စည်းကပြောလိုက်တာတောင်နောက်ကျနေသေးကာ...
ကြေးအိုးနောက်တပွဲကိုငရုတ်ချဉ်တွေထည့်ကာအားရပါးရစားနေတဲ့ပင်လယ်ကတော့ချွေးတပြိုက်ပြိုက်နဲ့ တရှူးရှူးတရှဲရှဲတောင်ဖြစ်နေလေပြီ။
အားပါးတရနဲ့ စိတ်ကြိုက်ဆွဲနေတဲ့အဲဒီကောင်လေးကိုပဲသူကြည့်နေခဲ့လျက်...
တပါးသူအားပါးတရအစာစားနေတာကိုကြည့်ရတာလည်း ကိုယ့်ဗိုက်ဖြည့်နေရသလိုပါပဲလား။
ပူပူလောင်လောင်ကြီးဖြစ်နေတဲ့အဲဒီဟင်းရည်တွေကိုလည်း ဘာမှမဖြစ်သလို ပန်းကန်လုံးလိုက်မော့သောက်နေသေးကာ...
နေပင်လယ်ကတကယ်မပူတဲ့ပုံစံပါ။
ပူပူလောင်လောင်ကြီးမို့ အဲဒီကြေးအိုးကိုမကြိုက်တတ်တဲ့ သူနဲ့တော့ တော်တော်လေးကိုကွာခြားနေခဲ့ဆကြာင်းတွေးရင်း...

..................

စားသောက်ပြီးတော့ ဟိုဟာလေးဒီဟာလေးဈေးထဲပတ်ကြည့်ပြီးပြန်ခဲ့ကြတာ လက်ပေါ်ကနာရီကိုကြည့်မိတော့ လေးနာရီခွဲ...အိမ်နားပြန်ရောက်နေပြီမို့စောနေသေးတာပဲ။
သူတို့စတွေ့သည့်ကမ်းပါးအကွေ့လေးမှာကားကိုခဏရပ်နားပြီးပင်လယ်ကအပြင်ထွက်၏။

"ခဏထိုင်ရအောင်ကွာ..."

ပင်လယ်ဆီကတိုက်ခတ်လာတဲ့ လေငွေ့ငွေ့တွေကငြိမ်သက်နေသလိုမျိုး နှစ်ဦးသားစကားမဆိုဖြစ်ဘဲခေတ္တငြိမ်သက်နေသည်။
ပင်လယ်ကသူ့ကိုကျောပေးပြီးလက်ရန်းတုံးပေါ်ထိုင်နေတာကို ကားပေါ်မှမဆင်းဖြစ်သောစည်းကငေးနေခဲ့၏။
သူ့ကျောပြင်လေးကိုငေးလို့ကောင်းနေတုန်း....ပင်လယ်ကသူ့ဘက်ပြန်လှည့်လာကာ မျက်ဝန်းမြူးမြူးလေးများနှင့် ထလာပြီး စည်းရဲ့ပုခုံးကိုလာပုတ်သည်။

'အဟား......စည်း....မင်းရောမှတ်မိနေတယ်မလား....
ငါတို့စတွေ့တဲ့အဲဒီနေ့ကရေထဲခုန်ဆင်းသွားတဲ့ကားလေးနဲ့...ငါနဲ့....မင်းနဲ့....ဒီနေရာမှာ..."

ပင်လယ်ကပြောတော့မှ...ဒီကမ်းပါးစွန်းလေးဟာသူနဲ့စတင်ဆုံခဲ့တဲ့အမှတ်တရနေရာလေးဖြစ်ကြောင်းစည်းကသတိရကာပြုံးမိ၏။

"အဟား...မင်းနဲ့ငါ ဆုံဖို့အကြောင်းကိုရှိခဲ့တာနော်...စည်း..."

ဟုတ်တာပေါ့...ဆုံကြတာမှ တကယ့်ဗရုတ်သုတ်ခကြီးမို့ ပြန်တွေးရင်းစည်းကအော်ရယ်မိတော့သည်။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Wo Geschichten leben. Entdecke jetzt