Changed [Final]

8.2K 808 13
                                    

[Zawgyi]

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့်
ထုံးစံအတိုင်း .. Taehyung ခမျာ
အနှိပ်ခန်းထဲမှထွက်ရသည်ပင်မရှိ။

အမျိုးသားသီးသန့် အနှိပ်ခန်းမို့
တော်သေးသည်ပင် ဆိုရမည်။

Taehyung ကို တွေ့ချင်ရုံသက်သက်ဖြင့်
အနှိပ်ခန်းသို့ အကြောင်းမရှိ အကြောင်းရှာပြီး ရောက်လာတတ်သူတွေကလည်း
အများသားပေမို့ ..
ကျောင်းပိတ်ရက်ဖြစ်သော
စနေနှင့်တနင်္ဂနွေနေ့များဆိုလျှင်
ဆိုင်က ပို၍ပင် လူစည်နေတတ်သည်။

နေ့လည်ပိုင်း ဆယ့်တစ်နာရီခွဲသည်အထိ
Taehyung အဖို့ မနက်စာဟူသည် ဘယ်ဆီနေမှန်း မသိရသေးသည့်တိုင်
မိထွေးဖြစ်သူက
"ခဏလောက် နားပါဦးလား"
ဟူု၍ တစ်ခွန်းမဆို။

နောက်ထပ်အသစ်ရောက်လာသည် ဟု
ထင်ရသော Customer အား
"Taehyung ကိုမေးတာလား..
ရှိတယ် ရှိတယ် ။
တန်းစီနေတဲ့ လူကအရမ်းများတော့
အခုချက်ချင်းခေါ်ချင်ရင် ဈေးပိုပေးမှ ရမယ်နော်"
ဟူသော ရယ်သံစွက်သည့်
စကားသံချိုချိုကိုသာ ကြားရ၏။

ထို့နောက်တွင်
Taehyung နှိပ်နေလက်စလူကြီးသည်
အခန်းထဲမှ ထွက်သွားပြီး
အရပ်ရှည်ရှည် အသားဖြူဖြူနှင့်
ကောင်လေးတစ်ယောက် ဝင်လာသည်ကို ...

ဟင် ... ။

"Ju-Jungkook .. ဘယ်လိုဖြစ်ပြီး ဒီကို .. "

အံ့သြတကြီး မေးခွန်းထုတ်လိုက်မိသော်ငြား
Jungkook ၏ အကြည့်စူးစူးတို့က Taehyung ၏ မျက်နှာပေါ်တွင် ရှိမနေ ။

ဇင်ယော်တောင်ငှက်မွှေးသဏ္ဍာန်
မျက်ခုံးတန်းတို့အား
ဒေါသတကြီး တွန့်ချိုးကာ ခပ်ပြင်းပြင်း
"တောက်" တစ်ချက် ခေါက်လိုက်သူက
ရဲရဲနီနေသော Taehyung ၏
ရှည်သွယ်သွယ် လက်ချောင်းလေးများကိုသာ
အကြည့်မလွှဲတမ်း ငုံ့ , ငေးကြည့်နေခြင်းဖြစ်သည်။

ပြီးနောက် ...
"ဟာကွာ .. " ဟူသော အားမလိုအားမရ
အာမေဋတ်သံတိုးတိုးကို မချင့်မရဲ ပြုရင်း
Taehyung ၏ လက်ချောင်းလေးများကို တယုတယ ဖမ်းယူဆုပ်ကိုင်သည်။

Taehyung မျက်ရည်ကျရုံသာ တတ်နိုင်တော့၏။

ထိုအခါ အလိုက်သိတတ်လွန်းသူ အနှီလူသားက
မျက်ရည်စတို့ တွဲလဲခိုနေသော
ကော့စင်းစင်း မျက်တောင်ရှည်တို့အား
နီးဆွေးသော နှုတ်ခမ်းပါးတစ်စုံဖြင့် ခပ်ဖွဖွအနမ်းပန်းခြွေရင်း
သူ၏ ရင်ခွင်နန်းအတွင်းသို့ နွေးထွေးပျူငှာစွာ ထွေးပွေ့ခေါ်ဆောင်လေသည်။


Vkook Short StoriesWhere stories live. Discover now