Chu....Chaeng နဲ့ Lisa ကို မြင်သွားတာကြောင့်
ပါးပြင်ပေါ်က မျက်ရည်တွေကို
အလျှင်အမြန်သုတ်ရင်း အားတင်းကာ
ပြုံးပြပြီး ထဖို့ ပြင်လိုက်သည်။


JiSoo unnie ရဲ့ အပြုံးကြောင့်
နှစ်ယောက်စလုံး ပိုပြီးစိတ်မကောင်း ဖြစ်မိသွားသည်။
ဒီလောက် နာကျင်ပြီး ငိုနေရလဲ
ဘယ်တော့မှ အပြုံးမပျက်တဲ့ Jisoo unnie.....
Unnie ရဲ့ ဒူးခေါင်းပေါ်က ဒဏ်ရာက
လှုပ်ရှားမှုကြောင့် သွေးစအချို့က
စိမ့်ထွက်လာနေလေသည်။
နှစ်ယောက်သား unnie ကို
အတူတူ ကူတွဲလိုက်ပြီးနောက်

"Chaeng နဲ့ Lisa ဘယ်ကတည်းက ရောက်နေတာလဲ
တိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူးထင်တယ်...
အကုန်မြင်သွားလား"

"အင်း....Jung Oppa နဲ့ ရော အခု ဟာရောပဲ
ထားပါ ...ပြောမနေနဲ့တော့
အရင်ဆုံး ဆေးရုံကို သွားရအောင်
Unnie ရဲ့ ဒဏ်ရာက ဆေးထည့်ရုံနဲ့
မရလောက်ဘူးထင်တာပဲ
မနေ့က တော်တော် အရှိန်များသွားတယ်ထင်တယ်
ဆေးရုံသွားရအောင်နော်
Lisa ya နင်ပဲ ကားမောင်းလိုက်တော့"

"Kadae....လာ....unnie....
ဖြည်းဖြည်းလျှောက် ...."

"Miyannae....ငါရဲ့ အားနည်းပျော့ညံ့တဲ့
ပုံရိပ်ကို နင်တို့ကိုမမြင်စေချင်ပေမဲ့
အခုလို...."

"Unnie...သူစိမ်းတွေမှမဟုတ်တာကို....
Lisa ya....ဒီမှာ ကားသော့
ငါ အနောက်မှာပဲ Unnie နဲ့ ထိုင်လိုက်မယ်"

"Imm..."

.
.
.
အရမ်းကို weakness ဖြစ်နေတဲ့
ကောင်မလေးတစ်ယောက်ကို
ခက်ထန်မာကျောတဲ့မျက်နှာပေးနဲ့
ကောင်မလေးနှစ်ယောက်က
ကားပေါ်သို့ ခေါ်သွားခဲ့ကြလေတော့သည်။
ပုံမှန်ဆိုရင် ထိုကောင်မလေးသုံးယောက်မှာ
သိပ်ကိုလှပတဲ့ အပြုံးကိုယ်စီရှိကြပေမဲ့
ဒီနေ့မှာတော့...ထိုအပြုံးတွေကို
ဆင်မြန်းထားနိုင်ခြင်းမရှိခဲ့ကြပေ။.....

Chaeng....unnie နဲ့အတူ ကားအနောက်ခန်းမှာ
အတူဝင်ထိုင်ရင်း unnie ရဲ့ ပါးပြင်ပေါ်ကမျက်ရည်တွေကို
သုတ်ပေးဖို့ပြင်တော့....

"Unnie....နှုတ်ခမ်းမှာ သွေးတွေနည်းနည်းထွက်နေတယ်
မဟုတ်မှ Jennie နဲ့ ရန်ဖြစ်ပြီး
ကိုယ်ထိလက်ရောက်တွေ
Kim Jennie. ..မဟုတ်မှ သူလက်ပါတာလား"

Hope Not (Completed)Where stories live. Discover now