'ဒါနဲ့...နဲနဲတော့ဒီဇိုင်းပြောင်းမယ်ဆိုဖြစ်မလား'

'ရတယ်လေ...ဒါပေမယ့် ကုန်ကျစရိတ်ကကြီးမယ်ကွ...'

'ရပါတယ်ဗျာ...ကျွန်တော့်အမေပေးထားတာလေးတွေရှိသေးတယ်...'

အထက်တန်းပြီးကတည်းကလတိုင်းလတိုင်းရောက်ရောက်လာတတ်တဲ့ငွေတွေဆိုတာ ဂဏန်းခုနစ်လုံး၊ ရှစ်လုံးနီးနီးရှိတတ်တာမို့ ဒီချိန်ဆိုရင်အလုပ်ကိုင်ကောင်းကောင်းတစ်ခုဖန်တီးဖို့လုံလောက်ပြီ။

"ဒါဆိုလဲ...မင်း...ဒီအကြောင်းတွေအမေ့ကိုဖုန်းဆက်ပြီးဖြစ်ဖြစ်ပြောပြသင့်တယ်ထင်တယ်...
မိဘသဘောမတူရင်မကောင်းဘူး...ကောင်လေးရ...'

'ဆက်လိုက်မယ်...'

သဘောတူသလား၊ မတူဘူးလားဆိုတာ သူဂရုမစိုက်ပေမယ့် မာမီ့ကိုအသိပေးဖို့သူဆုံးဖြတ်ထားပြီးသားပါ။
လုံးဝမဆက်သွယ်ဖြစ်တာကြာနေတဲ့ဖုန်းနံပတ်လေးကိုအလိုလျောက်လက်ကနှိပ်မိတော့ ရင်ထဲမှာကတုန်ကယင်။
မခေါ်ဖြစ်တာကြာပြီဖြစ်တဲ့ မာမီဆိုတဲ့နာမ်စားလေးကို နှုတ်ဖျားကနေထွက်လာဖို့အားတော်တော်ယူလိုက်ရသည်။

'အဲဒါ...ကျွန်တော်အလုပ်တစ်ခုလုပ်ချင်လို့...'

အကြောင်းစုံကိုလိုရင်းတိုရှင်းပြောပြတော့ နွေးထွေးစွာပဲ...သူ့မာမီကလက်ခံ၏။
ရှိုက်သံတချို့ကိုဖုန်းထဲကနေကြားနေရပြီး စကားလုံးအဖျားခတ်တွေကတုန်ယင်နေတော့ သူ့မာမီငိုနေပြီဆိုတာကိုသိလိုက်သည်။
ဖုန်းချခါနီးမှ လွမ်းပါတယ်လို့ ပြောထုတ်လာတော့ ပင်လယ်'နည်းနည်းလေးဆွေးသွားမိသည်။
တကယ်ဆို.....သူနဲ့မာမီက ဒီလောက်အေးစက်စက်ဖြစ်စရာအကြောင်းမှမရှိတာ။

-----

ဒီလိုနဲ့...တည်းခိုဆောင်ကိုဆက်လုပ်ဖို့ ဦးနောင်နောင်နဲ့ပင်လယ်ကသုံးနှစ်စာစာချုပ်ချုပ်ဖြစ်သွားသည်။
စားဖိုဆောင်အတွင်းဘက်ကိုရော၊ အခန်းဖွဲ့စည်းပုံတွေကိုလည်းပြင်ဖို့ခွင့်ပြုချက်ပါရလိုက်သည်။
ဒါပေမယ့်လည်း ရွှေရုပ်ကသူ့အမေဆီကိုမပြောင်းခင်အထိတော့ဒီတိုင်းခဏအေးဆေးသက်သာနေဖို့ကြံထားသည်။

ဧည့်သည်လည်းမရှိတော့ ဘာမှလုပ်ဖို့မလိုဘဲပျင်းစရာကောင်းပေမယ့် ရွှေရုပ်လေးတို့သူငယ်ချင်းတွေသူ့ဆီခဏခဏလာတော့တော်ပါသေးသည်။
စနေတနင်္ဂနွေကျောင်းပိတ်ရက်တွေမှာရော၊ ကျောင်းပြန်ချိန်တွေရော ရွှေရုပ်သူငယ်ချင်းများလာလည်တတ်ကြတော့ အဖော်ရလို့။
ကလေးတွေကိုသူငယ်ချင်းပေါင်းပေါင်းပြီး ကျောင်းရေကူးကန်မှာအပျော်တမ်းရေကူးနည်းတွေသင်ပေးလိုက်....သူပါကလေးလုပ်လိုက်ဖြင့်...ပျင်းဖို့အချိန်သိပ်မရခဲ့ပါ။
ဒါ့အပြင် ညဘက်တိုင်းစည်း'ဆီမှဖုန်းလာတတ်တာကိုမျှော်နေရတာလည်းအလုပ်ကိုဖြစ်လို့။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now