ချစ်သောနှင်းဆီ ( 10.2 )

2.2K 122 3
                                    

ချစ်သောနှင်းဆီ ( 10.2 )

ဆယ်ကျော်သက်လေးသည် ရုပ်ထုရှေ့မှောက်တွင် အချိန်အတန်ကြာအောင် ဝတ်ပြုဆုတောင်းနေပြီး အလင်းနတ်ဘုရားလည်း သူ့ကို မှော်ကြည့်မှန်ကနေတဆင့် စူးစိုက်၍ငေးကြည့်နေတာ အချိန်အတန်ကြာနေပြီ။ မွှေးပြီးချိုအီသောအနံ့ရှိသည့် ရွှေရောင်ဝိုင်ထည့်ထားသော သူ့လက်ထဲကဖန်ခွက်ကို လှုပ်ခါလိုက်သည်။ ခါတိုင်းဆိုလျှင် ဝိုင်ကို ဖြည်းဖြည်းချင်းစုပ်သောက်ပြီး အရသာခံဖို့ အဲအနံ့က သူ့ကို ဆွဲဆောင်နိုင်ပေမယ့် ဒီနေ့တော့ သူ ဝိုင်အပေါ် စိတ်မဝင်စားနိုင်ပေ။

ကောင်လေးရဲ့ပန်းရောင် နှုတ်ခမ်းပါးကနေ ထွက်ကျလာတဲ့ ချစ်စဖွယ်စကားတွေက ဝိုင်အားလုံးထက် ပိုအရသာရှိနေသည်။ တခြားလက်တစ်ဖက်ကို ပါးပေါ်ထောက်ကာ မပွင့်တပွင့်မျက်ခွံများဖြင့် သူ့ပုံစံက ယစ်မူးနေဟန်ပေါ်နေသည်။

နောက်ဆုံးတော့ ကောင်လေး၏တစ်နေ့တာ ဝတ်ပြုဆုတောင်းခြင်း ပြီးဆုံးသွားသည်။ အပြာရောင်မျက်လုံးများ ပွင့်လာပြီး ရုပ်ထုဆီ တဖြည်းဖြည်းလျှောက်သွားကာ အနည်းငယ်မျက်မှောင်ကြုပ်ပြီးနောက် ဖခင်၏ခြေထောက်ကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ အဲနေရာတွင် အချိန်အတန်ကြာတဲ့အထိ မှီနေပြီးမှ စိတ်မပါစွာ ထလိုက်သည်။ မျက်ရည်များ စွန်းထင်းနေသည့် သူ့မျက်တောင်တွင် မျက်ရည်များ ပိုမိုဖွဲ့တည်လာပြီး တဆတ်ဆတ်တုန်နေပုံက သနားစရာကောင်းသလို ချစ်စရာလည်း ကောင်းလှသည်။

အလင်းနတ်ဘုရားသည် ဖန်ခွက်ကို ချလိုက်ကာ မျက်လုံးအိမ်က နက်ရှိုင်းလာပြီး အာရုံစူးစိုက်လိုက်သည်။ လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ကောင်လေးရဲ့မျက်ခုံးကြားအမှတ်ဆီ ညင်သာစွာ ညွှန်ပြရင်း သန့်စင်ပြီး ထုထည်ကြီးမားကာ ပြောင်လက်တောက်ပနေသည့် ရွှေရောင်အလင်းတန်း မှော်ကြည့်မှန်ကို ဖြတ်သန်းကာ ကောင်လေးရဲ့ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။

ကျူးယွင်ရှန့်သည် ဖခင်၏ခြေထောက်ကို နမ်းပြီး ထထွက်သွားရန် ပြင်ဆင်နေစဉ် စွမ်းအားလှိုင်းလုံးကြီး နဖူးကနေ တကိုယ်လုံးပျံ့နှံ့သွားသည်ကို ခံစားလိုက်ရပြီး နွေးထွေးကာ သက်တောင့်သက်သာရှိလှသောကြောင့် ညည်းညူလုနီးပါးဖြစ်သွားသည်။

ခ်စ္ေသာနွင္းဆီ / ချစ်သောနှင်းဆီ ( ဗီလိန္မာယာ Arc 10 )Where stories live. Discover now