ကားႏွင့္အတူရထားေပၚမွစီးနင္းလိုက္ပါေနေသာသူပါေရာေယာင္ၿပီးထရပ္မိေတာ့ ဒုန္းခနဲျမည္သံႏွင့္အတူပစၥည္းတင္ရာေခါင္မိုးဆီမွစတီးတန္းႏွင့္ငယ္ထိပ္သည္မိတ္ဆက္ေလသည္။
ၾကယ္ေရာလပါျမင္သြားသည့္ေခါင္းကိုပြတ္ေနရင္း
သူ႔နံေဘးနံဘီၾကည့္မိေတာ့၊
တေယာက္ထဲေနရင္းထိုင္ရင္းရထားထဲ ထရပ္ေနသည့္သူ႔ကို
အူေၾကာင္ေၾကာင္ေကာင္ဟူေသာမ်က္ႏွာေပးမ်ားျဖင့္ဝိုင္းျကည့္ေနၾကသည့္ခရီးသည္မ်ား၏အၾကည့္မ်ားကိုေတြ႕ရ၏။

အား ရွက္လိုက္တာ '
ၿငိမ္သက္ေနတဲ့ရထားထဲမွာမွျဖစ္ရသလား၊ နႈတ္ခမ္းမ်ားအားေစ့ထားရင္းမ်က္ႏွာေလးရံႈ႕မဲ့လ်က္ခပ္တိုးတိုးညည္းညဴခဲ့မိသည္။

'ကံမေကာင္းေစတဲ့ေကာင္ေလး'

Unicode

အစ

အရင်တခေါက်ကလိုပဲပုခုံးပေါ်မှာအဝတ်အိတ်တစ်လုံးထဲဖြင့်ခရီးတစ်ခုထပ်စလေပြီ။
တူညီသည့်ဦးတည်ရာပေမယ့်စိတ်ပေါ့ပါးခြင်းကမတူပေ။
မျက်လုံးမှိတ်ထားပေမယ့်စည်း'အိပ်မနေပါ။
အာရုံထဲမှာတော့အရင်တခေါက်ကရထားပေါ်မှာသူအူကြောင်ကြောင်ဖြစ်ခဲ့ရပုံကိုပြန်သတိရလျက်....

.........
ပထမအကြိမ်ခရီးစထွက်တုန်းက....

လေးလံလာတဲ့မျက်ခွံတွေကိုစုံမှိတ်ချပစ်ရင်းဖတ်လက်စစာအုပ်ကိုပိတ်ပြီးမှေးနေလိုက်သည်။
စက္ကန့်အနည်းငယ်အကြာမှအညောင်းဆန့်ပြီးဘေးဘက်မှန်မှတဆင့်တရိပ်ရိပ်ပြေးနေသောပတ်ဝန်းကျင်ကိုငေးနေမိ၏။
ရထားလမ်းရဲ့ဘေးမှာတော့သစ်ပင်တန်းလေးခြားထားသည့်ကားလမ်းလေးရှိလေသည်။

သူငေးကြည့်နေသည့်မြင်ကွင်းထဲသို့လျင်မြန်စွာပြေးလွှားနေသောကားအဖြူလေးတစင်းရောက်ရှိလာသည်။
ကားမှန်ကိုချထားပြီးမောင်းသူမှမီးစွဲနေသည့်ဆေးလိပ်ကိုလက်တစ်ဖက်ကကိုင်ထားပြီးကားတံခါးအပြင်သို့ထုတ်ထားသည်။
ပုခုံးအောက်ဖက်အထိရှည်မည့်ဆံပင်အညိုများကကားတံခါးဖွင့်ထား၍ဟူးဟူးရားရားတိုက်နေသည့်လေနှင့်အတူပြေးလွှားကခုန်နေကြလေသည်။
ခပ်မှောင်မှောင်အပြာရောင်မျက်မှန်တပ်ထားသည့်ကားမောင်းသူထိုလူငယ်သည်တစုံတရာသီဆိုနေသလိုနှုတ်ခမ်းတလှုပ်လှုပ်နှင့်၊ သီချင်းနားထောင်နေပုံရ၏။
သူ့ပုခုံးများလည်းဘယ်ညာယိမ်းနေတာကြောင့် သီချငိးမြူးမြူးနဲ့အတူကနေသည်ဟုတွေးမိသည်။
ကားလေးကလည်းရထားနီးပါးမြန်သောအရှိန်ဟုန်ဖြင့်ပြေးနေသည့်အတွက်မိုင်ကုန်တင်မောင်းနေဟန်တူပါသည်။

ကားလမ်းလေးပေါ်တစ်စီးထဲသောထိုကားအဖြူလေးက လမ်းရဲ့အကွေ့ကောက်အတိုင်းမြင့်လာလိုက်နိမ့်သွားလိုက်နဲ့ ပြေးလွှားရာမှ ရုတ်တရက်ထိုလူငယ်သည်တစုံတခုကိုဆန်းစစ်ကြည့်ရင်းဇဝေဇဝါဖြစ်နေသလိုမျိုး၊
မောင်းနေရင်းကားကတွန့်ဆုတ်တွန့်ဆုတ်နဲ့နှေးလိုက်မြန်လိုက်ဖြစ်လာသည်။
ကားကတခုခုဖြစ်နေပြီလို့ထင်သည်။
သိပ်တော့မကြာပါ။
ထင်တဲ့အတိုင်းပဲကြည့်နေရင်းရုတ်တရက်တုန့်ကနဲထိုကားဖြူလေးကထိုးရပ်သည့်အခါ။
'ဒုန်း'
'အားလာ့...'

ကားနှင့်အတူရထားပေါ်မှစီးနင်းလိုက်ပါနေသောသူပါရောယောင်ပြီးထရပ်မိတော့ ဒုန်းခနဲမြည်သံနှင့်အတူပစ္စည်းတင်ရာခေါင်မိုးဆီမှစတီးတန်းနှင့်ငယ်ထိပ်သည်မိတ်ဆက်လေသည်။
ကြယ်ရောလပါမြင်သွားသည့်ခေါင်းကိုပွတ်နေရင်း
သူ့နံဘေးနံဘီကြည့်မိတော့၊
တယောက်ထဲနေရင်းထိုင်ရင်းရထားထဲ ထရပ်နေသည့်သူ့ကို
အူကြောင်ကြောင်ကောင်ဟူသောမျက်နှာပေးများဖြင့်ဝိုင်းကြည့်နေကြသည့်ခရီးသည်များ၏အကြည့်များကိုတွေ့ရ၏။

အား ရှက်လိုက်တာ '
ငြိမ်သက်နေတဲ့ရထားထဲမှာမှဖြစ်ရသလား၊ နှုတ်ခမ်းများအားစေ့ထားရင်းမျက်နှာလေးရှုံ့မဲ့လျက်ခပ်တိုးတိုးညည်းညူခဲ့မိသည်။

'ကံမကောင်းစေတဲ့ကောင်လေး'

ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင္ Hikayelerin yaşadığı yer. Şimdi keşfedin