| |I | |
6.1K 1.3K 98
တမင်တကာကို  ခြေလှမ်းတွေ  နောက်ပြန်ဆုတ်နေမိ
တယ် ။ ကျွန်တော်မပါဘဲ လျှာက်လှမ်းနေတဲ့  သူ့ရဲ့
နောက်ကျောပြင်ကို ငေးမောရင်း  မျက်ရည်တွေက ကျ
ရင်း  ကျွန်တော့်လက်ထဲက ထီးငယ်လေးကို တင်းတင်း
ဆုပ်ထားမိတယ်  ။ အုံ့မှိုင်းလာတဲ့  မိုးကောင်ကင်က
လေတချက်အဝှေ့ မှာ မိုးစက်တွေ သည်းထန်လာတယ်၊
ရုတ်တရတ်ကြီး မိုးရေစက်တွေကြားကနေ လှည့်ကြည့်
လာတဲ့  သူ့ရဲ့အပြုံးတပွင့်ကို ကျွန်တော် မြင်လိုက်တယ်။
မဆိုင်းမတွဘဲ  နောက်ဆုတ်နေမိတဲ့  ခြေလှမ်းတွေက
ရှေ့ကို ပြန်တိုးဖို့ပြင်ဆင်တော့တယ် ။ အဲ့ဒီအချိန်ထဲက
ကျွန်တော်   သိလိုက်ရတယ်  ။ ကျွန်တော် သူ့ကို မေ့မ
ထားနိုင်ဘူးဆိုတာကိုပေါ့  ။
-------
တတီတီ မြည်လာတဲ့  ဖုန်းသံကြောင့်  ကျွန်တော့် မျက်
လုံးတွေကို  မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လိုက်တော့  အခန်းထဲ
ကို  မနက်ခင်းအလင်းရောင်က တော်တော်လေး  ဝင်
ရောက်နေပြီ ။ မက်မိတဲ့  အိမ်မက်ကို ပြတ်ပြတ်သား
သား  မှတ်မိနေတော့  ကျွန်တော် တချက်ရယ်မိတယ် ။
သူ့အပြုံးတချက်မှာတင်  နောက်ဆုတ်နေတဲ့ ခြေလှမ်း
တွေက ရှေ့ကို  ဆက်တိုးသွားသတဲ့ ။  အိမ်မက်ထဲမှာ
တောင်  ကျွန်တော်က အရှုံးသမားပဲ ။
နှစ်ကြိမ်မြောက် ဖုန်းသံကြောင့်  အိပ်ယာပေါ်ကနေ လူး
လဲထထိုင်ပြီး  ဖုန်းကို  ယူကြည့်လိုက်တော့ တက္ကသိုလ်
တုန်းက အတန်းလစ်ပေါ် သူငယ်ချင်းအကောင်ပဲ ။ ဖုန်း
ကိုင်လိုက်တာနဲ့ တဖက်က အသံက နားထဲ စူးခနဲ ဝင်
လာတယ်  ။
"ဟေ့ကောင် အသက်မှရှိသေးရဲ့လား  နည်းနည်းပါးပါး
သတိတရရှိပေးဦးမှပေါ့ကွ  ဟမ်  "
တဖက်က ဂျွန်လေးရဲ့အသံကြောင့် ဘတ်ဟျွန်း ရယ်
မောရင်း စားပွဲတင်နာရီလေးကို လှမ်းကြည့်လိုက်တော့
အချိန်က ကိုးနာရီတောင် ထိုးတော့မယ် ။
" လာခဲ့ပါ့မယ်ကွာ  ဒီနေ့လည် ၂ခွဲ လူအစုံမလား နား
ညီးအောင်  စကားကို ပြောနေတာ "
Sweet Memories With HimWhere stories live. Discover now