....... "

"Jungkook ဆိုတဲ့ ကောင်လေး
ကြောင့်ပဲ မဟုတ်လား "

" .. ဟုတ် .. "

"ကဲပါ .. စိတ်မကောင်းဖြစ်မနေတော့နဲ့
ကိုယ် .. ကလေးလေးကြိုက်တဲ့
မုန့်တွေအများကြီး ဝယ်လာတယ် ။
ဗိုက်ဆာနေရောပေါ့
အဆာပြေလေး စားလိုက်ဦးနော် "

"ကျေးဇူးပါ Hyung ... Tae လေ .. "

စကားမဆုံးခင် Yoongi က
Taehyung ၏ နဖူးပြင်လေးကို
နှုတ်ခမ်းဖျားတို့ဖြင့် ဖိကပ်ပြီး ခပ်ဖွဖွနမ်းလိုက်သည်။

"ကျေးဇူးတင်စရာ မလိုဘူး လို့ ကိုယ်ပြောထားတယ်မလား ...
ကျောင်းဆင်းရင် ကိုယ်လာကြိုမယ်နော်
အခုတော့ အရေးကြီး အလုပ်ကိစ္စလေး ရှိသေးလို့
ကလေးစားပြီးတဲ့အထိ မစောင့်တော့ဘူး
ဟုတ်ပြီလား .. "

" ဟုတ် ... "


__________



Yoongi Hyung ဝယ်လာပေးသော
မုန့်တွေ အကုန်လုံးက
Taehyung အကြိုက်
စတော်ဘယ်ရီအရသာ တွေချည်းမို့
"ဘယ်တစ်ခုကို အရင်စားရင်ကောင်းမလဲ"
စဉ်းစားနေခိုက်တွင်
"ဂျိန်း" ခနဲ ခပ်ကြမ်းကြမ်း တံခါးပိတ်သံကြောင့်
Taehyung အလန့်တကြား
နောက်ကိုလှည့်ကြည့်လိုက်သည်။

Vkook Short StoriesWhere stories live. Discover now